OFFICIAL : အင်္ဂလိပ် ဈေးကွက် ပိတ်ခါနီးမှာ ယူနိုက်တက် နဲ့ သတင်းထွက် လာခဲ့ဖူးတဲ့ ဘီဘာအို တောင်ပံ ကစား သမားလေး အိုင်နာကီ ၀ီလ်ယံ ဟာ ကလပ် အသင်း နဲ့ ၉ နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ကို ချုပ်ဆို သွားခဲ့ ပြီပဲ ဖြစ် ပါတယ် ။ ဒါကြောင့် ဘီဘာအို ဟာ စပိန် ကစား သမားလေး ကို ၂၀၂၈ အထိ ဆက်ထိန်း နိုင်တော့ မှာဖြစ်ပြီး ကလပ် အသင်းရဲ့ သမိုင်း တစ်လျောက် အရှည်ကြာဆုံး စာချု့ပ် သက်တမ်းတိုးမှု ဖြစ်လာ ခဲ့ ပါတယ် ။

အိုင်နာကီ ၀ီလ်ယံ ရဲ့ စာချုပ် ဖျက်သိမ်းကြေး ဟာလည်း ယူရို ၁၃၅ သန်း အထိ မြင့်တက် သွားခဲ့ပြီ လို့ သိရ ပါတယ် ။

လာမယ့် လထဲ မှာ ကစား ဖို့ စီစဉ် ထားတဲ့ မန်စီးတီး ကပ္ပတိန် ဟောင်း ဗင်းဆင့် ကွန်ပနီ ရဲ့ အမှတ် တရ ဂုဏ်ပြု ခြေစမ်းပွဲ ကို လက်ရှိ မန်စီးတီး နည်းပြ ဂွာဒီယိုလာ နဲ့ ဘယ်ဂျီယံ နည်းပြ မာတီနက် တို့ က နည်းပြ တွေ အဖြစ် ပါဝင် ဆောင်ရွက် သွားမယ် လို့ အတည်ပြု သွားခဲ့ ပါတယ် ။

Manchester City players celebrate with the trophy during the presentation after winning the English FA Community Shield football match between Manchester City and Liverpool at Wembley Stadium in north London on August 4, 2019. (Photo by Ian KINGTON / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

အင်တာ မီလန် အသင်းရဲ့ တောင်ပံ ကစား သမား အိုင်ဗန် ပါရီဆစ် က တော့ သူဟာ ဘိုင်ယန် အသင်း နဲ့ ဆေးစစ်မှု ပြုလုပ် ပြီးစီး ခဲ့ပြီ လို့ ဆိုရှယ် မီဒီယာ ပေါ်မှာ ပြောဆို သွားခဲ့ ပြီး မကြာခင် မှာ ဂျာမန် ကလပ် ကို ပြောင်းရွှေ့ တော့မှာ ဖြစ်ကြောင်း အသိပေး သွားခဲ့ ပါတယ် ။

ရီးရဲ ဘက်တစ် အသင်း ကတော့ ရီးရဲမက်ဒရစ် လူငယ် တိုက်စစ်မှုးလေး မာရီယာနို ဒီယာ့ဇ် ကို အငှား ခေါ်ယူ ဖို့ ချိတ်ဆက် နေတယ် လို့ သိရ ပါတယ် ။

အင်တာ မီလန် နဲ့ ရိုးမား အသင်းတို့ ဟာ တိုက်စစ်မှုးချင်း ( အီကာဒီ – ဒီဇစ်ကို ) အလဲ အလှယ်ပြုလုပ် ဖို့ ပြင်ဆင် နေကြတယ် လို့ သိရ ပါတယ် ။ အင်တာ မီလန် ကတော့ ယူဗင်တပ် တိုက်စစ်မှုး ဒီဘားလား ကို စိတ်မ၀င်စားး တော့ဘဲ လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ် ဆာဗစ် ကို ပြောင်းလဲ စိတ်ဝင် စားလာခဲ့ တယ်လို့ သိရ ပါတယ် ။

ဒါပေမယ့် အင်တာ အနေနဲ့ အီကာဒီ ကို ရှေးဦးစွာ ရောင်းထုတ်ပြီး ကာမှ အဆိုပါ က ရရှိတဲ့ ပြောင်းရွှေ့ကြေး ကို ဆာဗစ် အတွက် ကမ်းလှမ်း ရာမှာ ထည့်သွင်း အသုံးပြု မှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ဘိုင်ယန် မြုးနစ် ဟာ မန်စီးတီး တောင်ပံ ကစား သမား ဆာနေး ရဲ့ ဒဏ်ရာ ကို ခွဲစိတ်ကုသ မှု ပြီးစီးတဲ့ အထိ စောင့်ဆိုင်း ဖို့ ပြင်ဆင် ထားပြီး နားရမယ့် ကာလ ကို သိရပြီးမှ ကမ်းလှမ်းဖို့ ဆုံးဖြတ် သွားမယ် လို့ သိရ ပါတယ်

ဘာစီလိုနာ ဂိုးသမား နီတို ကတော့ လက်ကောက်ဝတ် ကို ခွဲစိတ်ကုသမှု ပြုလုပ် ရမှာ ဖြစ်တဲ့ အတွက် ၄-၅ ပတ် လောက် နားရဖို့ ရှိတယ်လို့ သိရ ပါတယ် ။ ဒါ့အပြင် လီယွန်နယ် မက်ဆီ ဟာလည်း သောကြာနေ့ ညမှာ ကစားမယ့် လာလီဂါ အဖွင့် ပွဲ ကို လွဲချော် နိုင်တယ် လို့ သိရှိရ ပါတယ် ။

နေမာ ရဲ့ ရှေ့နေ ဖြစ်သူ ဟာ PSG ကနေ ပြောင်းရွှေ့ နိုင်ဖို့ အရှိန် အဟုန်မြှင့် လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။ စပိန် မီဒီယာတွေ ထဲမှာတော့ နေမာ ရောက်ရှိ နိုင်တဲ့ အသင်း ကို ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် ဆိုပြီး ၂ ခြမ်းကွဲ နေကြတယ် လို့ သိရ ပါတယ် ။

Paris Saint-Germain’s French forward Kylian Mbappe (C) celebrates with Paris Saint-Germain’s Brazilian forward Neymar (R) and Paris Saint-Germain’s Brazilian defender Marquinhos after he scored a goal during the French L1 football match between Paris Saint-Germain (PSG) and Olympique de Lyon (OL) on October 7, 2018 at the Parc des Princes stadium in Paris. (Photo by Anne-Christine POUJOULAT / AFP)

မန်စီးတီး နောက်ခံလူ မန်ဂလာ ဟာ ဗလင်စီယာ အသင်းဆီ ပြောင်းရွှေ့ ဖို့ ဆေးစစ်မှု ပြီးမြောက် သွားခဲ့ပြီ လို့ ကြားသိရ ပါတယ် ။ ဒါ့အပြင် စီးတီး လူငယ် နောက်ခံလူ ပက်ဒရို ပေါ်ရို ဟာ ဗယ်လာဒိုးလစ် အသင်းဆီ အငှား + အပြီးသတ် ၀ယ်ယူခွင့် နဲ့ ပြောင်းရွှေ့ သွားခဲ့ တယ်လို့ သိရ ပါတယ် ။

မိုနာကို အသင်း ဟာ ဆီဗီးလား တိုက်စစ်မှုး ဘန်ယက်ဒါ ရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၄၀ ကို ပေးချေ ခေါ်ယူ ဖို့ စတင် လုပ်ဆောင် နေပြီလို့ ကြားသိရ ပါတယ် ။

အသက်လက်တီကိုမက်ဒရစ် အသင်း ဟာ ဗလင်စီယာ တိုက်စစ်မှုး ရိုဒရီဂို ကို အလိုရှိ နေပြီး အိန်ဂျယ် ကော်ရီယာ နဲ့ အလိုက်ပေး ကမ်းလှမ်း ဖို့ ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

နာပိုလီ အသင်း ကတော့ ရီးရဲ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ကို ခေါ်ယူရေးမှာ နောက်ဆုတ်သွားခဲ့ ပြီလို့ သတင်း ကြားသိရ ပါတယ် ။ ဇီဒန်း ကတော့ ဟာမက် ရိုဒရီဂွက် ကို အသင်းမှာ ဆက်ထိန်းထား ဖို့ ဆန္ဒ ရှိတယ် လို့ သိရ ပါတယ် ။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကတော့ ကိုလာဆီနက် နဲ့ အိုဇေးလ် တို့ ဘယ်အချိန် မှာ ပြန် ကစား နိုင်မလဲ ဆိုတာ သေချာ မပြောနိုင်သေး ပါဘူးလို့ ဆိုသွားခဲ့ ပါတယ် ။

Mesut Ozil

စီးရီးအေ ကလပ် ယူဗင်တပ် ဟာ စပါး အသင်း ကွင်းလယ်လူ အဲရစ်ဆင် ကို စာချုပ် သက်တမ်း ကုန်မယ့် ၂၀၂၀ မှာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ် ယူနိုင်ဖို့ အတွက် ကြိုတင် ချိတ်ဆက် နေတယ်လို့ သိရ ပါတယ် ။

နာမည်ကျော် အားကစား ကုမ္ပဏီ Nike ဟာ သူတို့ရဲ့ Air Jordan ဘောကန် ဖိနပ် တွေ အတွက် မန်စီးတီး တောင်ပံ ကစား သမား ရာဟင်း စတာလင် ကို ပေါင်သန်း ၁၀၀ တန် စပွန်ဆာ စာချုပ် ကို ချုပ်ဆိုဖို့ လုပ် ဆောင် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။ ဒါဟာ ဘောလုံး သမိုင်း တစ်လျောက် အကြီးမားဆုံး သော ဘောကန်ဖိနပ် စပွန်ဆာ ဖြစ်လာ မယ်လို့ လည်း သိရှိရ ပါတယ် ။

SPORTS MYANMAR