Joao Felix

ကမၻာေက်ာ္နည္းျပတဦးျဖစ္တဲ႔ ေမာ္ရင္ဟိုက ဂ်ာအိုဖိလစ္ဟာ အသက္ အရြယ္ ငယ္ရြယ္ႏုပ်ိဳေနေသးေပမယ့္ ျမင့္မားတဲ႔ ေစ်းႏွဳန္းေျကာင့္ေအတီကို အသင္းအတြက္ ေကာင္းမြန္တဲ႕ အရာေတြကိုမျဖစ္မေနထုတ္ေပးႏိုင္ဖို႔လိုအပ္ေနတယ္လို႔ ဆိုလိုက္ပါတယ္။အသက္ ၁၉ႏွစ္အရြယ္သာရွိေသးတဲ႔ ဖိလစ္ဟာ ဘင္ဖီကာ အသင္းကေန ယူရို ၁၂၆သန္းနဲ႕ ေျပာင္းေရႊ႕လာခဲ႔တာျဖစ္ျပီး ရာသီျကို ပြဲစဥ္ေတြမွာ အံ့မခန္းေျခစြမ္းကိုျပ သထားႏိုင္ေနခဲ႔တာျဖစ္ပါတယ္။

ေအတီကို အသင္းဟာ ရာသီျကိုပြဲစဥ္အားလံုးကို ရွံုးပြဲမရွိကစားထားျပီး မက္ဒရစ္ျမိဳ႔ခံျပိဳင္ဘက္ ရီးရဲလ္အသင္းကို ၇-၃ဂိုး ၊ ေရာ္နယ္ဒို ဦးေဆာင္လာတဲ႔ ဂ်ဴဗီ အသင္းကို ၂-၁ ဂိုးေတြနဲ႔ အႏိုင္ရရွိထားခဲ႔တာျဖစ္ပါတယ္။ဒါေျကာင့္လည္း ဒီလတ္တေလာ ရလဒ္ေတြေျကာင့္ အဆိုပါ ေပၚတူဂီ သားေလးဆီကေန ေတာင့္တမွဳေတြရွိေနလိမ့္မယ္လို႕ေမာ္ရင္ဟိုက ဆုိပါတယ္။

 ဂ်ာအိုဖိလစ္
Juventus’ defender Matthijs De Ligt vies with Atletico Madrid’s forward Joao Felix (top) during the International Champions Cup football match between Atletico Madrid v Juventus on August 10, 2019 in Solna outside Stockholm, Sweden. (Photo by Jonathan NACKSTRAND / AFP)

ေပၚတူဂီ ေဘာလံုးအဖြဲ႔ခ်ဳပ္ ရုပ္သံအစီအစဥ္နဲ႔ အင္တာဗ်ဴးမွာ ေမာ္ရင္ဟုိက
– ” သူ( ဂ်ာအိုဖိလစ္ )မွာစိန္ေခၚမွဳတခုရွိေနပါတယ္။ဘာေျကာင့္လည္း ဆုိေတာ့ သူ႔ရဲ႕ ပါရမီ ေတြေျကာင့္ရယ္ ေအတီကို အသင္းဘက္က ရင္းႏွီးျမွဳပ္ႏွံထားတာေတြေျကာင့္ရယ္ျဖစ္ပါတယ္။
သူ႔အေနနဲ႔ ဒီလိုတာဝန္ယူမွဳ တာဝန္ခံမွဳကေန ေရွာင္လႊဲႏိုင္မွာ မဟုတ္ဘူးလို႔ က်ြန္ေတာ္ကေတာ့ ယံုျကည္ပါတယ္။သူ႔ရဲ႕ အသက္က ၁၈၊ ၂၀ သို႔မဟုတ္ ၂၅ ျဖစ္ျဖစ္ အေရးမျကီးပါဘူး။အေရးျကီးတာက သူ႔ရဲ႕ ပါရမီ နဲ႔ သူ႔မွာရွိထားတဲ႔တာဝန္ယူမွဳ တာဝန္ခံမွဳပဲျဖစ္ပါတယ္ ” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

ေအတီကို အသင္းဟာ ေႏြရာသီေစ်းကြက္ အတြင္းမွာ ဂရစ္ဇ္မန္း၊ လူးကပ္စ္ဟာနန္ဒက္စ္၊ ရိုဒရီ၊ ဂိုဒင္ အစရွိတဲ႔ ကစားသမားေကာင္းေတြကို လက္လႊတ္ထားခဲ႔ရတာျဖစ္ပါတယ္။ဒါေပမယ့္
ဂ်ာအိုဖိလစ္ အျပင္ ထရစ္ပီယာ၊ ေလာ္ရန္ေတး၊ ဟက္တာဟာရဲယားတို႔ကိုျပန္လည္ အားျဖည့္ထားပါတယ္။

Morinho

ဒီအေျကာင္းနဲ႕ ပတ္သက္ျပီး ေမာ္ရင္ဟိုက – ” ေအတီကို အသင္းရဲ႕ေငြေျကးရင္းႏွီးျမွဳပ္ ႏွံမွဳေတြက သူတို႔ကို လာလီဂါ ျပိဳင္ပြဲနဲ႔ ခ်န္ပီယံလိဂ္ ေအာင္ျမင္မွဳေတြ အတြက္ တိုက္ပြဲဝင္သြားရမယ့္ တာဝန္ကို ျဖစ္ေစပါတယ္။အဲ႔ဒီေနရာမွာ ရီးရဲလ္ နဲ႔ ဘာစီလိုနာ အသင္းေတြကလည္း ရွိေနျကမယ္ဆိုတာအားလံုးအသိပဲျဖစ္ပါတယ္။

ဘာေျကာင့္လည္းဆုိေတာ့ သူတို႔အသင္းေတြရဲ႕ စြမ္းအား၊ ေငြေျကး သံုးစြဲႏိုင္စြမ္း၊ယဥ္ေက်းမွဳ အစဥ္အလာ နဲ႔ အရည္အေသြးေတြေျကာင့္ျဖစ္ပါတယ္။အရင္ႏွစ္ေတြ တုန္းကေတာ့ ေအတီကို အသင္းမွာ ဒီလို တာဝန္မ်ိဳးမရွိခဲ႔ပါဘူး။ဒါေပမယ့္ သူတို႔ အခုလုပ္ထားတဲ႕ ရင္းႏွီးျမွဳပ္ႏွံမွဳက အံ့မခန္းျကီးမားေနတာျဖစ္ပါတယ္။

ဒါေကာင့္ သူတို႔အတြက္ေတာ့ အခုခ်ိန္ဟာ ‘ က်ြန္ေတာ္တို႔ ဒီေနရာကိုေရာက္ေနပါျပီ၊ က်ြန္ေတာ္တို႔က အင္အားျကီးေနပါျပီ၊ က်ြန္ေတာ္တို႕ဟာ ပိုပိုအင္အားျကီးခ်င္ေနျပီး ဆုဖလားေအာင္ျမင္မွဳေတြအတြက္ ဒီေနရာကိုေရာက္ေနတာပါ ‘ လို႔ျကံုးဝါးရမယ့္ အခ်ိန္ျဖစ္ေနပါျပီ ” လို႔အဆံုးသတ္ေျပာသြားခဲ႔ပါတယ္။

ေအတီကို အသင္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီ လာလီဂါ အဖြင့္ပြဲစဥ္ အျဖစ္ေတာ့ ဂီတာေဖးအသင္းကို အိမ္ကြင္းမွာဧည့္ခံကစားသြားရမွာျဖစ္ပါတယ္။

SM

Unicode

အေတီကို အသင်းရဲ့ ကြယ်ပွင့်အသစ်လေး ဂျာအိုဖိလစ်အကြောင်းမှတ်ချက်ပြုပြောဆိုလိုက်တဲ့ #ဟိုဆေးမော်ရင်ဟို
======================================

ကမ္ဘာကျော်နည်းပြတဦးဖြစ်တဲ့ မော်ရင်ဟိုက ဂျာအိုဖိလစ်ဟာ အသက် အရွယ် ငယ်ရွယ်နုပျိုနေသေးပေမယ့် မြင့်မားတဲ့ စျေးနှုန်းကြောင့်အေတီကို အသင်းအတွက် ကောင်းမွန်တဲ့ အရာတွေကိုမဖြစ်မနေထုတ်ပေးနိုင်ဖို့လိုအပ်နေတယ်လို့ ဆိုလိုက်ပါတယ်။အသက် ၁၉နှစ်အရွယ်သာရှိသေးတဲ့ ဖိလစ်ဟာ ဘင်ဖီကာ အသင်းကနေ ယူရို ၁၂၆သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရာသီကြို ပွဲစဉ်တွေမှာ အံ့မခန်းခြေစွမ်းကိုပြ သထားနိုင်နေခဲ့တာဖြစ်ပါတယ်။

အေတီကို အသင်းဟာ ရာသီကြိုပွဲစဉ်အားလုံးကို ရှုံးပွဲမရှိကစားထားပြီး မက်ဒရစ်မြို့ခံပြိုင်ဘက် ရီးရဲလ်အသင်းကို ရ-၃ဂိုး ၊ ရော်နယ်ဒို ဦးဆောင်လာတဲ့ ဂျူဗီ အသင်းကို ၂-၁ ဂိုးတွေနဲ့ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း ဒီလတ်တလော ရလဒ်တွေကြောင့် အဆိုပါ ပေါ်တူဂီ သားလေးဆီကနေ တောင့်တမှုတွေရှိနေလိမ့်မယ်လို့မော်ရင်ဟိုက ဆိုပါတယ်။

ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် ရုပ်သံအစီအစဉ်နဲ့ အင်တာဗျူးမှာ မော်ရင်ဟိုက
– ” သူ( ဂျာအိုဖိလစ် )မှာစိန်ခေါ်မှုတခုရှိနေပါတယ်။ဘာကြောင့်လည်း ဆိုတော့ သူ့ရဲ့ ပါရမီ တွေကြောင့်ရယ် အေတီကို အသင်းဘက်က ရင်းနှီးမြှုပ်နှံထားတာတွေကြောင့်ရယ်ဖြစ်ပါတယ်။
သူ့အနေနဲ့ ဒီလိုတာဝန်ယူမှု တာဝန်ခံမှုကနေ ရှောင်လွှဲနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။သူ့ရဲ့ အသက်က ၁၈၊ ၂၀ သို့မဟုတ် ၂၅ ဖြစ်ဖြစ် အရေးမကြီးပါဘူး။အရေးကြီးတာက သူ့ရဲ့ ပါရမီ နဲ့ သူ့မှာရှိထားတဲ့တာဝန်ယူမှု တာဝန်ခံမှုပဲဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

အေတီကို အသင်းဟာ နွေရာသီစျေးကွက် အတွင်းမှာ ဂရစ်ဇ်မန်း၊ လူးကပ်စ်ဟာနန်ဒက်စ်၊ ရိုဒရီ၊ ဂိုဒင် အစရှိတဲ့ ကစားသမားကောင်းတွေကို လက်လွှတ်ထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့်
ဂျာအိုဖိလစ် အပြင် ထရစ်ပီယာ၊ လော်ရန်တေး၊ ဟက်တာဟာရဲယားတို့ကိုပြန်လည် အားဖြည့်ထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက – ” အေတီကို အသင်းရဲ့ငွေကြေးရင်းနှီးမြှုပ် နှံမှုတွေက သူတို့ကို လာလီဂါ ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေ အတွက် တိုက်ပွဲဝင်သွားရမယ့် တာဝန်ကို ဖြစ်စေပါတယ်။အဲ့ဒီနေရာမှာ ရီးရဲလ် နဲ့ ဘာစီလိုနာ အသင်းတွေကလည်း ရှိနေကြမယ်ဆိုတာအားလုံးအသိပဲဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ သူတို့အသင်းတွေရဲ့ စွမ်းအား၊ ငွေကြေး သုံးစွဲနိုင်စွမ်း၊ယဉ်ကျေးမှု အစဉ်အလာ နဲ့ အရည်အသွေးတွေကြောင့်ဖြစ်ပါတယ်။အရင်နှစ်တွေ တုန်းကတော့ အေတီကို အသင်းမှာ ဒီလို တာဝန်မျိုးမရှိခဲ့ပါဘူး။ဒါပေမယ့် သူတို့ အခုလုပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုက အံ့မခန်းကြီးမားနေတာဖြစ်ပါတယ်။

ဒါကောင့် သူတို့အတွက်တော့ အခုချိန်ဟာ ‘ ကျွန်တော်တို့ ဒီနေရာကိုရောက်နေပါပြီ၊ ကျွန်တော်တို့က အင်အားကြီးနေပါပြီ၊ ကျွန်တော်တို့ဟာ ပိုပိုအင်အားကြီးချင်နေပြီး ဆုဖလားအောင်မြင်မှုတွေအတွက် ဒီနေရာကိုရောက်နေတာပါ ‘ လို့ကြံုးဝါးရမယ့် အချိန်ဖြစ်နေပါပြီ ” လို့အဆုံးသတ်ပြောသွားခဲ့ပါတယ်။

အေတီကို အသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီ လာလီဂါ အဖွင့်ပွဲစဉ် အဖြစ်တော့ ဂီတာဖေးအသင်းကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။

SM