Good News : တရုတ်စူပါလိဂ် မကြာခင် ပြန်လည် စတင်နိုင်တော့မည်

ကိုရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပွားရာ တရုတ် နိုင်ငံမှာ ရောဂါ သက်သာ ပျောက်ကင်းသူ အရေ အတွက် တဖြည်းဖြည်း များပြား လာခဲ့ ပါပြီ ။ ဒါကြောင့် လာမယ့် ဧပြီ ထဲ မှာ တစ်နိုင်ငံလုံး နီးပါး ရောဂါ လက္ခဏာ တွေ့ ရှိသူ ကင်းစင်သွား မယ်လို့ ယူဆ ထားကြပါတယ် ။

ဒါကြောင့် ရပ်နား ထားခဲ့ရတဲ့ တရုတ် စူပါလိဂ် ကို ဧပြီလ ၁၈ ရက်နေ့ မှာ ပြန်လည် စတင်ဖို့ အတွက် စိတ်ကူး နေကြပြီလို့ သတင်း ကြားသိရ ပါတယ် ။ စူပါ လိဂ် ဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မှာ စတင် ခဲ့ပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် စတင် ဖြစ်ပေါ်လာမှု ကြောင့် ချက်ချင်း ဆိုသလို ရပ်နားခဲ့ရ ပါတယ် ။

 

အခု အချိန် မှာတော့ လိဂ် ကို ပြန်လည် စတင် နိုင်မယ့် အရိပ် အယောင်ကောင်းတွေ ပေါ်ထွက် လာခဲ့ ပါပြီ ။ ရောဂါ ဖြစ်ပွား နေစဉ် အတွင်း တရုတ် နိုင်ငံ ရဲ့ ပြည်ပ ကို ထွက်ခွာ ခဲ့ကြတဲ့ အသင်း နဲ့ ကစား သမားတွေ ကတော့ ပြန်လည် ဝင်ရောက်လာ ချိန် မှာ ၁၄ ရက် သီးသန့် ခွဲထားပြီး စောင့်ကြည့် ခံရဦးမှာ ဖြစ်တယ်လို့ ကြားသိရ ပါတယ် ။

တရုတ် စူပါလိဂ် ပြန်လည် စတင် ဖြစ်ပြီ ဆိုရင်တော့ အခြား လိဂ်တွေ လည်း မကြာခင် ပြန်လည် စတင် လာနိုင် ဖွယ် ရှိပါတယ် ။

ကြောက်မက်ဖွယ် ရောဂါ ကပ်ဘေးကြီး ရန် ကနေ အမြန်ဆုံး လွတ်မြောက် နိုင်ကြပါစေ . . . . .

SPORTS MYANMAR