Sterling
Drogba
ရာဟင်း စတာလင် ဟာ ဒီရာသီ ရွှေဖိနပ်ဆုရှင် ဖြစ်လာနိုင်မလား . . . . .
=============================================
ပရီးမီးယားလိဂ် ရာသီသစ် ရဲ့ အဖွင့် ပွဲစဉ် ဟာ မန်ချက် စတာ စီးတီး တောင်ပံ ကစား သမားလေး ရာဟင်း စတာလင် အတွက် အမှတ် တရ ဖြစ်စရာ နေ့ တစ်နေ့ ဖြစ်ခဲ့ ပါတယ် ။ ၀က်စ်ဟမ်း အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ခဲ့ရတဲ့ ပွဲစဉ် ( ၁ ) အပြီး မှာတော့ စတာလင် ဟာ အသင်းဖော်တွေ အမှတ် တရ အော်တို ရေးထိုး ပေးထားတဲ့ ဘောလုံး တစ်လုံး ကို ယူကာ မန်ချက် စတာ ကို ပြန်လာ ခဲ့ ပါတယ် ။ ဒါဟာ ဒီပွဲမှာ ဟက်ထရစ် သွင်းခဲ့တယ် ဆိုတဲ့ သက်သေ ပါပဲ ။
ပရီးမီးယားလိဂ် ရဲ့ သမိုင်း ကြောင်း တစ်လျောက် စတာလင် လို အဖွင့်ပွဲစဉ် မှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တဲ့ ကစား သမား အရေ အတွက် က ရ ဦး သာ ရှိခဲ့ ပါတယ် ။ ဒီ အထဲ မှာ မက်ကီ ကွင်း ( ကိုဗင်ထရီ ) နဲ့ ကီဗင် ကင်းဘဲ ( နော်တင်ဟမ် ဖောရက်စ် ) တို့ ပဲ အဝေးကွင်း မှာ ဟက်ထရစ် ရခဲ့ ကြတာ ဖြစ်ပြီး ကျန် ၅ ဦး ကတော့ အိမ်ကွင်း ပွဲတွေ မှာ ဟက်ထရစ် ရခဲ့ကြတာ ဖြစ်ပါတယ် ။
စတာလင် ကတော့ ၀က်စ်ဟမ်း နဲ့ အဝေးကွင်း ပွဲစဉ် ရဲ့ ဒုတိယ ပိုင်း မှာ သွင်းဂိုး ၃ ဂိုး စလုံး ကို သွင်းယူ ခဲ့တာ ဖြစ် ပါတယ် ။ ရရှိလာတဲ့ ပင်နယ်တီ ကို အဂွေရို ပေးမကန် ခဲ့ ပေမယ့်လည်း စတာလင် ကတော့ သူ့ရဲ့ အရည် အသွေး ကို ပြသ တဲ့ အနေနဲ့ ဟက်ထရစ် ဂိုး ကို ရအောင် သွင်းနိုင် ခဲ့တာကြောင့် ၀ိုင်းဝန်းချီးကျုး ခံခဲ့ရ ပါတယ်
စတာလင် ဟာ ပြီးခဲ့တဲ့ နှစ်တုန်း က ရွှေဖိနပ်ဆု အားပြိုင်မှုထဲ ကို မပါ၀င် ခဲ့သလို ဒီရာသီ အတွက် အလေးပေး မှု မှာလည်း ပါ၀င် မလာခဲ့ ပါဘူး ။ ဒါပေမယ့် အဖွင့်ပွဲ မှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တာ က ရာသီ အကုန်မှာ ရွှေဖိနပ်ဆု ကို ရယူနိုင် မလား ဆိုတဲ့ မေးခွန်း ကို ပေါ်ပေါက် လာစေခဲ့ ပါတယ် ။
အထက် မှာ ဖော်ပြခဲ့တဲ့ အဖွင့်ပွဲစဉ် ဟက်ထရစ် ရှင် ရ ဦး အထဲ မှာ ဒီယွန် ဒဗ္ဗလင် ( ၁၉၉၆-၉၇ ) တစ်ဦးသာ ရာသီ အကုန်မှာ ရွှေဖိနပ်ဆု ရရှိ ခဲ့ ပါတယ် ။ ဒါကြောင့် အစဉ်အလာ အရ ကြည့်ရင်တော့ စတာလင် အတွက် အလား အလာ သိပ် မရှိနိုင် ပါဘူး ။ ကျန် ၆ ဦး ထဲ မှာ ဒရော့ဘာ ( ၂၀၁၀ – ၁၁ ) ၊ အဘွန် လဟော် ( ၂၀၀၈ – ၀၉ ) နဲ့ ကီဗင် ကင်းဘဲ ( ၁၉၉၆ – ၉၇ ) တို့ ၂ ဦးသာ သွင်းဂိုး ၁၀ ဂိုး ကျော်ခဲ့ပြီး ကျန် ၃ ဦး ကတော့ သွင်းဂိုး ၁၀ ဂိုး အောက်မှာ သာ ရှိခဲ့ ပါတယ် ။ ဒါကြောင့် အဖွင့်ပွဲ မှာ ဟက်ထရစ် ရလိုက်တာ ဟာ ရွှေဖိနပ်ဆု အတွက် အလေးသာသွားပြီလို့ မဆိုနိုင် ပါဘူး ။
ဒါပေမယ့် ဂွာဒီယိုလာ ရဲ့ ကစားကွက် မှာ စတာလင် ဟာ အဓိက သော့ချက် ဖြစ်နေတာ ကြောင့် ဂိုးသွင်းယူ နိုင်ဖို့ အခွင့် အလမ်းတွေ အများကြီး ရရှိလာ နိုင်ပြီး အဆုံးသတ် ပိုင်း ကို ပိုမို သေချာ အောင် လုပ်နိုင်မယ် ဆိုရင် ဒီရာသီ ရဲ့ ရွှေဖိနပ် လုပွဲ ထဲ ကို ရာဟင်း စတာလင် တစ်ယောက် ပါ၀င် လာနိုင်ဖို့ အလားအလာ ကောင်း နိုင် ပါတယ် ။
စတာလင် ဟာ ၂၀၁၇-၁၈ ရာသီ တုန်းက ၁၈ ဂိုး ( ပရီးမီးယာလိဂ် ) ၊ ၂၀၁၈-၁၉ ရာသီ မှာ ၁၇ ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ တကယ်လို့ ရွှေဖိနပ်ဆု ရှင် ဖြစ်ချင်တယ် ဆိုရင်တော့ အနည်းဆုံး ဂိုး ၂၀ ကျော်ဖို့ လိုအပ် နေပြီး အသင်း က ရရှိတဲ့ ပင်နယ်တီ တွေကိုပါ ကန်ခွင့် ရဖို့ ကလည်း လိုအပ် မှာ ဖြစ် ပါတယ် ( ယမန်နှစ် က ပူးတွဲ ရွှေဖိနပ်ဆု ရှင် ၃ ဦး အနက် မာနေး တစ်ဦးသာ ပင်နယ်တီ ဂိုး မပါခဲ့သူ ဖြစ်ခဲ့ ပါတယ် )
စီးတီး မှာတော့ စတာလင် ဟာ တိုက်စစ် မြားဦး မဟုတ်သလို ပင်နယ်တီ ကန်ရာမှာလည်း အဂွေရို ကို မကျော်နိုင် ခဲ့ ပါတယ် ။ အကယ်၍ ဂွာဒီယိုလာ သာ စတာလင် ကို ချီးမြှောက် ခဲ့မယ် ဆိုရင်တော့ ပင်နယ်တီ အချို့ ကို ကန်ခွင့် ရကောင်း ရလာနိုင်ပြီး ရွှေဖိနပ်ဆု ပြိုင်ပွဲ အတွက် အထောက် အကူ ဖြစ်စေနိုင် မှာ ဖြစ်ပါတယ် ။
စတာလင် ဟာ ပြီးခဲ့တဲ့ ၂ နှစ် လောက်က စပြီး သိသိ သာသာ တိုးတက် လာခဲ့ ပါတယ် ။ စီးတီး ရဲ့ နွေရာသီ ခြေစမ်းပွဲ နဲ့ ကွန်မြူနတီဒိုင်း ပွဲတွေ က ကစားပုံတွေ အရ ဒီနှစ် ဟာ စတာလင် ရဲ့ နှစ် ဖြစ်လာဖို့ အခြေအနေ တွေ ရှိနေတယ် ဆိုတာ ကို ဖော်ပြ နေခဲ့ ပါတယ် ။ ယမန်နှစ် ကလည်း PFA ရဲ့ အကောင်းဆုံး လူငယ်ဆု ကို ရခဲ့တဲ့ စတာလင် အနေနဲ့ ဒီနှစ် မှာတော့ Player of the Year ဆုကို ချိန်ရွယ် လာနိုင်ဖို့ ရှိနေသလို အခွင့် အလမ်း သင့်လာပါကလည်း ရွှေဖိနပ်ဆု အတွက် တိုက်ပွဲ ၀င်နိုင် မှာ ဖြစ် ပါတယ် ။
SPORTS MYANMAR
SPORTS MYANMAR
Unicode