Maguire

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို နောက်ခံ ကစား သမား သစ် ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဟာ ချဲလ်ဆီး အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အပြီး ချီးကျူး မှုတွေ များစွာ ရရှိ ခဲ့ ပါတယ် ။ အဆိုပါ ချီးကျူး သူတွေ ထဲမှာ ပါဝင် ခဲ့တဲ့ တစ်ယောက် ကတော့ မာတင် ကီယွန် ပဲ ဖြစ်ပါတယ် ။

မက်ဂွားယား ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက် လို့ မာတင် ကီယွန် က ‘ ကျွန်တော် တို့ ဘီနို ကာတွန်း ကို ဖတ် သလို မျိုး မက်ဂွားယား ဟာ အန္တရာယ် တွေကို အလွယ် တကူ ဖတ်ရှု နိုင် ပါတယ် ‘ လို့ ဥပမာ ပေး ချီးကျူး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဘီနို ကာတွန်း ဆိုတာ 1938 ခုနှစ် က ပေါ်ပေါက် ခဲ့တဲ့ ဗြိတိန် အခြေစိုက် ကလေး သူငယ် များ ဖတ်ရှု ကြတဲ့ သက်တမ်း အရှည်ဆုံး ကာတွန်း တစ်ခု ဖြစ်ပြီး အပါတ်စဉ် ထုတ်ဝေ တဲ့ ကာတွန်း ဖြစ်ခဲ့ သလို ရောင်းအား အကောင်းဆုံး လည်း ဖြစ်ခဲ့ ရ ပါတယ် ။

အခုတော့ မာတင် ကီယွန် က အဆိုပါ ကာတွန်း ကို လူတွေ ဟာ အလွယ် တကူ ဖတ်နိုင် သလို မက်ဂွားယား ဟာလည်း ပွဲစဉ် အတွင်း အန္တရာယ် တွေကို အလွယ် တကူ ဖတ်ရှု နိုင်သူ ဖြစ်ကြောင်း ယူနိုက်တက် ကစားသမား သစ်ရဲ့ ခြေစွမ်း ကို ချီးကျူး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” ဒါဟာ အရပ် အမောင်း 6′ 4” ရှိတဲ့ နောက်ခံလူ အတွက် တော့ သဘာဝ အတိုင်း အလို အလျောက် ဖြစ်ပေါ် လာတဲ့ အရာ တစ်ခု ပါပဲ ။ ဒါ့ကြောင့် လည်း ယူနိုက်တက် က ငွေကြေး တွေ များစွာ ပေးပြီး ကမ်းလှမ်း ခဲ့တာ ပါ ”

” သူ ဘောလုံး ရရှိ လိုက်ပြီ ဆိုခြင်း က ယူနိုက်တက် တို့ တိုက်စစ် ကစားပုံ ကို ပုံဖော် လို့ ရပြီ ဆိုတဲ့ အချက်ပေး မှု တစ်ခု ပါပဲ ။ အဲ့တာ ကို သိချင် ရင် ချဲလ်ဆီး နဲ့ ပွဲစဉ် တုန်းက ဒုတိယ ဂိုးကို ပြန်ကြည့် လိုက်ပါ ”

” သူဟာ အေဘရာဟမ် ဆီက ဘောလုံး အရ လုယူ ခဲ့ပြီး တော်မီနေး ဆီ ပေးခဲ့ ပါတယ် ။ တော်မီနေး က အဆိုပါ ဘောလုံး ကို ရပ်ရှ်ဖို ဆီ ခင်းပေး ခဲ့ပြီး ရပ်ရှ်ဖို့ က နေရာ လွတ် နေတဲ့ ပါရဲရား ဆီ ပေးပို့ ခဲ့ ပါတယ် ။ အဲ့ဒီ ကနေ ပါရဲရား က တိုက်စစ် မှာ နေရာယူ ထားတဲ့ မာရှယ် ဆီ ပေးပို့ လိုက်နိုင် ခဲ့ ပါတယ် ”

” မာရှယ် ဟာ ဂိုး သွင်းယူ လိုက်နိုင် ခဲ့ ပါတယ် ။ တစ်ကယ်တမ်း တွက်ချက် လိုက်မယ် ဆိုရင် ဒီဂိုး က မက်ဂွားယား မှ အေဘရာဟမ် ဆီက ဘောလုံး လုယူ ပြီး 16 စက္ကန့် အကြာ မှာ ရရှိ ခဲ့ခြင်း ပါပဲ ။ အိုလီ ရဲ့ အဖွဲ့သား တွေ 2 – 0 နဲ့ ဦးဆောင် နိုင်ခဲ့ ကြတယ် ။ ပရိသတ် တွေလည်း နောက်ခံလူ ကောင်း တစ်ဦး ကို ရရှိ ခဲ့တဲ့ ပျော်ရွှင် မှုကို ခံစား ခဲ့ကြ ရ ပါတယ် ”

Maguire

” အဲ့ဒီနောက် အန္တရာယ် ဖြစ်စေ နိုင်တဲ့ ဘောလုံး ကို မက်ဂွားယားက ခေါင်းဦး ပြီး ရှင်းထုတ် နိုင်ခဲ့ ပါ သေးတယ် ။ ဒါဟာ တစ်ကယ့် ချီးကျူး ဖွယ်ရာ ရှင်းထုတ် မှု ဖြစ်ခဲ့ ပါတယ် ။ ပရိသတ် တွေက ပထမ ပွဲမှာ ပဲ မက်ဂွားယား ကို နှစ်သက် ခဲ့ကြ ပါတယ် ”

” ဒါ့အပြင် အချက် အလက် ပိုင်း အရ ကြည့်မယ် ဆိုရင် မက်ဂွားယား က ရှင်းထုတ် မှု အများဆုံး ၊ လုယူ မှု အများဆုံး နဲ့ ပိတ်ဆို့ ကာကွယ် မှု အများဆုံး လည်း ပြုလုပ် နိုင်ခဲ့ ပါ သေးတယ် ။ သူရဲ့ ကစားပုံ က ပရိသတ် တွေနဲ့ အသင်းဖော် တွေ အတွက် အား ဖြစ်စေ ခဲ့ ပါတယ် ”

” ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အိမ်ကွင်း မှာ Cleen Sheet နှစ်ကြိမ် သာ ရယူ နိုင်ခဲ့ ပြီး တစ် ရာသီ လုံး ပေးဂိုး 54 ဂိုး အထိ ပေးခဲ့ ရ ပါတယ် ။ ထိပ်သီး 6 သင်းထဲ မှာ အများဆုံး လို့ ဆိုပါတော့ ။ အဲ့ဒီ ထဲက 25 ဂိုးကို အိမ်ကွင်း မှာ ပေးခဲ့ ရ ပါတယ် ။ အခုတော့ 2019 – 20 စတင် ပါပြီ ။ ယူနိုက်တက် တို့ အရှိန် ကောင်းကောင်း နဲ့ ပြေးဖို့ ကြိုးစား နေကြ ပါပြီ ”

” သူဟာ 2014 ခုနှစ် တုန်းက ဟားလ် ဆီ ပေါင် 2.5 သန်း နဲ့ပဲ ပြောင်းရွှေ့ ခဲ့တာ ကို ကျွန်တော် အံ့အား သင့်မိ ပါတယ် ။ သူ့မှာ ကောင်းမွန် တဲ့ အလားအလာ တွေ ရှိနေ ခဲ့ ပေမယ့် ပရီးမီးယား လိဂ် ထိပ်သီး တွေက ဈေးနည်း တာကို အခွင့် အရေး ယူပြီး မခေါ် နိုင် ခဲ့ကြ ဘူးလေ ”

” အခု ဆို မန်ချက်စတာ ယူနိုက်တက် အသင်း က သူ့ကို ရရှိ ဖို့ အတွက် ပေါင် သန်း 80 တောင် ပေးချေ ခဲ့ရ ပါတယ် ။ ဒါက မက်ဂွားယား အတွက် ကောင်းမွန် တဲ့ ပွဲစဉ် ၊ ရက်စွဲ တစ်ခု ဖြစ်ခဲ့ ပြီး ဆိုးလ်ရှား ရဲ့ ကစားသမား သစ်တွေ လည်း ကောင်းမွန် ခဲ့ကြ ပါတယ် ” လို့ မာတင် ကီယွန် က ချီးကျူး သွားခဲ့ ပါတယ် ။

#Sports_Myanmar