ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် ဘောလုံး ပွဲတွေ ၊ အလုပ် ကိစ္စတွေ ရပ်နား ထားရ ပေမယ့် ရီယို ဖာဒီနန် ရဲ့ သုံးသပ် တင်ဆက်မှု တွေ ကတော့ မရပ်နား ခဲ့ ပါတယ် ။ အသင်း ဟောင်း မန်ချက်စတာ ယူနိုက်တက် က ကစား သမားတွေ ကို လက်ရှိ ပရီးမီးယားလိဂ် မှာ အကောင်းဆုံး ဖြစ်နေတဲ့ လီဗာပူး အသင်းက ကစား သမားတွေ နဲ့ နှိုင်းယှဉ် သုံးသပ် နေခဲ့ ပါတယ် ။ အထူး သဖြင့် သူ ကျဉ်လည် ခဲ့ရာ နောက်တန်း ခံစစ် အပိုင်း မှာပါ ။

ဖာဒီနန် ဟာ လီဗာပူး ခံစစ် ကျောက်ဆောင် ဗန်ဒိုက် ကို ၂၀၀၈ ခုနှစ်များက သူ နဲ့ တွဲ ကစားခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ခံစစ်မှုး တစ်ဦး အဖြစ် သတ်မှတ် ခံခဲ့ ရတဲ့ အသင်းဖော် နီမန်ဂျာ ဗီဒစ် နဲ့ နှိုင်းယှဉ် ပြောဆို ခဲ့သလို ယူနိုက်တက် ညာ နောက်ခံလူ ဘစ်ဆာကာ ကိုလည်း လီဗာပူး နောက်ခံလူ အာနိုး နဲ့ နှိုင်းယှဉ် ပြောဆိုခဲ့ ပါတယ် ။

အခု နောက်ဆုံး ဖာဒီနန် ရဲ့ သုံးသပ်ခံ ရသူတွေ ကတော့ ဘယ် နောက်ခံလူတွေ ဖြစ်တဲ့ အန်ဒီ ရောဘတ်ဆန် နဲ့ ပက်ထရစ် အီဗရာ တို့ပဲ ဖြစ်ကြ ပါတယ် ။ ဒီနေရာ မှာတော့ ဖာဒီနန် က အန်ဒီ ရောဘတ်ဆန် ဟာ ထိပ်တန်း အဆင့် နောက်ခံလူ တစ်ယောက် ဖြစ်တယ်လို့ ချီးကျုး ခဲ့ ပေမယ့် ရောင်းရင်းဟောင်း အီဗရာ က ပိုကောင်းသူ ဖြစ်ပါတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

အန်ဒီ ရောဘတ်ဆန် ဟာ ယာဂင် ကလော့ ရဲ့ လီဗာပူး အသင်းမှာ အားကိုး ရတဲ့ ဘယ် နောက်ခံလူ အဖြစ် ပင်တိုင် ပွဲထွက်ခွင့် ရရှိ နေပါတယ် ။ ရောဘတ်ဆန် ဟာ ခံစစ်ပိုင်း မှာရော တိုက်စစ်ပိုင်း မှာပါ အားကိုးလို့ ရနိုင်သူ ဖြစ်ပြီး ချန်ပီယံလိဂ် ဖလား ကိုလည်း ရယူပိုင်ဆိုင် ထားခဲ့ ပါတယ် ။

အီဗရာ ကလည်း ရောဘတ်ဆန် လို ချန်ပီယံလိဂ် ဖလား ကို ၂၀၀၈ ခုနှစ် က ရထားခဲ့ဖူး သလို ပရီးမီးယားလိဂ် ဖလား ၅ ကြိမ် ရရှိ ခဲ့ဖူးတာ က ရောဘတ်ဆန် အပေါ် အသာစီး ရရှိ စေခဲ့ ပါတယ် ။ ဖာဒီနန် ကတော့ သူ့ရဲ့ Twitter Q&A အစီ အစဉ် မှာ ဘာကြောင့် အီဗရာ ကို ရောဘတ်ဆန် ထက် ပိုကောင်းတယ်လို့ ထင်မြင် ကြောင်း ကို ဖြေကြား ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် အီဗရာ ကို ရွေးမှာပါ ။ သူက ပိုကောင်း ပါတယ် ။ ရောဘတ်ဆန် ကလည်း ထိပ်တန်း ကစား သမား တစ်ယောက်ပါ ။ ဒါပေမယ့် ပက်ထရစ် က ပိုမြန်တယ် ၊ ပိုသန် ပါတယ် ။ ဂိုး ဧရိယာထဲ မှာ ဆိုရင်လည်း ပက်ထရစ် က ခံစစ်ပိုင်းရော တိုက်စစ်လိုက်ပြီး ဂိုးသွင်းမှု အပိုင်းမှာပါ သာလွန် ပါတယ်”

“ပက်ထရစ် က ရောဘတ်ဆန် လောက် ဖန်တီးမှု လုပ် မထားပါဘူး ။ ဒါပေမယ့် ဂိုးတော့ ပိုသွင်းထား ပါတယ် ။ တစ်ယောက်ချင်း ထိန်းတဲ့ အခါမျိုးမှာလည်း ပက်ထရစ် က ပိုသာ ပါတယ် ။ ရောဘတ်ဆန် က တော့ ပြိုင်ဘက် ကစား သမားတွေ ကို ဆွဲထုတ် တဲ့ နေရာမှာ ထိပ်တန်း ကစား သမား တစ်ဦးပါ” လို့ ဖာဒီနန် က ပြောဆို သွားခဲ့ ပါတယ် ။

ဖာဒီနန် နဲ့ အီဗရာ တို့ ဟာ ၂၀၀၆ ခုနှစ် က စပြီး ၂၀၁၄ ခုနှစ် အထိ မန်ချက်စတာ ယူနိုက်တက် နည်းပြ ၂ ယောက် လက်အောက်မှာ အတူ ကစားခဲ့ကြ ဖူးပါတယ် ။ အီဗရာ ဟာ အိုးထရက်ဖိုဒ့် ကလပ် အတွက် ပွဲပေါင်း ၃၈၀ ကစားပေး ထားခဲ့ပြီး ဖြစ်ကာ အန်ဒီ ရောဘတ်ဆန် က တော့ လီဗာပူး အတွက် ပွဲပေါင်း ၁၂၀ သာ ကစားထားရ ပါသေးတယ် ။

တကယ်လို့ ရောဘတ်ဆန် သာ အီဗရာ လို ပွဲ ၄၀၀ နီးပါး ကစားပြီးချိန် မှာ ဆိုရင်တော့ ဘယ်သူက ဆုဖလား နဲ့ စွမ်းဆောင်ရည် ပိုသာ မလဲ ဆိုတာ စောင့်ကြည့် ရမှာပဲ ဖြစ်ပါတယ် . . .

SPORTS MYANMAR