26 ⚽ La Liga
03 ⚽ Copa del Rey
03 ⚽ Champions League
02 ⚽ European Super Cup
01 ⚽ Spanish Super Cup
ဘာစီလိုနာ သတင်းတိုများ
* ဗယ်လာဒိုးလစ်နဲ့ ရင်ဆိုင်မယ့် ကစားသမား စာရင်း – တာစတီဂျန်၊ အက်ဇ်ကီတာ၊ ဆမီဒို၊ ပီကေး၊ ရာကီတစ်၊ ဆာဂျီယို၊ ကော်တင်ဟို၊ အာသာ၊ ဆွာရက်၊ မက်ဆီ၊ ဒမ်ဘီလီ၊ မာကွန်၊ လင်ဂလတ်၊ အယ်လ်ဘာ၊ ရော်ဘတ်တို၊ ဗီဒယ်၊ အမ်တီတီ
* ရာဖင်ဟာ၊ အယ်ကာဆာ၊ ဗာမေလန် နဲ့ မူနဲ တို့ကတော့ ကစားသမား စာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပဲ ဒင်းနစ်ဆွာရက်၊ ဆမ်ပါ နဲ့ စီလက်ဆန် တို့က ဒဏ်ရာကြောင့် အနားယူနေရတာပါ။
* နည်းပြ ဗယ်ဗာဒီကတော့ ရာကီတစ်နဲ့ PSG တို့ရဲ့ သတင်းတွေကို ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပြီး၊ ဘာကာဟာ ကစားသမားကောင်းတွေ ရောင်းထုတ်မယ့် ကလပ်မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ကာ၊ ဗယ်လာဒိုးလစ်ကို အနိုင်ကစားဖို့အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
* ဒေ့ါမွန်ဟာ အယ်ကာဆာကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးနေဆဲ ဖြစ်ပြီး၊ ဒီကနေ့ ညနေပိုင်းမှာ အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ ဘာစီလိုနာကတော့ အယ်ကာဆာကို အငှားချခ အဖြစ် ယူရို 2 သန်း လက်ခံရရှိသွားဖွယ် ရှိနေပါတယ်။
* ဘက်တစ်နည်းပြ စတိန်းကတော့ လက်ရှိ အသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ရာဖင်ဟာ ဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး၊ သူ့အသင်းထံ ပြောင်းရွှေ့လာမယ့်ဆိုပါက ဝမ်းပန်းတသာနဲ့ ကြိုဆိုသွားမှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
* ကတ်တလန် အခြေစိုက် သတင်းစာတွေကလဲ ရာဖင်ဟာ ဟာ ဗယ်လာဒိုးလစ်နဲ့ ကစားမယ့် ပွဲစဉ်မှာ ပါဝင်လာခဲ့ခြင်း မရှိတာဟာ ဘက်တစ်ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
* အဲဗာတန် အသင်းကို ယူရို 32 သန်းနဲ့ ရောင်းချခဲ့တဲ့ နောက်တန်း မီနာကို ဘာစီလိုနာက 2020 ခုနှစ် နောက်ပိုင်းမှာ ယူရို သန်း 60 နဲ့ ပြန်လည်ခေါ်ယူခွင့် သဘောတူညီမှုကို စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုထားခဲ့တယ်လို့ Marca သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။
* Messi’s 35 free kick goals for Barcelona:
26 ⚽ La Liga
03 ⚽ Copa del Rey
03 ⚽ Champions League
02 ⚽ European Super Cup
01 ⚽ Spanish Super Cup