Ferdinand
#Sports_Myanmar
Unicode
ယူနိုက်တက်မှာ ကစားဖို့ ထိုက်တန်မှု မရှိတဲ့ ကစားသမား အမည်ကို ပြောကြားလိုက်တဲ့ #ဖာဒီနန်
===============
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနွေ အတွင်း အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ပိုင်းကို အင်အား ဖြည့်တင်း ဖို့ အတွက် ကစားသမား အတော် များများ ကို ချိန်ရွယ် ပစ်မှတ် ထားနေ ခဲ့ပါ သေးတယ် ။
အဆိုပါ ကစားသမား စာရင်း ထဲမှာ တော့ ဂျူဗင်တပ် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ပေါ်လို ဒိုင်ဘာလား လည်း ပါဝင် ခဲ့ပြီး ယူနိုက်တက် နဲ့ အပြိုင် တော့တင်ဟမ် ကလည်း ခေါ်ယူ လိုနေ ခဲ့ပါ သေးတယ် ။
အခုတော့ ယူနိုက်တက် ဂန္ဓဝင် ရီယို ဖာဒီနန် က အာဂျင်တီးနား လက်ရွေးစင် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ကစား ပေးဖို့ အတွက် ထိုက်တန် မှု ရှိတဲ့ ကစားသမား မျိုး မဟုတ် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် ဒိုင်ဘာလား ယူနိုက်တက် ဆီ ပြောင်းရွှေ့ မလာ ခဲ့တဲ့ အတွက် သူဟာ တစ်ကယ် ပဲ ပျော်ရွှင် ဝမ်းမြောက် မိကြောင်း ၊ ဒိုင်ဘားလား ဟာ အိုးလ် ထရပ်ဖို့ဒ် မှာ ကစား ပေးဖို့ အတွက် မှန်ကန် တဲ့ စိတ်ဓါတ် ပိုင်း မရှိ ကြောင်း ဖာဒီနန် က ဆက်လက် ပြောကြား သွားခဲ့ ပါ သေးတယ် ။
” ပြီး ခဲ့တဲ့ နှစ်တွေ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို လာရောက် ကစား ပေးဖို့ ငြင်းဆန် ခဲ့ ကြတဲ့ ကစား သမား တွေ အများကြီး ရှိခဲ့ ကြ ပါတယ် ။ သူတို့ တွေဟာ အခြား နေရာ တစ်ခုခု မှာ အခြား အသင်း အတွက် ကစား ပေခဲ့ ကြ ပါတယ် ”
” ဒါပေမယ့် ဂျူဗင်တပ် အသင်း ရဲ့ အရံခုံ ပေါ်မှာ ပဲ နေရာ ရရှိ နေတဲ့ အချိန် ဒိုင်ဘာလား က ယူနိုက်တက် ကို ပယ်ချ ဖို့ သတ္တိ တွေ ဘယ်က ရရှိ လာ သလဲ ဆိုတာ တော့ ကျွန်တော် တစ်ကယ် မသိ ပါဘူး ။ သူက လက်ရှိ အချိန် ဘောလုံး ကစား ခွင့် ပြန်လည် ရရှိ ဖို့ လုပ်ဆောင် သင့်တဲ့ သူလေ ”
” သူ့ရဲ့ စိတ် ထဲမှာ တော့ ‘ ငါ ချန်ပီယံ လိဂ် ကစား ချင်တယ် ( ဒါမှ မဟုတ် ) အရံခုံ ပေါ်ပဲ ထိုင်ချင် တယ်လို့ တွေးတော ချင်ကောင်း တွေးတော နေမှာ ပါ ။ ကျွန်တော် သာ ဆိုရင် ဒီလို အနေအထား မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို သေချာပေါက် ရွေးချယ် သွားမှာ ပါ ”
” အခုတော့ သေချာတာ တစ်ခု ရှှိနေ ပါတယ် ။ သူ ယူနိုက်တက် ဆီ ပြောင်းရွှေ့ မလာ တဲ့ အတွက် ကျွန်တော် တစ်ကယ် ပဲ ပျော်ရွှင် မိ ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား တစ်ဦး မှာ ရှိသင့် ရှိထိုက် တဲ့ စိတ်ဓါတ် တွေ သူ့ဆီ မှာ ရှိ မနေ ဘူးလေ ” လို့ ဖာဒီနန် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
#Sports_Myanmar