ထိုးသတ်ပွဲ ပျက်သွားချိန်မှာ လိုင်းပေါ်တက်ပြီး ရန်ဖြစ်နေကြတဲ့ ခါဘစ် ၊ ဖာဂူဆန် နဲ့ ကော်နာမက်ဂရီပေါ်

UFC ပရိသတ်တွေ မျှော်လင့် စောင့်စား နေခဲ့ ကြတဲ့ ခါဘစ် နူမာဂိုမီဒေါ့ နဲ့ တိုနီ ဖာဂူဆန် တို့ ရဲ့ ထိုးသတ် ပွဲ ကတော့ စတင် ဖို့ ရက် ၂၀ တောင် မလိုတော့ တဲ့ အချိန် မှာ ပျက်ပြယ် နောက်ဆုတ် သွားခဲ့ ရပြီ ဖြစ် ပါတယ် ။ ဧပြီ ၁၈ ရက်နေ့ မှာ ထိုးသတ် ဖို့ စီစဉ် ထားတဲ့ UFC 249 ဟာ ရုရှ ဖိုက်တာ ခါဘစ် ရဲ့ ခရီး သွားလာမှု ခက်ခဲခြင်း ကြောင့် ရွှေ့ဆိုင်း လိုက်ရ တယ်လို့ ဧပြီ ၁ ရက်နေ့ ည ပိုင်းမှာ ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။

ဒီ ပျက်ပြယ်မှု ဟာ ခါဘစ် နဲ့ တိုနီ ဖာဂူဆန် တို့ အတွက် ပထမဆုံး အကြိမ် မဟုတ်တော့ဘဲ သူတို့ ၂ ဦး ထိုးသတ် ဖို့ စီစဉ် လိုက် ၊ ပွဲပျက် လိုက် ဖြစ်လာတာ ဟာ ၆ ကြိမ် အထိ ရှိ လာခဲ့ပြီ ဖြစ် ပါတယ် ။ တိုနီ ဖာဂူဆန် က တော့ ဒီ ပွဲ ပျက် မှု အတွက် ခါဘစ် ကို အကြီး အကျယ် ဒေါပွ နေပြီး “ငကြောက်” လို့ ကင်ပွန်းတပ် ပြောဆို သွားခဲ့ ပါတယ် ။

“ဒီ ပွဲ ကို သူ မထိုးဖို့ အစောကြီး ကတည်းက ရွေးချယ် ထားပြီးသားလို့ ကျွန်တော် ယုံထား ပါတယ် ။ အဘူဒါဘီ ကနေ အမေရိကန် ကို တန်း လာလို့ ရရဲ့သားနဲ့ ရုရှ ကို သူ ပြန်သွားခဲ့ တာပါ ။ ရုရှ မှာ ပိတ်မိနေ လည်း ရဟတ်ယာဉ် ငှားပြီး လာလို့ ရ ပါတယ် ။ သူ က ဒါမျိုး လုပ်နိုင်တဲ့ အခွင့်ထူး ရှိသူပါ”

“ဒါပေမယ့် သူ ထပ်လုပ် ခဲ့ပြန် ပါတယ် ။ လွန် ခဲ့တဲ့ ၈ နှစ် တုန်းကလည်း ဒီလိုပုံစံ နဲ့ သူ ရှောင်ထွက် သွားခဲ့ ဘူးပါတယ် ။ ကျွန်တော့ အတွက်တော့ အသစ်အဆန်း မဟုတ်တော့ ပါဘူး ။ ဒီကောင် ဘာကောင် ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်”

“သူ ဒီ ပွဲ ကို ထိုးဖြစ်အောင် လုပ်နိုင်တဲ့ အခွင့်အရေး ရှိခဲ့ ပါတယ် ။ ဒါပေမယ့် သူ ရှောင် သွားခဲ့တာပါ ။ တကယ်တမ်း ကျတော့ ဒီပွဲကို သူ မထိုးချင် ပါဘူး ။ ဒီကောင် ငကြောက်ပါ ။ သူ့ရဲ့ ချန်ပီယံဘွဲ့ ကို ဆွဲဖြဲပစ် ဖို့ တောင်ကောင်း ပါတယ် ။ ကျွန်တော် ကတော့ ဘယ်နေရာ ၊ ဘယ် အချိန် မှာ ပဲ ဖြစ်ဖြစ် ဘယ်သူနဲ့ မဆို ထိုးဖို့ အဆင်သင့် ပါပဲ”

“ကျွန်တော် က ဖိုက်တာ စစ်စစ် ပါ ။ ခါဘစ် တို့ ကော်နာ တို့လို မီဒီယာတွေ ကြိုက်အောင် အမြီးနှံ့ပြ နေတဲ့သူ မဟုတ်ပါဘူး ။ ဒီကောင့်ကို အမှောက်ထိုးမယ် လို့ ပြောထား ပြီးသားပါ ။ အခု သူ ရှောင်ထွက် သွားပါပြီ” လို့ တိုနီ ဖာဂူဆန် က သူ့ရဲ့ Twitter မှာ ဗီဒီယို တင်ပြီး ပြောဆို သွားခဲ့ ပါတယ် ။

နာမည်ကျော် ဖိုက်တာကြီး ကော်နာ မက်ဂရီဂေါ် ကလည်း “ဒီပွဲ က ထိုးဖို့ သတ်မှတ် ထားပြီးသားပါ ။ ခေါင်းလောင်း ထိုးလိုက်တာ နဲ့ ဘက်ညီတဲ့ သူ ၂ ယောက် အပြန် အလှန် ထိုး ကြမယ်လို့ တွက်ထား တာပါ ။ ဒါပေမယ့် အခု ခါဘစ် က ကပ်ဘေး ကို အကြောင်းပြုပြီး ပွဲရှောင် သွားခဲ့ ပါပြီ ။ ဒါကြောင့် တိုနီ က ၃-၂ ( အလေး ) နဲ့ အသာ ရသွားပါပြီ ။ တိုနီ ရေ ဂုဏ်ယူပါတယ်” လို့ ကော်နာ မက်ဂရီဂေါ် က သူ့ရဲ့ တွစ်တာ မှာ ရေးသားခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် ကော်နာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ခါဘစ် နဲ့ ESPN တို့ ပြုလုပ် ခဲ့တဲ့ ဗီဒီယို အင်တာဗျုး ကို ၀င်ပါ ဖို့ အတွက် request တောင်းခံ ခဲ့ပြီး ခါဘစ် ရဲ့ ပြောဆို ဝေဖန်မှု ကို ခံခဲ့ ရတယ်လို့ လည်းသိရ ပါတယ် ။

“ငါ ဘယ်လို ခံစား မိနေလဲ မင်းသိလား ( အင်တာဗျုးသူ ကို ပြောခြင်း ) ၊ သူ့ ကြည့်ရတာ လူတွေ ဆီက attention လိုချင်လို့ လိုက်တောင်းနေတဲ့ ပြည့်တန်ဆာဟောင်းကြီး တစ်ယောက်လို ပဲ ။ အရင်တုန်းက တော့ သူ့ ကို လူတွေ ကြိုက်ချင်ကြိုက် ကြမှာပေါ့ ။ ဒါပေမယ့် အခု သူ့ ခေတ် မဟုတ်တော့ဘူး ။ ဒါကို အတင်းလိုက်ပြီး ကပ်သပ် နေတာ စိတ်ပျက် စရာပဲ” လို့ ခါဘစ် က အင်တာဗျုးသူ ကို ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR