ဘရူနို ဖာနန်ဒက်စ် နဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရဖူးတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားများ

မန်ချက်စတာ ယူနိုက်တက် အတွက် တော့ ဘရူနို ဖာနန်ဒက်စ် ဟာ မှန်ကန် တဲ့ ငွေကြေး သုံးစွဲမှု တစ်ခု ဖြစ်စေခဲ့ ပါတယ် ။ ဇန်နဝါရီ အပြောင်း အရွှေ့ ပိတ် ခါနီး မှ ခေါ်ယူ ခဲ့တဲ့ ပေါ်တူဂီသား ဟာ အိုးထရက် ဖိုဒ့် မှာ အသင်းဖော်သစ် တွေ နဲ့ အလျှင် အမြန် အထိုင်ကျ ခဲ့ပြီး အဆင်ပြေခဲ့ ပါတယ် ။ ဖေဖော်ဝါရီ လ ထဲ မှာ ဖာနန်ဒက်စ် ဟာ ယူနိုက်တက် အတွက် ဂိုးတွေ သွင်းပြီး ဂိုးတွေ ဖန်တီးပေး နိုင်ခဲ့ တာကြောင့် ထိုက်တန်တဲ့ ဆုတွေ ကို ပြန်လည် ရရှိခဲ့ ပါတယ် ။

ဖာနန်ဒက်စ် ဟာ ယမန်နေ့ က ပရီးမီးယားလိဂ် ရဲ့ ဖေဖော်ဝါရီလ အတွက် တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို ရရှိခဲ့ ပါတယ် ။ ဒီ ဆု မတိုင်ခင် မှာ PFA နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ဖေဖော်ဝါရီလ အတွက် တစ်လတာ အကောင်းဆုံး ကစား သမား ဆုတွေ ကို ရရှိ ထားခဲ့ပြီး ဖြစ်တာကြောင့် ယူနိုက်တက် ကို ရောက် အပြီး ၁ လ အကြာမှာ တင် ၃ ဆုရှင် ဖာနန်ဒက်စ် ဖြစ်သွားခဲ့ရ ပါတယ် ။

ဖာနန်ဒက်စ် ရဲ့ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစား သမား ဆု ရရှိမှု ဟာ ဖာဂူဆန် အနားယူပြီး နောက်ပိုင်း 7 နှစ် အတွင်းမှာ ယူနိုက်တက် က ရယူ နိုင်ခဲ့တဲ့ စတုတ္ထ မြောက် ဆုလည်း ဖြစ်ခဲ့ ပါတယ် ။ သူတို့ ကတော့ မာရှယ် ၊ ဇလာတန် နဲ့ ရက်ဖိုဒ့် တို့ ပါပဲ ။

ဖာဂူဆန် ခေတ် တုန်းက တော့ ယူနိုက်တက် ကစား သမားတွေ ဟာ ဒီဆုတွေ နဲ့ ရင်းနှီး ခဲ့ ပေမယ့် ဂန္ထဝင် နည်းပြကြီး နားသွားပြီး နောက်ပိုင်း မှာတော့ ဆု ရရှိမှု အလွန် နည်းပါးလာခဲ့ ပါတယ် ။ ဖာနန်ဒက်စ် အပါ အဝင် မန်ချက်စတာ ယူနိုက်တက် ကစား သမား ၂၀ ဟာ ပရီးမီးယားလိဂ် ခေတ် မှာ တစ်လတာ အကောင်းဆုံး ကစား သမား ဆု ကို အကြိမ်ပေါင်း ၃၆ ကြိမ် ရယူထား နိုင်ခဲ့ ပါတယ် ။

သူတို့တွေ ကတော့ –

၁ ကြိမ် ရဖူးသူများ
ဘရူနို ဖာနန်ဒက်စ် ( ၂၀၂၀ ဖေဖော်ဝါရီ ) ၊ ရက်ဖိုဒ့် ( ၂၀၁၉ ဇန်နဝါရီ ) ၊ ဇလာတန် အီဘရာဟီမိုဗစ် ( ၂၀၁၆ ဒီဇင်ဘာ ) ၊ မာရှယ် ( ၂၀၁၅ စက်တင်ဘာ ) ၊ ဒီမီတာ ဘာဘာတော့ဗ် ( ၂၀၁၁ ဇန်နဝါရီ ) ၊ နီမန်ဂျာ ဗီဒစ် ( ၂၀၀၉ ဇန်နဝါရီ ) ၊ ဗီရွန် ( ၂၀၀၁ စက်တင်ဘာ ) ၊ တက်ဒီ ရှရင်ဂမ် ( ၂၀၀၀ ခုနှစ် အောက်တိုဘာ ) ၊ အန်ဒီကိုး ( 1997 နိုဝင်ဘာ ) ၊ ဒေးဗစ် ဘက်ခမ်း ( ၁၉၉၆ သြဂုတ် ) ၊ အဲရစ် ကန်တိုနာ ( ၁၉၉၆ မတ်လ ) ၊ ပေါလ် အင့်စ် ( ၁၉၉၄ အောက်တိုဘာ )

၂ ကြိမ် ရဖူးသူများ
ရိုင်ယန်ဂစ် ( ၂၀၀၆ သြဂုတ် ၊ 2007 ဖေဖော်ဝါရီ ) ၊ ဒွိုက်ယော့ချ် ( ၁၉၉၉ ဇန်နဝါရီ ၊ ၂၀၀၀ ခုနှစ် မတ်လ ) ၊ ရွိုင်ကင်း ( ၁၉၉၈ အောက်တိုဘာ ၊ ၁၉၉၉ ဒီဇင်ဘာ ) ၊ ရော်ဘင် ဗန်ပါစီ ( ၂၀၁၂ ဒီဇင်ဘာ ၊ ၂၀၁၃ ဧပြီ )

MANCHESTER, ENGLAND – MARCH 17: Ryan Giggs and Sir Alex Ferguson of Manchester United are presented with their Player of the Month and Manager of the Month awards for February 2007 by a representative of Barclays ahead of the Barclays Premiership match between Manchester United and Bolton Wanderers at Old Trafford on March 17 2007 in Manchester, England. (Photo by John Peters/Manchester United via Getty Images)

၃ ကြိမ် ရဖူးသူများ
ရုဒ် ဗန် နစ္စတယ်ရွိုင်း ( ၂၀၀၁ ဒီဇင်ဘာ ၊ ၂၀၀၂ ဖေဖော်ဝါရီ ၊ ၂၀၀၃ ဧပြီ )

၄ ကြိမ် ရဖူးသူများ
ခရစ္စတီယာနို ရိုနယ်ဒို ( ၂၀၀၆ နိုဝင်ဘာ ၊ ၂၀၀၆ ဒီဇင်ဘာ ၊ ၂၀၀၈ ဇန်နဝါရီ ၊ ၂၀၀၈ မတ်လ ) ၊ ပေါလ် စခိုး ( ၂၀၀၃ ဇန်နဝါရီ ၊ ၂၀၀၃ ဒီဇင်ဘာ ၊ ၂၀၀၆ အောက်တိုဘာ ၊ ၂၀၁၀ သြဂုတ် )

၅ ကြိမ် ရဖူးသူများ
ဝိန်းရွန်းနီ ( ၂၀၀၅ ဖေဖော်ဝါရီ ၊ ၂၀၀၅ ဒီဇင်ဘာ ၊ ၂၀၀၆ မတ်လ ၊ 2007 အောက်တိုဘာ ၊ ၂၀၁၀ ဇန်နဝါရီ )

SPORTS MYANMAR