* ပက္ဂြာဒီယိုလာက ဒီရာသီမွာ အသက္ 33 ႏွစ္အရြယ္ ရွိလာျပီ ျဖစ္တဲ့ ကြင္းလယ္ ကစားသမား ေဒးဗစ္ ေဆးဗားအေနနဲ႔ ပြဲတိုင္းကို ပါ၀င္ကစားေပးဖို႔ ျဖစ္ႏိုင္မွာ မဟုတ္တာေၾကာင့္ ဘာနာဒို ေဆးဗားကို အခြင့္အေရး အနည္းငယ္ ပိုေပးသြားဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာဆုိသြားခဲ့ေသာ္လဲ၊ မၾကာခင္ကမွ လက္ေရြးစင္ ကစားသမား ဘ၀ကေန အနားယူထားတဲ့ စပိန္ ကစားသမားကေတာ့ သူ႔အေနနဲ႔ လက္ရွိစာခ်ဳပ္ သက္တမ္း ကုန္ဆံုးမယ့္ 2020 ခုႏွစ္အထိ အသင္းမွာ ဆက္ရွိသြားခ်င္တယ္လို႔ အတည္ျပဳ ေျပာဆုိသြားခဲ့ပါတယ္။

* ပက္ဂြာဒီယုိုလာကေတာ့ ဆာေနးဟာ ရာသီသစ္ရဲ႕ အဖြင့္မွာ အရံထိုင္ခံု ကေန စတင္ေနရေသာ္လဲ သူနဲ႔ ဘာျပသနာမွ မရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။

“ လြန္ခဲ့တဲ့ ႏွစ္ပတ္ကတည္းက ေလ့က်င့္ေရးကြင္းမွာ ျမင္ေတြ႔ရတဲ့ ဆာေနးဟာ၊ က်ေနာ္ ျမင္ေနက် ဆာေနးအတိုင္းပါပဲ။ အဲဒီလုိ ျမင္ရလို႔ က်ေနာ္လဲ ေက်နပ္မိပါတယ္။ သူ႔ရဲ႕ ရာသီအၾကိဳ ပြဲစဥ္ေတြက ေျခစြမ္းေတြကို ခင္ဗ်ားတို႔လဲ ျမင္ေတြ႔ခဲ့ျပီးသားမလား၊ သူဟာ အသင္းနဲ႔အတူ ေနာက္က်မွ ပူးေပါင္းႏိုင္ခဲ့တာေလ။ အခုေတာ့ ျပီးခဲ့တဲ့ ရာသီက ဆာေနးရဲ႕ ပံုစံမ်ိဳး ျပန္လည္ရရွိေတာ့မွာပါ။

က်ေနာ့္အသင္းမွာ တိုက္စစ္ကစားဖို႔ စုစုေပါင္း 6 ေယာက္အထိ ရွိေနတာေၾကာင့္၊ အားလံုးကို တျပိဳင္နက္ ထည့္ကစားဖို႔ ဘယ္ျဖစ္ႏိုင္မလဲ။ ဒါေပမယ့္ အဲဒီလို ေျပာလိုက္လို႔ ဆာေနးရဲ႕ လက္ရွိ ပံုစံအေနအထားကို က်ေနာ္က သေဘာမက်ပဲ ျဖစ္ေနလို႔ ကစားမေပးတာလဲ မဟုတ္ပါဘူး။ မန္ဒီက တိုက္စစ္ကို ပိုျပီး လိုက္ကစားေပးေနတာေၾကာင့္လဲ၊ ဆာေနးကို မသံုးေသးတာပါ။ ဒါက အဓိက အေၾကာင္းျပခ်က္ပါပဲ”

* မန္စီးတီး နည္းျပၾကီး ပက္ဂြာဒီယုိလာကေတာ့ အဖြင့္ပြဲ ၂ ပြဲ အႏိုင္ရရွိထားသည့္တုိင္ေအာင္ သူ႔ရဲ႕ ကစားသမားေတြဟာ ၾကံ့ခိုင္မႈ အျပည့္အ၀ မရွိေသးဘူးလို႔ အံ့အားသင့္ဖြယ္ရာ ထုတ္ေဖာ္ေျပာဆိုလိုက္ျပီး၊ အဲဒီ အေျခအေနေတြေၾကာင့္ ေလ့က်င့္ေရးကြင္းမွာ ဒီဘရိုင္းနဲ႔ ဘရာဗိုတို႔ ဒဏ္ရာ ရရွိသြားခဲ့တာ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။ ဒီတစ္ပတ္ ကစားမယ့္ ၀ုဖ္နဲ႔ ပြဲစဥ္အတြက္လဲ ဖာနန္ဒင္ဟိုဟာ အေကာင္းဆံုး ပုံစံမွာ ရွိမေနေသးဘူးလို႔ ပက္က ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

* “ က်ေနာ့္ရဲ႕ စာခ်ဳပ္က 2 ႏွစ္ၾကီးေတာင္ က်န္ေနပါေသးတယ္၊ ဒီမွာ ေနရတာ ေပ်ာ္ေနတာေၾကာင့္ စာခ်ဳပ္သက္တမ္း ကုန္ဆံုးတဲ့အထိ အီတီဟတ္မွာပဲ ဆက္ရွိသြားခ်င္တာပါ။ ရုပ္ပိုင္းဆုိင္ရာ ၊ စိတ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈေတြပါ ဘယ္လိုေတြ ျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာ ေပါ့ဗ်ာ” ေဒးဗစ္ေဆးဗား

* မန္စီးတီး အသင္းရဲ႕ Chief Commercial and Operating Officier တြမ္ကလစ္ ဟာ အေမရိကန္ Football ကလပ္ ကာရိုလီးနား ပါတနာ အသင္းထံ ေျပာင္းေရႊ႕သြားခဲ့ျပီ ျဖစ္ပါတယ္။

* တိုက္စစ္မႈးၾကီး အေဂြးရိုးကေတာ့ ကင္ဆာအတြက္ ခြဲစိတ္ကုသမႈ ခံယူထားတဲ့ 10 ႏွစ္သား အရြယ္ မန္စီးတီး လူငယ္ ပရိသတ္ေလး ကလမ္ဖြိဳင္း ထံ သြားေရာက္ လည္ပတ္ခဲ့ျပီး၊ သူ ကိုုယ္တုိင္ လက္မွတ္ ထိုးထားတဲ့ ဂ်ာစီနဲ႔ ၊ ေဘာလံုး ကန္ ဖိနပ္ တစ္ရံကို ေပးအပ္သြားခဲ့ ပါတယ္။

* ပက္ ကေတာ့ အသင္းရဲ႕ အရံ ဂိုးသမား ၾကီး ဘရာဗိုဟာ ဘယ္ အတိုင္းအတာထိ အနားယူရမလဲ ဆိုတာ သူ ကိုယ္တိုင္လဲ မသိေသးဘူး လို႔ ၀န္ခံ ေျပာဆုိသြားခဲ့သလို၊ လတ္တေလမွာ Free Agent ျဖစ္ေနတဲ့ ပဲေလ့ ဂိုးသမားေဟာင္း ကာဗယ္ လီယာရီ ကိုလဲ ေခၚယူမွာ မဟုတ္ဘူးလို႔ အတည္ျပဳ ေျပာဆို သြားခဲ့ပါတယ္။

* အသင္းရဲ႕ ပထမဦးစား ေပး ဂိုးသမား အီဒါဆင္ ျဖစ္ျပီး၊ ဒုတိယ ဦးစားေပး ကေတာ့ မူရစ္ ျဖစ္ကာ၊ တတိယ ဦးစားေပး ဂိုးသမားက ဂရင္၀ါေဆာ ျဖစ္တယ္လို႔ ပက္ကိုယ္တိုင္က အတည္ျပဳ ထုတ္ေဖာ္ ေျပာဆိုသြား ခဲ့ပါတယ္။

* ၀ုဖ္နဲ႔ ကစားမယ့္ ကစားသမား စာရင္း
ဂိုးသမား – အီဒါဆင္
ေနာက္တန္း – ေ၀ၚကာ၊ ကြန္ပနီ၊ လာေပၚေတး၊ မန္ဒီ
အလယ္တန္း – ဖာနန္ဒင္ဟို၊ ဂြန္ဒိုဂန္၊ ေဆးဗား၊ စတာလင္း၊ ဘာနာဒိုေဆးဗား
ေရွ႕တန္း – အေဂြးရိုး
အရံ ကစား သမား စာရင္း – မူရစ္၊ စတုန္း၊ ဒဲ့ဖ္၊ ဆာေနး၊ မာရက္၊ ေအာ္တာမန္ဒီ၊ ေဂ်ဇု

မန်စီးတီး သတင်း တိုများ

* ပက်ဂွာဒီယိုလာက ဒီရာသီမှာ အသက် 33 နှစ်အရွယ် ရှိလာပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဒေးဗစ် ဆေးဗားအနေနဲ့ ပွဲတိုင်းကို ပါဝင်ကစားပေးဖို့ ဖြစ်နိုင်မှာ မဟုတ်တာကြောင့် ဘာနာဒို ဆေးဗားကို အခွင့်အရေး အနည်းငယ် ပိုပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ပြောဆိုသွားခဲ့သော်လဲ၊ မကြာခင်ကမှ လက်ရွေးစင် ကစားသမား ဘဝကနေ အနားယူထားတဲ့ စပိန် ကစားသမားကတော့ သူ့အနေနဲ့ လက်ရှိစာချုပ် သက်တမ်း ကုန်ဆုံးမယ့် 2020 ခုနှစ်အထိ အသင်းမှာ ဆက်ရှိသွားချင်တယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
* ပက်ဂွာဒီယိုလာကတော့ ဆာနေးဟာ ရာသီသစ်ရဲ့ အဖွင့်မှာ အရံထိုင်ခုံ ကနေ စတင်နေရသော်လဲ သူနဲ့ ဘာပြသနာမှ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“ လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ရတဲ့ ဆာနေးဟာ၊ ကျနော် မြင်နေကျ ဆာနေးအတိုင်းပါပဲ။ အဲဒီလို မြင်ရလို့ ကျနော်လဲ ကျေနပ်မိပါတယ်။ သူ့ရဲ့ ရာသီအကြို ပွဲစဉ်တွေက ခြေစွမ်းတွေကို ခင်ဗျားတို့လဲ မြင်တွေ့ခဲ့ပြီးသားမလား၊ သူဟာ အသင်းနဲ့အတူ နောက်ကျမှ ပူးပေါင်းနိုင်ခဲ့တာလေ။ အခုတော့ ပြီးခဲ့တဲ့ ရာသီက ဆာနေးရဲ့ ပုံစံမျိုး ပြန်လည်ရရှိတော့မှာပါ။

ကျနော့်အသင်းမှာ တိုက်စစ်ကစားဖို့ စုစုပေါင်း 6 ယောက်အထိ ရှိနေတာကြောင့်၊ အားလုံးကို တပြိုင်နက် ထည့်ကစားဖို့ ဘယ်ဖြစ်နိုင်မလဲ။ ဒါပေမယ့် အဲဒီလို ပြောလိုက်လို့ ဆာနေးရဲ့ လက်ရှိ ပုံစံအနေအထားကို ကျနော်က သဘောမကျပဲ ဖြစ်နေလို့ ကစားမပေးတာလဲ မဟုတ်ပါဘူး။ မန်ဒီက တိုက်စစ်ကို ပိုပြီး လိုက်ကစားပေးနေတာကြောင့်လဲ၊ ဆာနေးကို မသုံးသေးတာပါ။ ဒါက အဓိက အကြောင်းပြချက်ပါပဲ”
* မန်စီးတီး နည်းပြကြီး ပက်ဂွာဒီယိုလာကတော့ အဖွင့်ပွဲ ၂ ပွဲ အနိုင်ရရှိထားသည့်တိုင်အောင် သူ့ရဲ့ ကစားသမားတွေဟာ ကြံ့ခိုင်မှု အပြည့်အ၀ မရှိသေးဘူးလို့ အံ့အားသင့်ဖွယ်ရာ ထုတ်ဖော်ပြောဆိုလိုက်ပြီး၊ အဲဒီ အခြေအနေတွေကြောင့် လေ့ကျင့်ရေးကွင်းမှာ ဒီဘရိုင်းနဲ့ ဘရာဗိုတို့ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒီတစ်ပတ် ကစားမယ့် ဝုဖ်နဲ့ ပွဲစဉ်အတွက်လဲ ဖာနန်ဒင်ဟိုဟာ အကောင်းဆုံး ပုံစံမှာ ရှိမနေသေးဘူးလို့ ပက်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
* “ ကျနော့်ရဲ့ စာချုပ်က 2 နှစ်ကြီးတောင် ကျန်နေပါသေးတယ်၊ ဒီမှာ နေရတာ ပျော်နေတာကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ အီတီဟတ်မှာပဲ ဆက်ရှိသွားချင်တာပါ။ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေပါ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ပေါ့ဗျာ” ဒေးဗစ်ဆေးဗား
* မန်စီးတီး အသင်းရဲ့ Chief Commercial and Operating Officier တွမ်ကလစ် ဟာ အမေရိကန် Football ကလပ် ကာရိုလီးနား ပါတနာ အသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
* တိုက်စစ်မှုးကြီး အဂွေးရိုးကတော့ ကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူထားတဲ့ 10 နှစ်သား အရွယ် မန်စီးတီး လူငယ် ပရိသတ်လေး ကလမ်ဖွိုင်း ထံ သွားရောက် လည်ပတ်ခဲ့ပြီး၊ သူ ကိုယ်တိုင် လက်မှတ် ထိုးထားတဲ့ ဂျာစီနဲ့ ၊ ဘောလုံး ကန် ဖိနပ် တစ်ရံကို ပေးအပ်သွားခဲ့ ပါတယ်။
* ပက် ကတော့ အသင်းရဲ့ အရံ ဂိုးသမား ကြီး ဘရာဗိုဟာ ဘယ် အတိုင်းအတာထိ အနားယူရမလဲ ဆိုတာ သူ ကိုယ်တိုင်လဲ မသိသေးဘူး လို့ ဝန်ခံ ပြောဆိုသွားခဲ့သလို၊ လတ်တလေမှာ Free Agent ဖြစ်နေတဲ့ ပဲလေ့ ဂိုးသမားဟောင်း ကာဗယ် လီယာရီ ကိုလဲ ခေါ်ယူမှာ မဟုတ်ဘူးလို့ အတည်ပြု ပြောဆို သွားခဲ့ပါတယ်။
* အသင်းရဲ့ ပထမဦးစား ပေး ဂိုးသမား အီဒါဆင် ဖြစ်ပြီး၊ ဒုတိယ ဦးစားပေး ကတော့ မူရစ် ဖြစ်ကာ၊ တတိယ ဦးစားပေး ဂိုးသမားက ဂရင်ဝါဆော ဖြစ်တယ်လို့ ပက်ကိုယ်တိုင်က အတည်ပြု ထုတ်ဖော် ပြောဆိုသွား ခဲ့ပါတယ်။
* ဝုဖ်နဲ့ ကစားမယ့် ကစားသမား စာရင်း
ဂိုးသမား – အီဒါဆင်
နောက်တန်း – ဝေါ်ကာ၊ ကွန်ပနီ၊ လာပေါ်တေး၊ မန်ဒီ
အလယ်တန်း – ဖာနန်ဒင်ဟို၊ ဂွန်ဒိုဂန်၊ ဆေးဗား၊ စတာလင်း၊ ဘာနာဒိုဆေးဗား
ရှေ့တန်း – အဂွေးရိုး
အရံ ကစား သမား စာရင်း – မူရစ်၊ စတုန်း၊ ဒဲ့ဖ်၊ ဆာနေး၊ မာရက်၊ အော်တာမန်ဒီ၊ ဂျေဇု