Lockdown ကာလအတွင်း သူပြန်ကြည့်ဖြစ်ခဲ့တဲ့ တစ်ခုတည်းသော ဘောလုံးပွဲကို ထုတ်ဖော်လိုက်တဲ့ ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် lockdown လုပ်နေတဲ့ ကာလအတွင်း သူဟာ ဘောလုံးပွဲ တစ်ပွဲသာ ပြန်ကြည့် ဖြစ်ခဲ့တယ်လို့ ဖွင့်ဟ လိုက်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိ အချိန်မှာ ရပ်နားထား ခဲ့ပြီး ဗန်ဒိုက်ရဲ့ လီဗာပူး အသင်းဟာ အမှတ်ပေးဇယားထိပ်မှာ ၂၅ မှတ် အသာနဲ့ ဦးဆောင် နေကာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရန် နောက်ထပ် ၆ မှတ်သာ လိုပါတော့တယ်။

ဗန်ဒိုက်က “ရှင်းရှင်း ပြောရရင် ကျွန်တော် ဘောလုံးပွဲတွေ သိပ်အများကြီး မကြည့်ပါဘူး။ အထူးသဖြင့် ကျွန်တော် ဒီရာသီ ပွဲစဉ် တွေကို ကျွန်တော် တစ်ပွဲမှ ပြန်မကြည့် ဖြစ်ခဲ့ပါဘူး။ ဒါ ရိုးရိုးသားသား ပြောတာပါ။ ဘာကြောင့်လဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒီလို ပါပဲ။

ကျွန်တော် ဟော်လန်မှာ ကစား ခဲ့တုန်းက ကစားသမား ဘဝရဲ့ အစောပိုင်း ပွဲစဉ်တွေ ထဲက တစ်ပွဲတည်း ကိုသာ တီဗီ ကနေ လာတာကို ကြည့်ဖြစ် ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် ညာနောက်ခံလူ အဖြစ် ကစား ခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျွန်တော် လုပ်ခဲ့တဲ့ အရာတွေကို ယုံတောင် မယုံနိုင်ပါဘူး။ ကျွန်တော် အဲဒီပွဲကို ပြန်ကြည့် ဖြစ်ခဲ့ ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန်က ကျွန်တော် အသက် ၁၈ ၁၉ လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော် အဲဒီပွဲကို တစ်ကြိမ်မှ ပြန်မကြည့် ဖူးခဲ့လို့ပါ။

အဲဒီပွဲက တီဗီမှာ ပြခဲ့တာပါ။ ကျွန်တော် ပြန်ကြည့် ခဲ့ပါတယ်။ ကျွန်တော် ဘောလုံး ပွဲတွေ ကြည့်ရတာကို လွမ်းနေ ပါတယ်။ ဘောလုံး ကစားရတာကိုတော့ ပိုလွမ်းတာပေါ့ဗျာ။ ဒါပေမယ့် အခုချိန်ဟာ ဒါကို လုပ်ဖို့ ခက်ခဲ နေတဲ့ အချိန်ပါ။ ကျွန်တော် ဒီရာသီ လီဗာပူး ရဲ့ ပွဲတစ်ပွဲကိုမှ မကြည့် ဖြစ်ခဲ့ပါဘူး။ ဆိုရှယ်မီဒီယာတွေမှာ ဒီပွဲတွေကို ပြန်ပြတယ်။ ဟိုက်လိုက်တွေလည်း ပြန်ပြ နေတာကို ကျွန်တော် တွေ့ပါတယ်။ ဒါတွေ ပြန်မြင်ရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒါကလွဲပြီး အခြား ဘယ်အရာမှ မကောင်း သေးပါဘူး။” လို့ ဆိုသွား ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိ ကမ္ဘာပေါ်မှာ ကူးစက် ပျံ့ပွားမှု မြင့်မားနေဆဲ ဖြစ်ပြီး လူပေါင်းများစွာ ကူးစက် ခံထားရကာ လူ ၃သောင်းကျော် သေဆုံး ခဲ့ပြီး ဖြစ်ပါတယ်။

SPORTS MYANMAR