လီဗာပူး အသင္းရဲ႕ အေမရိကား ခရီးစဥ္ကို ဘိုရုိ နဲ႔ လမ္းခြဲထားတဲ့ ဂိုးသမားၾကီး အန္ဒီ လိုနာဂန္ က ပါ၀င္ လိုက္ပါလာမယ္လို႔ ကလပ္ အသင္းဘက္က ေၾကျငာလိုက္ခ်ိန္က ပရိသတ္ေတြ အၾကားမွာ ေတာ္ေတာ္ေလး အံ့အားသင့္မႈေတြ ျဖစ္ခဲ့ရမွာပါ။

အလီဆြန္ဟာ ဘရာဇီးနဲ႔ အတူ ကိုပါအေမရိကား ဖလား ဆင္းႏြဲရတာေၾကာင့္ ၊ အသင္းရဲ႕ ရာသီအၾကိဳ ပြဲစဥ္ေတြကို လိုပါ ႏိုင္မွာ မဟုတ္ဘူးလို႔ သိရွိခဲ့ျပီး ေနာက္ပိုင္း ကေလာ့ပ္ဟာ ၀ါရင့္ ဂိုးသမားၾကီး လိုနာဂန္ ကို ေခၚေဆာင္သြားခဲ့တာ ျဖစ္ပါတယ္။ သူဟာ အသငး္ရဲ႕ အေမရိကား ခရီးစဥ္ အျပင္ ၊ အီဒင္ဘာ့ခ်္ ခရီးစဥ္ ၊ အက္ဗီယန္ ထရိန္နင္ကမ့္ ေတြမွာ လိုက္ပါ ခဲ့ေပမယ့္၊ ကေလာ့ပ္က တရား၀င္ စာခ်ဳပ္ေတာ့ ခ်ဳပ္ဆိုခဲ့ျခင္း မရွိပါဘူး။

သို႔ေသာ္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ ျဖစ္တဲ့ ေနာ့၀ွစ္ခ်္ နဲ႔ ပြဲစဥ္မွာ အလီဆြန္ ဒဏ္ရာ ရရွိသြားခဲ့ျပီး ေနာက္ပိုင္း ၊ လီဗာပူ အသင္းဟာ ဂုိးသမား ျပသနာေတြ နဲ႔ ရင္ဆိုင္လိုက္ရတာေၾကာင့္ ၊ ေနာက္ဆံုးမွာ ကေလာ့ပ္ဟာ လိုနာဂန္ ကို ကာလတို စာခ်ဳပ္ နဲ႔ တရား၀င္ ခ်ဳပ္ဆိုဖို႔ လုပ္ေဆာင္ေတာ့မယ့္ အေၾကာင္း အတည္ျပဳသြားခဲ့သလုိ ၊ ခ်ဲဆီး နဲ႔ ကစားမယ့္ ဥေရာပ စူပါဖလား ပြဲစဥ္ ရဲ႕ အရန္ ကစားသမား စာရင္းမွာေတာင္ ပါ၀င္လာဖြယ္ ရွိေနတယ္လို႔ ေျပာဆုိသြားခဲ့ပါတယ္။

“ ဒဏ္ရာ ျပသနာေတြ ႏွိပ္စက္လို႔ အသင္းမွာ ဂိုးသမား ျပသနာ က ေတာ္ေတာ္ေလးကို ရႈပ္ေထြးလာေနပါတယ္။ ကယ္လီဟာ ကလဲ ေနာက္ဆံုးအဆင့္ေတာ့ ေရာက္ေနျပီမို႔ ၊ မၾကာခင္ ျပန္ကစားေပး ႏိုင္လိမ့္မယ္ ထင္ပါတယ္။ သူဟာ ေဘာလံုးေတြ ျပန္ဖမ္းရင္း ေလ့က်င့္ေနတာ 5-6 ရက္ေလာက္ေတာ့ ရွိေနပါျပီ။

ဘာပဲျဖစ္ျဖစ္ လတ္တေလာ အခက္အခဲကို ေျဖရွင္းဖို႔အတြက္ေတာ့ အားထုတ္ရေတာ့မွာပါ။ ဒီၾကားထဲမွာ ေနာက္ထပ္ ဘာျပသနာမွ ေပၚမလာဘူး ဆိုရင္ အသင္းနဲ႔ အတူ ေလ့က်င့္ခန္း ဆင္းေနတဲ့ အန္ဒီ လိုနာဂန္ ကို ကာလတို စာခ်ဳပ္န႔ဲ ေခၚယူသြားမွာ ျဖစ္ပါတယ္။

သူဟာ ရာသီအၾကိဳ ေျခစမ္းပြဲစဥ္ တစ္ေလွ်ာက္လံုး က်ေနာ္တို႔ နဲ႔ အတူတူ ရွိေနခဲ့တဲ့ အတြက္ သူ႔အေၾကာင္းကို သိသင့္သေလာက္ သိထားျပီး ပါျပီ။ ျပီးေတာ့ ဥေရာပ စူပါဖလား ပြဲဟာ အရန္ ကစားသမား စာရင္းကို အမ်ားၾကီး ထည့္သြင္းခြင့္ ေပးထားတာ ျဖစ္လို႔ သူလဲ ပါ၀င္ လာႏိုင္ဖြယ္ ရွိေနပါတယ္။

သူ႔ကို စာခ်ဳပ္ ခ်ဳပ္ျပီးရင္ေတာ့ အန္ဒရီယန္ က ပြဲထြက္ ဂိုးသမား ၊ ကယ္လီဟာ က အရံ ဂိုးသမား ျဖစ္ျပီး ၊ လိုနာဂန္ က တတိယ ဦးစားေပး ဂိုးးသမား အျဖစ္ ရွိသြားပါလိမ့္မယ္” လို႔ ကေလာ့ပ္ က ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

ဆက္လက္ျပီး အလီဆြန္ ရဲ႕ အေနအထား နဲ႔ ပတ္သက္လို႔ ကေလာ့ပ္ က ေျပာဆိုရာမွာေတာ့ “ သိပ္ေတာ့ အေျခအေန မေကာင္းပါဘူး။ ေျခသလံုး ဒဏ္ရာ ဆိုတာ အခ်ိန္ အတိုင္းအတာ တစ္ခုအထိေတာ့ အနားယူရတာပါပဲ။

ဘယ္အခ်ိန္ ျပန္ကစားေပး ႏိုင္ေလာက္တယ္ ဆိုတဲ့ မွတ္ခ်က္ စကားမ်ိဳးေတြ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ ေသခ်ာတာေတာ့ မနက္ျဖန္ ပြဲစဥ္ကို ေသခ်ာေပါက္ လြဲေခ်ာ္မွာမို႔ ၊ ေစာင့္ၾကည့္လုိက္ၾကရေအာင္ပါ။

Alison

ရက္သတၱပတ္ အနည္းငယ္ေတာ့ အနားယူရလိမ့္မယ္ ထင္ပါတယ္။

တစ္ခ်ိဳ႕ သတင္းသမားေတြက 6 ပတ္ ေလာက္ အနားယူရမယ္ ဆိုျပီး ေရးေနတာေတြလဲ ဖတ္ရပါတယ္ ဒါေပမယ့္ အလီဆြန္ရဲ႕ ကစားသမားဘ၀ မွာ ဒဏ္ရာေတြက အမ်ားၾကီး ရဖူးခဲ့တာမွ မဟုတ္တာ ၊ ဒါေၾကာင့္မို႔ သူ႔အေနနဲ႔ အျမန္ဆံုး ျပန္လည္ သက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားမိပါတယ္” လို႔ ေျပာဆုိသြားခဲ့ ပါတယ္။

သတင္းေတြ အရေတာ့ လီဗာပူးဟာ လိုနာဂန္ ကို တစ္ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အသင္းရဲ႕ ယူ 18 ဂိုးသမားေလး ဂ်ားေရာ့စ္ဟာ ပုခံုး ဒဏ္ရာေၾကာင့္ အနားယူေနရတာ ျဖစ္ျပီး ၊ အျခား ဂိုးသမားေလး တစ္ေယာက္ ျဖစ္တဲ့ ဂရာဘာရာ က ခ်န္ပီယံရွစ္ ကလပ္ ဟတ္ဒါဖီးလ္ အသင္းမွာ အငွားနဲ႔ သြားေရာက္ ကစားေပးလွ်က္ ရွိေနပါတယ္။

SPORTS MYANMAR

Unicode

ဂိုးသမားသစ် ခေါ်ယူတော့မယ်လို့ အတည်ပြုလိုက်ပြီး ၊ အလီဆွန် အနားယူရမယ့် အချိန်အတိုင်းတာကို ထုတ်ဖော် ပြောဆိုသွားတဲ့ ကလော့ပ်
****************************************************

လီဗာပူး အသင်းရဲ့ အမေရိကား ခရီးစဉ်ကို ဘိုရို နဲ့ လမ်းခွဲထားတဲ့ ဂိုးသမားကြီး အန်ဒီ လိုနာဂန် က ပါ၀င် လိုက်ပါလာမယ်လို့ ကလပ် အသင်းဘက်က ကြေငြာလိုက်ချိန်က ပရိသတ်တွေ အကြားမှာ တော်တော်လေး အံ့အားသင့်မှုတွေ ဖြစ်ခဲ့ရမှာပါ။

အလီဆွန်ဟာ ဘရာဇီးနဲ့ အတူ ကိုပါအမေရိကား ဖလား ဆင်းနွဲရတာကြောင့် ၊ အသင်းရဲ့ ရာသီအကြို ပွဲစဉ်တွေကို လိုပါ နိုင်မှာ မဟုတ်ဘူးလို့ သိရှိခဲ့ပြီး နောက်ပိုင်း ကလော့ပ်ဟာ ၀ါရင့် ဂိုးသမားကြီး လိုနာဂန် ကို ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသငး်ရဲ့ အမေရိကား ခရီးစဉ် အပြင် ၊ အီဒင်ဘာ့ချ် ခရီးစဉ် ၊ အက်ဗီယန် ထရိန်နင်ကမ့် တွေမှာ လိုက်ပါ ခဲ့ပေမယ့်၊ ကလော့ပ်က တရားဝင် စာချုပ်တော့ ချုပ်ဆိုခဲ့ခြင်း မရှိပါဘူး။

သို့သော် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဖြစ်တဲ့ နော့ဝှစ်ချ် နဲ့ ပွဲစဉ်မှာ အလီဆွန် ဒဏ်ရာ ရရှိသွားခဲ့ပြီး နောက်ပိုင်း ၊ လီဗာပူ အသင်းဟာ ဂိုးသမား ပြသနာတွေ နဲ့ ရင်ဆိုင်လိုက်ရတာကြောင့် ၊ နောက်ဆုံးမှာ ကလော့ပ်ဟာ လိုနာဂန် ကို ကာလတို စာချုပ် နဲ့ တရားဝင် ချုပ်ဆိုဖို့ လုပ်ဆောင်တော့မယ့် အကြောင်း အတည်ပြုသွားခဲ့သလို ၊ ချဲဆီး နဲ့ ကစားမယ့် ဥရောပ စူပါဖလား ပွဲစဉ် ရဲ့ အရန် ကစားသမား စာရင်းမှာတောင် ပါ၀င်လာဖွယ် ရှိနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

“ ဒဏ်ရာ ပြသနာတွေ နှိပ်စက်လို့ အသင်းမှာ ဂိုးသမား ပြသနာ က တော်တော်လေးကို ရှုပ်ထွေးလာနေပါတယ်။ ကယ်လီဟာ ကလဲ နောက်ဆုံးအဆင့်တော့ ရောက်နေပြီမို့ ၊ မကြာခင် ပြန်ကစားပေး နိုင်လိမ့်မယ် ထင်ပါတယ်။ သူဟာ ဘောလုံးတွေ ပြန်ဖမ်းရင်း လေ့ကျင့်နေတာ 5-6 ရက်လောက်တော့ ရှိနေပါပြီ။

ဘာပဲဖြစ်ဖြစ် လတ်တလော အခက်အခဲကို ဖြေရှင်းဖို့အတွက်တော့ အားထုတ်ရတော့မှာပါ။ ဒီကြားထဲမှာ နောက်ထပ် ဘာပြသနာမှ ပေါ်မလာဘူး ဆိုရင် အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေတဲ့ အန်ဒီ လိုနာဂန် ကို ကာလတို စာချုပ်နဲ့ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။

သူဟာ ရာသီအကြို ခြေစမ်းပွဲစဉ် တစ်လျှောက်လုံး ကျနော်တို့ နဲ့ အတူတူ ရှိနေခဲ့တဲ့ အတွက် သူ့အကြောင်းကို သိသင့်သလောက် သိထားပြီး ပါပြီ။ ပြီးတော့ ဥရောပ စူပါဖလား ပွဲဟာ အရန် ကစားသမား စာရင်းကို အများကြီး ထည့်သွင်းခွင့် ပေးထားတာ ဖြစ်လို့ သူလဲ ပါ၀င် လာနိုင်ဖွယ် ရှိနေပါတယ်။

သူ့ကို စာချုပ် ချုပ်ပြီးရင်တော့ အန်ဒရီယန် က ပွဲထွက် ဂိုးသမား ၊ ကယ်လီဟာ က အရံ ဂိုးသမား ဖြစ်ပြီး ၊ လိုနာဂန် က တတိယ ဦးစားပေး ဂိုးးသမား အဖြစ် ရှိသွားပါလိမ့်မယ်” လို့ ကလော့ပ် က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး အလီဆွန် ရဲ့ အနေအထား နဲ့ ပတ်သက်လို့ ကလော့ပ် က ပြောဆိုရာမှာတော့ “ သိပ်တော့ အခြေအနေ မကောင်းပါဘူး။ ခြေသလုံး ဒဏ်ရာ ဆိုတာ အချိန် အတိုင်းအတာ တစ်ခုအထိတော့ အနားယူရတာပါပဲ။

ဘယ်အချိန် ပြန်ကစားပေး နိုင်လောက်တယ် ဆိုတဲ့ မှတ်ချက် စကားမျိုးတွေ မပြောချင်ပါဘူး။ ဒါပေမယ့် သေချာတာတော့ မနက်ဖြန် ပွဲစဉ်ကို သေချာပေါက် လွဲချော်မှာမို့ ၊ စောင့်ကြည့်လိုက်ကြရအောင်ပါ။

ရက်သတ္တပတ် အနည်းငယ်တော့ အနားယူရလိမ့်မယ် ထင်ပါတယ်။

တစ်ချို့ သတင်းသမားတွေက 6 ပတ် လောက် အနားယူရမယ် ဆိုပြီး ရေးနေတာတွေလဲ ဖတ်ရပါတယ် ဒါပေမယ့် အလီဆွန်ရဲ့ ကစားသမားဘဝ မှာ ဒဏ်ရာတွေက အများကြီး ရဖူးခဲ့တာမှ မဟုတ်တာ ၊ ဒါကြောင့်မို့ သူ့အနေနဲ့ အမြန်ဆုံး ပြန်လည် သက်လာလိမ့်မယ်လို့ မျှော်လင့်ထားမိပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

သတင်းတွေ အရတော့ လီဗာပူးဟာ လိုနာဂန် ကို တစ်နှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသင်းရဲ့ ယူ 18 ဂိုးသမားလေး ဂျားရော့စ်ဟာ ပုခုံး ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပြီး ၊ အခြား ဂိုးသမားလေး တစ်ယောက် ဖြစ်တဲ့ ဂရာဘာရာ က ချန်ပီယံရှစ် ကလပ် ဟတ်ဒါဖီးလ် အသင်းမှာ အငှားနဲ့ သွားရောက် ကစားပေးလျှက် ရှိနေပါတယ်။

SPORTS MYANMAR