Neymar

• မန္စီးတီး အသင္းရဲ႕ အသက္ 28 ႏွစ္ အရြယ္ ျပင္သစ္ ေနာက္တန္း ကစားသမားၾကီး မန္ဂါလာ ဟာ ဗလင္စီယာ အသင္းထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိသြားခဲ့ျပီ ျဖစ္ျပီး ၊ 2 ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆုိသြားမယ္လို႔ သိရပါတယ္။ သူဟာ 2016-17 ေဘာလံုးရာသီကလဲ ဗလင္စီယာမွာ အငွားနဲ႔ သြားေရာက္ ကစားေပးခဲ့ဖူးပါတယ္။

• ပီအက္စ္ဂ်ီ အသင္းဟာ သူတို႔ တရား၀င္ ဖြင့္လွစ္ထားတဲ့ စတိုးဆိုင္ေတြမွာ ေနမာ နဲ႔ ပတ္သက္ သမွ် ပစၥည္းေတြကို ရုပ္သိမ္းလိုက္ျပီျဖစ္ျပီး ၊ ဆက္လက္ ေရာင္းခ်ျခင္း ျပဳလုပ္ေတာ့မွာ မဟုတ္ပါဘူး။ တစ္ဆက္တည္းမွာပဲ ကစားသမားဟာ ဘာစီလိုကို ျပန္လည္ ေျပာင္းေရႊ႕ဖို႔ နီးစပ္တဲ့ သတင္းေတြ ေပၚထြက္လာခဲ့ျပီး ၊ မေန႔ညက ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြဟာ ဘာစီလိုနာ ရံုးခ်ဳပ္ ကို ေရာက္ရွိလာခဲ့ပါတယ္။

• ရီးရဲ မက္ဒရစ္ ကေတာ့ ေနမာကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ ၊ ေနာက္ဆံုးမွာေတာ့ ေနမာကို ေခၚလုိက္ရင္ ေတာင္ပံ ကစားသမားေတြ ျဖစ္တဲ့ ဟာဇက္ ၊ အဆန္စီယို ၊ ဗီနီစီးယပ္ ဂ်ဴနီယာ ၊ ရိုဒရီဂို တို႔ရဲ႕ ကစားခြင့္အေနအထားေတြဟာ ရႈပ္ေထြးမႈေတြ ျဖစ္လာႏိုင္တာမို႔ ၊ ေနာက္ဆံုးမွာ ယူႏိုက္တက္ က ေပါ့ဘာ ကိုပဲ ေခၚယူဖို႔ ဆံုးျဖတ္ခ်က္ ခ်ထားတယ္လို႔ သိရပါတယ္။

• ဂ်ဴဗီဟာ စပါး နဲ႔ စာခ်ဳပ္ သက္တမ္း တစ္နွစ္သာ က်န္ေတာ့တဲ့ ကြင္းလယ္ ကစားသမား အဲရစ္ဆင္ ကို အၾကိဳ သေဘာတူညီမႈ ရယူႏိုင္ဖို႔ ၾကိဳးစားလွ်က္ ရွိေနပါတယ္။ အခုလို ၾကိဳးစားေနျခင္းဟာ ဒီရာသီ အကုန္မွာ ကစားသမားကို အလြတ္ေၾကး နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ရည္ရြယ္ ေနတာ ျဖစ္ျပီး ၊ စပါးကလဲ တစ္ပတ္ လုပ္ခ ေပါင္ 200000 အထိ တိုးေပးကာ စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနျပီ ျဖစ္ပါတယ္

• ျပင္သစ္ သတင္းေတြမွာေတာ့ ဘာစီလိုနာ ေနမာ အတြက္ ေကာ္တင္ဟို + ယူရုိ သန္း 80 နဲ႔ ကမ္းလွမ္းလိုက္တယ္လို႔ ေဖာ္ျပေနေသာ္လဲ ၊ ကတ္တလန္ သတင္းေတြ က ဘာစီလိုနာ ဟာ ေကာ္တင္ဟို ရဲ႕ အေျပာင္းအေရႊ႕ အတြက္ ဘို္င္ယန္ ျမဴးနစ္ နဲ႔ တရား၀င္ ေဆြးေႏြးေနျပီ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဘိုင္ယန္ ဟာ ေကာ္တင္ဟို ကို ကနဦး အငွားနဲ႔ ေခၚယူမွာ ျဖစ္ျပီး ၊ အျပီးသတ္ သေဘာတူညီခ်က္ ထည့္သြားကာ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ေမွ်ာ္လင့္လွ်က္ ရွိေနတာ ျဖစ္ပါတယ္။

• လီဗာပူး နဲ႔ လမ္းခြဲထားခဲ့တဲ့ တိုက္စစ္မႈး စတာရစ္ခ်္ ကို ေခၚယူဖို႔ အတြက္ အေရွ႕အလယ္ပိုင္း ကလပ္ေတြ အျပင္ ၊ ေမဂ်ာလိဂ္ ကလပ္ က ၾကိဳးစားလွ်က္ ရွိေနပါတယ္။ သတင္းေတြ အရ သူ႕ကို လိုခ်င္တဲ့ ကလပ္ေပါင္း က 13 ခု အထိ ရွိေနတယ္လို႔ သိရျပီး ၊ တူရကီ ကလပ္ ဖီနာဘာခ်ီ အသင္းက တစ္ပတ္လုပ္ခ ေပါင္ 60000 နဲ႔ ကမ္းလွမ္းထားတယ္လို႔ ဆိုပါတယ္။

• ပါရီဆစ္ ဟာ ဘိုင္ယန္ ျမဴးနစ္ နဲ႔ ေဆးစစ္ျပီးဆံုးသြားခဲ့ျပီ ျဖစ္ပါတယ္။ အင္တာမီလန္ ကေတာ့ သူ႔ကို ကနဦး အငွားခ်က ယူရုိ 5 သန္း ရရွိမွာ ျဖစ္ျပီး ၊ ရာသီအကုန္မွာ အျပီးသတ္ ေခၚယူမယ္ ဆိုပါက ယူရုိ သန္း 20 ထပ္မံ ရရွိသြားမွာ ျဖစ္ပါတယ္။ 

• ဘက္ခမ္းရဲ႕ အင္တာ မီယာမီ အသင္းဟာ ပီအက္စ္ဂ်ီ တိုက္စစ္မႈး ကာဗာနီ ကို ေခၚယူဖို႔ ပစ္မွတ္ထားေနျပီး ၊ သူ႔ရဲ႕ လက္ရွိ စာခ်ဳပ္ ကုန္ဆံုးမွာ 2020 ဇြန္လ မွာ တရား၀င္ ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားမယ္လို႔ သတင္းေတြ က ေဖာ္ျပလို႔ ရပါတယ္။

• လီဗာပူး ဟာ ရိုမား က ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ ေနာက္တန္း ကစားသမား လုိဗရန္ ကို ေရာင္းခ်ဖို႔ ဆံုးျဖတ္ခ်က္ ခ်လိုက္ျပီ ျဖစ္ျပီး ၊ ကနဦး ေပးေခ်မႈ ယူရုိ 15 သန္း + စြမ္းေဆာင္မႈ ပိုင္းဆိုင္ရာ အေပၚ မူတည္ကာ ထပ္မံ ေပးေခ်မယ္ ဆိုပါက စီးရီးေအ ကလပ္ေတြ ရဲ႕ ကမ္းလွမ္းမႈကို လက္ခံသြားဖြယ္ ရွိေနပါတယ္။

• မန္စီးတီး တိုက္စစ္မႈး စတာလင္ဟာ Nike ကေန ထုတ္လုပ္တဲ့ Air Jordan ေဘာလံုးကန္ဖိနပ္ နဲ႔ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္ပါတယ္။ သတင္းေတြ အရ အဲဒီ စာခ်ဳပ္ တန္းဖိုးဟာ ေပါင္ သန္း 100 အထိ ရွိလာဖြယ္ ရွိေနတယ္လို႔ ဆိုပါတယ္။

• ဆီဗီလာ အသင္းရဲ႕ တိုက္စစ္မႈး ဘန္ရပ္ဒါ ဟာ မိုနာကို အသင္းဆီ ေျပာင္းေရႊ႕ဖို႔အတြက္ အလြန္ကို နီးကပ္ေနျပီ ျဖစ္ပါတယ္။ ျပင္သစ္ သတင္းေတြမွာေတာ့ မိုနာကို ဟာ ဘန္ရပ္ဒါ ရဲ႕ စာခ်ဳပ္ ပါ ဖ်က္သိမ္းခြင့္ေလ်ာ္ေၾကး ယူရုိ သန္း 40 ေပးကာ ေခၚယူဖို႔ ဆံုးျဖတ္ခ်က္ ခ်လိုက္တာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

• ေရွ႕တစ္ပတ္ မွာ ကစားမယ့္ မန္စီးတီး နဲ႔ စပါး တို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ကို ဒိုင္လူၾကီး မိုက္ကယ္ အိုလီဗာက တာ၀န္ယူ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

• မိုနာကို အသင္းဟာ အဲဗာတန္ တိုက္စစ္မႈး အြန္ယီကူရူ ကို ေခၚယူလိုက္ျပီ ျဖစ္ျပီး 5 ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုလို္က္တဲ့ အေၾကာင္း တရား၀င္ ေၾကျငာလိုက္ပါတယ္။ ကစားသမားေလးဟာ အလုပ္ပါမစ္ အခက္ခဲေၾကာင့္ ျပီးခဲ့တဲ့ 2 ရာသီ စလံုး အငွားနဲ႔ ထြက္ကစားေနရသူ ျဖစ္ျပီး ၊ အဲဗာတန္ အတြက္ တစ္ပြဲမွ ပါ၀င္ ကစားေပးရျခင္း မရွိပဲနဲ႔ အသင္း ေျပာင္းသြားခဲ့ရတာ ျဖစ္ပါတယ္။

• ခ်ဲဆီး အသင္းေခါင္ေဆာင္ အက္စ္ပီလီကြီတာ ကေတာ့ ေမာ္ရင္ဟို က ေ၀ဖန္ခဲ့တဲ့ အဗရာဟမ္ ၊ မာဆြန္ေမာင့္ တို႔ဘက္ကေန ရပ္တည္လိုက္ျပီး ၊ ခ်ဲဆီး မွာ ကစားသမားတိုင္းက ကစားခြင့္ရဖို႔ ၾကိဳးစားေနတာ ျဖစ္တယ္လို႔ တုန္႔ျပန္လိုက္သလုိ ၊ လက္ရွိ အခိုက္အတန္႔ ကေနေပးတဲ့ သင္ခန္းစားေတြ သင္ယူရင္း ထပ္မံ ၾကိဳးစားသြားမွာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

အက္စ္ပီလီကြီတာ

• လက္စတာ ေနာက္တန္း ကစားသမား အီဗန္ က ယူႏိုက္တက္ ကို ေျပာင္းေရႊ႕ သြားတဲ့ မက္ဂြိဳင္းယား ဟာ လီဗာပူး က ဗန္ဒိုက္ရဲ႕ ပံုစံမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံသြားခဲ့ျပီး ၊ အိုးထရက္ဖို႔မွာ ေအာင္ျမင္လိမ့္မယ္လို႔ ေဟာကိန္း ထုတ္သြားခဲ့ ပါတယ္။

• အင္တာမီလန္ တိုက္စစ္မႈၚ အီကာဒီကို ေခၚယူဖို႔ အတြက္ ရိုမား ၊ နာပိုလီ တို႔က ၾကိဳးစားေနေသာ္လဲ ၊ ကစားသမား ကေတာ့ ဂ်ဴဗီကိုသာ ေျပာင္းေရႊ႕ဖုိ႔ ဆႏၵရွိေနတယ္လို႔ အီတလီ သတင္းေတြက ဆိုပါတယ္။ အင္တာမီလန္ ဘက္ကေတာ့ ဘယ္ကလပ္ကိုပဲ ေျပာင္းေျပာင္း ေျပာင္းေရႊ႕ေၾကးကို ယူရုိ သန္း 60 အလိုရွိေနတဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာဆိုထားျပီးျပီ ျဖစ္ပါတယ္။

• နာပိုလီ ဟာ PSV အသင္းရဲ႕ ေတာင္ပံ ကစားသမား လိုဇာနုိ ကို ေခၚယူဖို႔ ေနာက္ဆံုး အဆင့္ထိ ေရာက္ရွိေနျပီး ၊ မၾကာခင္မွာ တရား၀င္ ေၾကျငာႏိုင္ဖြယ္ ရွိေနပါတယ္။ ေဟာ္လန္ သတင္းေတြကေတာ့ အသက္ 24 ႏွစ္ အရြယ္ မကၠဆီကို ကစားသမား အတြက္ PSV ဟာ ေျပာင္းေရႊ႕ေၾကး ယူရုိ 42 သန္း အထိ လက္ခံ ရရွိသြားခဲ့တယ္လို႔ ေရးသား ေဖာ္ျပသြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

နေမာကို ခေါ်ယူဖို့ နီးစပ်လာတဲ့ ဘာစီလိုနာ နဲ့ နံနက်ခင်း သတင်းများ
********************************

• မန်စီးတီး အသင်းရဲ့ အသက် 28 နှစ် အရွယ် ပြင်သစ် နောက်တန်း ကစားသမားကြီး မန်ဂါလာ ဟာ ဗလင်စီယာ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပြီး ၊ 2 နှစ် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ သူဟာ 2016-17 ဘောလုံးရာသီကလဲ ဗလင်စီယာမှာ အငှားနဲ့ သွားရောက် ကစားပေးခဲ့ဖူးပါတယ်။

• ပီအက်စ်ဂျီ အသင်းဟာ သူတို့ တရားဝင် ဖွင့်လှစ်ထားတဲ့ စတိုးဆိုင်တွေမှာ နေမာ နဲ့ ပတ်သက် သမျှ ပစ္စည်းတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး ၊ ဆက်လက် ရောင်းချခြင်း ပြုလုပ်တော့မှာ မဟုတ်ပါဘူး။ တစ်ဆက်တည်းမှာပဲ ကစားသမားဟာ ဘာစီလိုကို ပြန်လည် ပြောင်းရွှေ့ဖို့ နီးစပ်တဲ့ သတင်းတွေ ပေါ်ထွက်လာခဲ့ပြီး ၊ မနေ့ညက ကစားသမားရဲ့ ကိုယ်စားလှယ်တွေဟာ ဘာစီလိုနာ ရုံးချုပ် ကို ရောက်ရှိလာခဲ့ပါတယ်။

• ရီးရဲ မက်ဒရစ် ကတော့ နေမာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ၊ နောက်ဆုံးမှာတော့ နေမာကို ခေါ်လိုက်ရင် တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ ဟာဇက် ၊ အဆန်စီယို ၊ ဗီနီစီးယပ် ဂျူနီယာ ၊ ရိုဒရီဂို တို့ရဲ့ ကစားခွင့်အနေအထားတွေဟာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တာမို့ ၊ နောက်ဆုံးမှာ ယူနိုက်တက် က ပေါ့ဘာ ကိုပဲ ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချထားတယ်လို့ သိရပါတယ်။

• ဂျူဗီဟာ စပါး နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ကွင်းလယ် ကစားသမား အဲရစ်ဆင် ကို အကြို သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးစားလျှက် ရှိနေပါတယ်။ အခုလို ကြိုးစားနေခြင်းဟာ ဒီရာသီ အကုန်မှာ ကစားသမားကို အလွတ်ကြေး နဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့ ရည်ရွယ် နေတာ ဖြစ်ပြီး ၊ စပါးကလဲ တစ်ပတ် လုပ်ခ ပေါင် 200000 အထိ တိုးပေးကာ စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်

• ပြင်သစ် သတင်းတွေမှာတော့ ဘာစီလိုနာ နေမာ အတွက် ကော်တင်ဟို + ယူရို သန်း 80 နဲ့ ကမ်းလှမ်းလိုက်တယ်လို့ ဖော်ပြနေသော်လဲ ၊ ကတ်တလန် သတင်းတွေ က ဘာစီလိုနာ ဟာ ကော်တင်ဟို ရဲ့ အပြောင်းအရွှေ့ အတွက် ဘို်င်ယန် မြူးနစ် နဲ့ တရားဝင် ဆွေးနွေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘိုင်ယန် ဟာ ကော်တင်ဟို ကို ကနဦး အငှားနဲ့ ခေါ်ယူမှာ ဖြစ်ပြီး ၊ အပြီးသတ် သဘောတူညီချက် ထည့်သွားကာ စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်လျှက် ရှိနေတာ ဖြစ်ပါတယ်။

• လီဗာပူး နဲ့ လမ်းခွဲထားခဲ့တဲ့ တိုက်စစ်မှုး စတာရစ်ချ် ကို ခေါ်ယူဖို့ အတွက် အရှေ့အလယ်ပိုင်း ကလပ်တွေ အပြင် ၊ မေဂျာလိဂ် ကလပ် က ကြိုးစားလျှက် ရှိနေပါတယ်။ သတင်းတွေ အရ သူ့ကို လိုချင်တဲ့ ကလပ်ပေါင်း က 13 ခု အထိ ရှိနေတယ်လို့ သိရပြီး ၊ တူရကီ ကလပ် ဖီနာဘာချီ အသင်းက တစ်ပတ်လုပ်ခ ပေါင် 60000 နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

• ပါရီဆစ် ဟာ ဘိုင်ယန် မြူးနစ် နဲ့ ဆေးစစ်ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အင်တာမီလန် ကတော့ သူ့ကို ကနဦး အငှားချက ယူရို 5 သန်း ရရှိမှာ ဖြစ်ပြီး ၊ ရာသီအကုန်မှာ အပြီးသတ် ခေါ်ယူမယ် ဆိုပါက ယူရို သန်း 20 ထပ်မံ ရရှိသွားမှာ ဖြစ်ပါတယ်။

• ဘက်ခမ်းရဲ့ အင်တာ မီယာမီ အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှုး ကာဗာနီ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ၊ သူ့ရဲ့ လက်ရှိ စာချုပ် ကုန်ဆုံးမှာ 2020 ဇွန်လ မှာ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သတင်းတွေ က ဖော်ပြလို့ ရပါတယ်။

• လီဗာပူး ဟာ ရိုမား က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နောက်တန်း ကစားသမား လိုဗရန် ကို ရောင်းချဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပြီး ၊ ကနဦး ပေးချေမှု ယူရို 15 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ အပေါ် မူတည်ကာ ထပ်မံ ပေးချေမယ် ဆိုပါက စီးရီးအေ ကလပ်တွေ ရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ် ရှိနေပါတယ်။

• မန်စီးတီး တိုက်စစ်မှုး စတာလင်ဟာ Nike ကနေ ထုတ်လုပ်တဲ့ Air Jordan ဘောလုံးကန်ဖိနပ် နဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ သတင်းတွေ အရ အဲဒီ စာချုပ် တန်းဖိုးဟာ ပေါင် သန်း 100 အထိ ရှိလာဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

• ဆီဗီလာ အသင်းရဲ့ တိုက်စစ်မှုး ဘန်ရပ်ဒါ ဟာ မိုနာကို အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် အလွန်ကို နီးကပ်နေပြီ ဖြစ်ပါတယ်။ ပြင်သစ် သတင်းတွေမှာတော့ မိုနာကို ဟာ ဘန်ရပ်ဒါ ရဲ့ စာချုပ် ပါ ဖျက်သိမ်းခွင့်လျော်ကြေး ယူရို သန်း 40 ပေးကာ ခေါ်ယူဖို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

• ရှေ့တစ်ပတ် မှာ ကစားမယ့် မန်စီးတီး နဲ့ စပါး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ဒိုင်လူကြီး မိုက်ကယ် အိုလီဗာက တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

• မိုနာကို အသင်းဟာ အဲဗာတန် တိုက်စစ်မှုး အွန်ယီကူရူ ကို ခေါ်ယူလိုက်ပြီ ဖြစ်ပြီး 5 နှစ် စာချုပ် ချုပ်ဆိုလို်က်တဲ့ အကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်။ ကစားသမားလေးဟာ အလုပ်ပါမစ် အခက်ခဲကြောင့် ပြီးခဲ့တဲ့ 2 ရာသီ စလုံး အငှားနဲ့ ထွက်ကစားနေရသူ ဖြစ်ပြီး ၊ အဲဗာတန် အတွက် တစ်ပွဲမှ ပါ၀င် ကစားပေးရခြင်း မရှိပဲနဲ့ အသင်း ပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

• ချဲဆီး အသင်းခေါင်ဆောင် အက်စ်ပီလီကွီတာ ကတော့ မော်ရင်ဟို က ဝေဖန်ခဲ့တဲ့ အဗရာဟမ် ၊ မာဆွန်မောင့် တို့ဘက်ကနေ ရပ်တည်လိုက်ပြီး ၊ ချဲဆီး မှာ ကစားသမားတိုင်းက ကစားခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ တုန့်ပြန်လိုက်သလို ၊ လက်ရှိ အခိုက်အတန့် ကနေပေးတဲ့ သင်ခန်းစားတွေ သင်ယူရင်း ထပ်မံ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

• လက်စတာ နောက်တန်း ကစားသမား အီဗန် က ယူနိုက်တက် ကို ပြောင်းရွှေ့ သွားတဲ့ မက်ဂွိုင်းယား ဟာ လီဗာပူး က ဗန်ဒိုက်ရဲ့ ပုံစံမျိုး ဖြစ်လာလိမ့်မယ်လို့ ထောက်ခံသွားခဲ့ပြီး ၊ အိုးထရက်ဖို့မှာ အောင်မြင်လိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ ပါတယ်။

• အင်တာမီလန် တိုက်စစ်မှုါ် အီကာဒီကို ခေါ်ယူဖို့ အတွက် ရိုမား ၊ နာပိုလီ တို့က ကြိုးစားနေသော်လဲ ၊ ကစားသမား ကတော့ ဂျူဗီကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ အီတလီ သတင်းတွေက ဆိုပါတယ်။ အင်တာမီလန် ဘက်ကတော့ ဘယ်ကလပ်ကိုပဲ ပြောင်းပြောင်း ပြောင်းရွှေ့ကြေးကို ယူရို သန်း 60 အလိုရှိနေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီးပြီ ဖြစ်ပါတယ်။

• နာပိုလီ ဟာ PSV အသင်းရဲ့ တောင်ပံ ကစားသမား လိုဇာနို ကို ခေါ်ယူဖို့ နောက်ဆုံး အဆင့်ထိ ရောက်ရှိနေပြီး ၊ မကြာခင်မှာ တရားဝင် ကြေငြာနိုင်ဖွယ် ရှိနေပါတယ်။ ဟော်လန် သတင်းတွေကတော့ အသက် 24 နှစ် အရွယ် မက္ကဆီကို ကစားသမား အတွက် PSV ဟာ ပြောင်းရွှေ့ကြေး ယူရို 42 သန်း အထိ လက်ခံ ရရှိသွားခဲ့တယ်လို့ ရေးသား ဖော်ပြသွားခဲ့ပါတယ်။

SPORTS MYANMAR