Evra

ေပၚတူဂီ လက္ေရြးစင္ စီ ေရာ္နယ္ဒို ဟာ စပိန္ ထိပ္သီး ရီးယဲ မက္ဒရစ္ အသင္း ဆီ မေျပာင္းေရႊ့ မီ မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွာ ပတ္ထရစ္ အီဗရာ န့ဲ သူဟာ ႏွစ္ႏွစ္ ခြဲ အခ်ိန္ အထိ အတူ ကစား ခဲ့ၾက ပါတယ္ ။

အခုေတာ့ ဒီေႏြ မွာ ေဘာလံုး အား ကစားသမား အျဖစ္ မွ တရားဝင္ အနား ယူသြား ခဲ့တဲ့ ယူနုိက္တက္ ဘယ္ ေနာက္ခံလူ ေဟာင္း အီဗရာ က အသင္းေဖာ္ စီ ေရာ္နယ္ဒို ရဲ့ ၾကိဳးစား အားထုတ္ ပံုကို ျပန္ေျပာင္း ေျပာၾက သြားခဲ့ လိုက္ ပါတယ္ ။

2006 ခုႏွစ္ တုန္းက မိုနာကို မွ ယူနိုက္တက္ ဆီ ေျပာင္းေရႊ့ လာ ခဲ့တဲ့ အီဗရာ ဟာ စီ ေရာ္နယ္ဒို နဲ့ တူ ႏွစ္ ရာသီ ခြဲ အတူ ကစား ခဲ့ျပီး ပရီးမီးယား လိဂ္ ဖလား သံုးၾကိမ္ နဲ့ ခ်န္ပီယံ လိဂ္ တစ္ၾကိမ္ တုိ့ကို ရယူ ဆြတ္ခူး နိုင္ခဲ့ ပါတယ္ ။

Ronaldo

အခုေတာ့ လူမွဳ ကြန္ယက္ ျဖစ္တဲ့ တြစ္တာ ေပၚမွာ စီ ေရာ္နယ္ဒို ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ ေရာက္ရွိ ခဲ့တဲ့ 16 နွစ္ျပည့္ အမွတ္ တရ post တစ္ခု ကို ေတြ့ လိုက္တဲ့ အခါ အီဗရာ က အသင္းေဖာ္ ေဟာင္းကို ‘ Machine ‘ လုိ့ ေခၚဆုိ သြားခဲ့ ပါတယ္ ။

ဒါ့အျပင္ စီ ေရာ္နယ္ဒုိ ရဲ့ အိမ္က အစား အေသာက္ အေၾကာင္း ၊ အိမ္မွာ လည္း စက္ရုပ္ တစ္ခု လို ေလ့က်င့္ေရး အစီအစဥ္ ေတြကို အျမဲ လိုလို လုပ္ေဆာင္ တက္တဲ့ အေၾကာင္း ကို အီဗရာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” သူ ( စီ ေရာ္နယ္ဒို ) ဟာ စက္ရုပ္ တစ္ရုပ္ လို ပါပဲ ။ သူ့ရဲ့ အိမ္ကို ေန့လည္စာ စားဖုိ့ လံုးဝ မသြားလိုက္ ပါနဲ့ ၊ ေနာက္ထပ္ ေလ့က်င့္ေရး အစီအစဥ္ တစ္ခု ကို ေရာက္သြား သလို ျဖစ္သြား ပါလိမ့္မယ္ ။ က်ြန္ေတာ္ တစ္ကယ္ အၾကံေပး ပါရေစ ။ သူ ေန့လည္စာ စားဖုိ့ ဖိတ္ေခၚ လိုက္ရင္ နုိး ဆုိျပီး ျငင္းလိုက္ပါ ”

” တစ္ခါ တုန္းက သူဟာ ‘ ပတ္ထရစ္ ေရ ၊ ေလ့က်င့္ေရး အစီ အစဥ္ ျပီးရင္ အိမ္ လာခဲ့ဦး ‘ လို့ က်ြန္ေတာ့္ ကို ေခၚခဲ့ ပါတယ္ ။ က်ြန္ေတာ္ သြားခဲ့ ပါတယ္ ၊ ေလ့က်င့္ ျပီးလို့ က်ြန္ေတာ္ ပင္ပန္း ေနခဲ့တာ ေပါ့ဗ်ာ ”

” က်ြန္ေတာ္ တုိ့ ေန့လည္စာ စားဖုိ့ ခံုေပၚ ထုိင္လိုက္ တဲ့ အခ်ိန္ က်ြန္ေတာ့္ အေရွ့ မွာ အသီး အရြက္ အသုပ္ ေတြနဲ့ ၾကက္သား ဟင္း ပလိန္း ေတြကို ေတြ့လိုက္ ရတယ္ ။ ျပီးေတာ့ ေသာက္ဖုိ့ ေရပဲ ရွိတာ ၊ ေဖ်ာ္ရည္ မရွိ ခဲ့ဘူး ။ က်ြန္ေတာ္ လည္း ဆာေန ေတာ့ OK ပါတယ္ ေပါ့ ”

” က်ြန္ေတာ္ တုိ့ စတင္ စားေသာက္ ၾက ပါတယ္ ။ က်ြန္ေတာ့္ စိတ္ထဲ မွာေတာ့ ခန ေနရင္ အသားၾကီး ငါးၾကီး ဟင္း တစ္ခုခု ေတာ့ လာလိမ့္မယ္ လို့ ေတြးေန ခဲ့တာ ေပါ့ ။ ဒါေပမယ့္ နုိးပါ ၊ ဘာမွ ေရာက္ မလာ ခဲ့ဘူး ”

” သူ စားလို့ ျပီးသြား တယ္ ။ အဲ့တာ နဲ့ မတ္တပ္ ထျပီး ေဘာလံုး ေတြကန္ ၊ စေကး ေတြ ေလ့က်င့္ ေတာ့တာ ပဲ ။ ျပီးေတာ့ ေျပာလိုက္ ေသးတယ္ ‘ ငါတုိ့ တစ္ခ်က္ ထိ ေလးေတြ ေဆာ့လိုက္ ရေအာင္ ‘ တဲ့ ။ က်ြန္ေတာ္ ကေတာ့ ဆက္စား လိုက္ဦးမယ္ ဟ လို့ ေျပာလိုက္ တဲ့ အခ်ိန္ သူက ‘ နုိး ၊ နုိး ၊ လာပါ ေဆာ့ၾက ရေအာင္ ‘ လို့ ျပန္ေျပာ ခဲ့တယ္ ”

” က်ြန္ေတာ္ တုိ့ ေဘာလံုး ကစား လို့လည္း ျပီးသြား ေရာ ၊ သူ က ေရသြား ကူး ရေအာင္ လို့ ဆက္ေျပာ ပါတယ္ ။ က်ြန္ေတာ္ လည္း အိုေက ေပါ့ ။ က်ြန္ေတာ္ တုိ့ ေရကူး ၊ ေရပူ ေရေအး နဲ့ ေရခ်ိဳး ျပီးမွ ေန့လည္စာ စားဖုိ့ ဖိတ္ၾကား တဲ့ အစီအစဥ္ ဟာ ကုန္ဆံုး ခဲ့ရ ပါတယ္ ”

” ျပီးတာ နဲ့ က်ြန္ေတာ္ ေျပာတာ ေပါ့ ‘ ခရစၥတီယာနုိ ၊ ငါတုိ့ ဒီကို ဘာလုိ့ လာ ၾကတာ လဲ ? ငါတုိ့ မနက္ျဖန္ ပြဲ ရွိလို့ လား ? ဒါမွ မဟုတ္ ေန့လည္စာ စားဖုိ့ အတြက္ လား ? ေပါ့ ”

” အဲ့တာ ေၾကာင့္ ခင္ဗ်ား တုိ့ကို က်ြန္ေတာ္ အၿကံေပး ေနတာ ပါ ။ အကယ္လို့ ခရစၥတီယာနုိ က ခင္ဗ်ား တုိ့ကို သူ့အိမ္ ေန့လည္စာ စားဖုိ့ ဖိတ္လို့ ရွိရင္ နုိး လို့သာ ေျပာလိုက္ ပါတယ္ ။ သူဟာ စက္ရုပ္ တစ္ခု လို ပါပဲ ။ သူဟာ ေလ့က်င့္မွဳ ေတြကို ရပ္တန့္ လိုက္ဖုိ့ ဆႏၵ ရွိသူ မဟုတ္ ပါဘူး ” လို့ အီဗရာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

‘ စီရော်နယ်ဒို နေ့လည်စာ စားဖို့ ဖိတ်ခေါ်ရင် နိုးလို့ ပြောလိုက်ပါ ‘ လို့ ကြေကွဲစွာ အကြံပြု လိုက်တဲ့ #အီဗရာ

==================

ပေါ်တူဂီ လက်ရွေးစင် စီ ရော်နယ်ဒို ဟာ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဆီ မပြောင်းရွှေ့ မီ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ပတ်ထရစ် အီဗရာ နဲ့ သူဟာ နှစ်နှစ် ခွဲ အချိန် အထိ အတူ ကစား ခဲ့ကြ ပါတယ် ။

အခုတော့ ဒီနွေ မှာ ဘောလုံး အား ကစားသမား အဖြစ် မှ တရားဝင် အနား ယူသွား ခဲ့တဲ့ ယူနိုက်တက် ဘယ် နောက်ခံလူ ဟောင်း အီဗရာ က အသင်းဖော် စီ ရော်နယ်ဒို ရဲ့ ကြိုးစား အားထုတ် ပုံကို ပြန်ပြောင်း ပြောကြ သွားခဲ့ လိုက် ပါတယ် ။

2006 ခုနှစ် တုန်းက မိုနာကို မှ ယူနိုက်တက် ဆီ ပြောင်းရွှေ့ လာ ခဲ့တဲ့ အီဗရာ ဟာ စီ ရော်နယ်ဒို နဲ့ တူ နှစ် ရာသီ ခွဲ အတူ ကစား ခဲ့ပြီး ပရီးမီးယား လိဂ် ဖလား သုံးကြိမ် နဲ့ ချန်ပီယံ လိဂ် တစ်ကြိမ် တို့ကို ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။

အခုတော့ လူမှု ကွန်ယက် ဖြစ်တဲ့ တွစ်တာ ပေါ်မှာ စီ ရော်နယ်ဒို ယူနိုက်တက် ဆီ ပြောင်းရွှေ့ ရောက်ရှိ ခဲ့တဲ့ 16 နှစ်ပြည့် အမှတ် တရ post တစ်ခု ကို တွေ့ လိုက်တဲ့ အခါ အီဗရာ က အသင်းဖော် ဟောင်းကို ‘ Machine ‘ လို့ ခေါ်ဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် စီ ရော်နယ်ဒို ရဲ့ အိမ်က အစား အသောက် အကြောင်း ၊ အိမ်မှာ လည်း စက်ရုပ် တစ်ခု လို လေ့ကျင့်ရေး အစီအစဉ် တွေကို အမြဲ လိုလို လုပ်ဆောင် တက်တဲ့ အကြောင်း ကို အီဗရာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( စီ ရော်နယ်ဒို ) ဟာ စက်ရုပ် တစ်ရုပ် လို ပါပဲ ။ သူ့ရဲ့ အိမ်ကို နေ့လည်စာ စားဖို့ လုံးဝ မသွားလိုက် ပါနဲ့ ၊ နောက်ထပ် လေ့ကျင့်ရေး အစီအစဉ် တစ်ခု ကို ရောက်သွား သလို ဖြစ်သွား ပါလိမ့်မယ် ။ ကျွန်တော် တစ်ကယ် အကြံပေး ပါရစေ ။ သူ နေ့လည်စာ စားဖို့ ဖိတ်ခေါ် လိုက်ရင် နိုး ဆိုပြီး ငြင်းလိုက်ပါ ”

” တစ်ခါ တုန်းက သူဟာ ‘ ပတ်ထရစ် ရေ ၊ လေ့ကျင့်ရေး အစီ အစဉ် ပြီးရင် အိမ် လာခဲ့ဦး ‘ လို့ ကျွန်တော့် ကို ခေါ်ခဲ့ ပါတယ် ။ ကျွန်တော် သွားခဲ့ ပါတယ် ၊ လေ့ကျင့် ပြီးလို့ ကျွန်တော် ပင်ပန်း နေခဲ့တာ ပေါ့ဗျာ ”

” ကျွန်တော် တို့ နေ့လည်စာ စားဖို့ ခုံပေါ် ထိုင်လိုက် တဲ့ အချိန် ကျွန်တော့် အရှေ့ မှာ အသီး အရွက် အသုပ် တွေနဲ့ ကြက်သား ဟင်း ပလိန်း တွေကို တွေ့လိုက် ရတယ် ။ ပြီးတော့ သောက်ဖို့ ရေပဲ ရှိတာ ၊ ဖျော်ရည် မရှိ ခဲ့ဘူး ။ ကျွန်တော် လည်း ဆာနေ တော့ OK ပါတယ် ပေါ့ ”

” ကျွန်တော် တို့ စတင် စားသောက် ကြ ပါတယ် ။ ကျွန်တော့် စိတ်ထဲ မှာတော့ ခန နေရင် အသားကြီး ငါးကြီး ဟင်း တစ်ခုခု တော့ လာလိမ့်မယ် လို့ တွေးနေ ခဲ့တာ ပေါ့ ။ ဒါပေမယ့် နိုးပါ ၊ ဘာမှ ရောက် မလာ ခဲ့ဘူး ”

” သူ စားလို့ ပြီးသွား တယ် ။ အဲ့တာ နဲ့ မတ်တပ် ထပြီး ဘောလုံး တွေကန် ၊ စကေး တွေ လေ့ကျင့် တော့တာ ပဲ ။ ပြီးတော့ ပြောလိုက် သေးတယ် ‘ ငါတို့ တစ်ချက် ထိ လေးတွေ ဆော့လိုက် ရအောင် ‘ တဲ့ ။ ကျွန်တော် ကတော့ ဆက်စား လိုက်ဦးမယ် ဟ လို့ ပြောလိုက် တဲ့ အချိန် သူက ‘ နိုး ၊ နိုး ၊ လာပါ ဆော့ကြ ရအောင် ‘ လို့ ပြန်ပြော ခဲ့တယ် ”

” ကျွန်တော် တို့ ဘောလုံး ကစား လို့လည်း ပြီးသွား ရော ၊ သူ က ရေသွား ကူး ရအောင် လို့ ဆက်ပြော ပါတယ် ။ ကျွန်တော် လည်း အိုကေ ပေါ့ ။ ကျွန်တော် တို့ ရေကူး ၊ ရေပူ ရေအေး နဲ့ ရေချိုး ပြီးမှ နေ့လည်စာ စားဖို့ ဖိတ်ကြား တဲ့ အစီအစဉ် ဟာ ကုန်ဆုံး ခဲ့ရ ပါတယ် ”

” ပြီးတာ နဲ့ ကျွန်တော် ပြောတာ ပေါ့ ‘ ခရစ္စတီယာနို ၊ ငါတို့ ဒီကို ဘာလို့ လာ ကြတာ လဲ ? ငါတို့ မနက်ဖြန် ပွဲ ရှိလို့ လား ? ဒါမှ မဟုတ် နေ့လည်စာ စားဖို့ အတွက် လား ? ပေါ့ ”

” အဲ့တာ ကြောင့် ခင်ဗျား တို့ကို ကျွန်တော် အကြံပေး နေတာ ပါ ။ အကယ်လို့ ခရစ္စတီယာနို က ခင်ဗျား တို့ကို သူ့အိမ် နေ့လည်စာ စားဖို့ ဖိတ်လို့ ရှိရင် နိုး လို့သာ ပြောလိုက် ပါတယ် ။ သူဟာ စက်ရုပ် တစ်ခု လို ပါပဲ ။ သူဟာ လေ့ကျင့်မှု တွေကို ရပ်တန့် လိုက်ဖို့ ဆန္ဒ ရှိသူ မဟုတ် ပါဘူး ” လို့ အီဗရာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar