Good News : အိုလံပစ်ပြိုင်ပွဲကို ကျင်းပဖြစ်အောင် ကြိုးစားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပြောဆို

ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ခြိမ်းခြောက်မှု ရှိနေ ပေမယ့် ဂျပန် နိုင်ငံ ကတော့ လာမယ့် ဇွန်လ ထဲ မှာ ကျင်းပဖို့ ပြုလုပ် ထားတဲ့ ၂၀၂၀ အိုလံပစ် ပြိုင်ပွဲ ကို မူလ အစီအစဉ် အတိုင်း ကျင်းပ နိုင်ဖို့ လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇို အာဘေး က ပြောဆို သွားခဲ့ ပါတယ် ။

ဂျပန် နိုင်ငံ အတွင်း မှာ လူပေါင်း ၁၅၀၀ နီးပါး ရောဂါ ကူးစက် နေပေမယ့် အချိန် မီ ပျောက်ကင်းအောင် ကုသ နိုင်မယ်လို့ ယုံကြည် ထားကာ တိုကျို အိုလံပစ် ကို သတ်မှတ် ထားတဲ့ အချိန် မှာ ကျင်းပနိုင်မယ် လို့ ယုံကြည် ထားကြောင်း ရှင်ဇိုအာဘေး က ပြောဆို သွားခဲ့ ပါတယ် ။

“ရောဂါ ရဲ့ ကူးစက်မှု ကို ကျွန်တော်တို့ ကာကွယ် နိုင်ဖို့ ပြင်ဆင် ထားမှာပါ ။ ပြီးတော့ အိုလံပစ် ကို ဘာပြဿနာ မှ မရှိဘဲ မူလ စီစဉ် ထားတဲ့ အတိုင်း စတင် သွားမှာပါ ။ ရွှေ့ဆိုင်း ပြောင်းလဲတာမျိုးတွေ ရှိမှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးချုပ် ရှင်ဇိုဘာအေ က ပြောဆို သွားခဲ့ ပါတယ် ။

တိုကျို အိုလံပစ် ကို ဇူလိုင်လ ၂၄ ရက်နေ့ ကနေ သြဂုတ်လ ၉ ရက်နေ့ အထိ ကျင်းပ သွားဖို့ ရည်ရွယ် ထားတယ် လို့ သိရ ပါတယ် ။

SPORTS MYANMAR