Man u

ယူနုိက္တက္ ရဲ႕ မ်က္ႏွစ္သစ္ ခံစစ္မႈး ဟယ္ရီ မက္ဂြဲယား ကေတာ့ ခ်ဲလ္ဆီး ကို ဂုိးျပတ္ ႏုိင္ခဲ့တဲ့ ပြဲ အၿပီး မွာ ခ်ီးက်ဳး ေျပာဆိုမႈ ေတြ ၀န္းရံ လို႔ ေနခဲ့ ပါတယ္ ။ အထူး သျဖင့္ ယူႏုိက္တက္ ကစား သမားး ေဟာင္းေတြ ဟာ ေပါင္ သန္း ၈၀ တန္ လက္စတာ ခံစစ္မႈးေဟာင္း ကို သေဘာက် ႏွစ္သက္ ခဲ့ၾကၿပီး အသင္းရဲ႕ အားနည္း ေနတဲ့ ခံစစ္ ကုိ ဖာေထး ႏုိင္မယ့္သူ လုိ႔ ေျပာဆို လာခဲ့ ၾကပါတယ္ ။

မက္ဂြဲယား နဲ႔ အတူ ေနာက္ခံလူသစ္ ဘစ္ဆာကာ ဟာလည္း ေျခစြမ္းျပ ခဲ့ၿပီး ပြဲရဲ႕ ရွင္းထုတ္မႈ အမ်ားဆံုး ၊ ျဖတ္ယူမႈ အမ်ားဆံုး ၊ ေလ်ာထိုး ဖ်က္ထုတ္မႈ အမ်ားဆံုး စာရင္းေတြ မွာ သူတို႔ ၂ ဦး က ပထမ နဲ႔ ဒုတိယ ေနရာ ေတြ ကို ရယူ ထားခဲ့ ၾကပါတယ္ ။

ယူႏုိက္တက္ အသင္း ေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္ ကလည္း ဟယ္ရီ မက္ဂြဲယား ကို ခ်ီးက်ဳး စကား ဆုိခဲ့ ၿပီး ခံစစ္မႈး ေကာင္း တစ္ဦးမွာ ရွိတဲ့ အရည္ အေသြး ( တည္ၿငိမ္ျခင္း ၊ ေနာက္တန္းမွာ အခ်ိန္မျဖဳန္းျခင္း ၊ အျမင့္ေဘာ အားသာျခင္း ၊ အသင္းေဖာ္ေတြ အတြက္ ကာဗာ ေပးႏုိင္ျခင္း စသည္ ) ေတြ ကို ေတြ႕ျမင္ ခဲ့၇တယ္ လုိ႔ ဆုိသြား ခဲ့ ပါတယ္ ။

နည္းျပ ဆုိးရွား ကေတာ့ ကြင္းလယ္လူ မာတာ ၊ မာတစ္ နဲ႔ ေနာက္ခံလူ အက္ရွ္ေလယန္း တို႔ဟာ အသင္းသား ေတြ အထဲ မွာ ဦးစီး ဦးေဆာင္ ျပဳသူ ေတြ ျဖစ္တယ္လို႔ ဆုိသြားခဲ့ ပါတယ္ ။ ခ်ဲလ္ဆီး နဲ႔ ပြဲမွာေတာ့ ဒီဂီယာ ကို ကပၸတိန္ အျဖစ္ နဲ႔ ပြဲထုတ္ သြားခဲ့ ပါတယ္ ။

ယူႏုိက္တက္ ပရိသတ္ေတြ ဟာ ခ်ဲလ္ဆီး နဲ႔ ပြဲ မွာ Sky Sports ရဲ႕ သံုးသပ္တင္ဆက္သူ အျဖစ္ နဲ႔ အုိးထရက္ဖုိဒ့္ ကို တစ္ေခါက္ ျပန္ေရာက္ လာခဲ့တဲ့ နည္းျပေဟာင္း ေမာ္ရင္ဟို ကို လက္ျပႏႈတ္ဆက္ ခဲ့ၾက ပါတယ္ ။ ေမာ္ရင္ဟို ကလည္း ပရိသတ္ေတြ ကို လက္ျပၿပီး အနမ္းေခြ် ႏႈတ္ဆက္သြားခဲ့ တာေၾကာင့္ နည္းျပ ေဟာင္း အေပၚ မုန္းတီးသူ မရွိေၾကာင္း ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။

ဆိုးရွား ဟာ ခ်ဲလ္ဆီး နဲ႔ ပြဲ မွာ လူငယ္အမ်ားစု ကို ပြဲထုတ္ ခဲ့ၿပီး အသင္းရဲ႕ ပ်မ္းမွ် အသက္ ဟာ ၂၄ ႏွစ္ နဲ႔ ၂၂၇ ရက္ သာ ရွိခဲ့ တာေၾကာင့္ ပြဲစဥ္ ( ၁ ) ရဲ႕ ပြဲထြက္ စာရင္း ၂၀ ထဲ မွာ အသက္ အငယ္ဆံုး အျဖစ္ မွတ္တမ္း ၀င္သြားခဲ့ ပါတယ္ ။

ယူႏုိက္တက္ အတြက္ ၂ ဂုိး ဖန္တီးေပး ခဲ့တဲ့ ေပါ့ဘာ ဟာ ဆုိးရွား စတင္ ကိုင္တြယ္ ခ်ိန္က စၿပီး ၁၈ ဂုိး ( ၁၀ ဂုိး သြင္း ၊ ၈ ဂုိး ဖန္တီး ) ပါ၀င္ ပတ္သက္ထားခဲ့တယ္လို႔ သိရ ပါတယ္ ။

ဟယ္ရီ မက္ဂြဲယား ၊ ဘစ္ဆာကာ ၊ ရက္ဖိုဒ့္ နဲ႔ ေပါ့ဘာ တို႔ ဟာ ပြဲစဥ္ ( ၁ ) အတြက္ BBC, Daily Mail, Premier League Official တို႔ ရဲ႕ တစ္ပတ္တာ အေကာင္းဆံုး အသင္း စာရင္းမွာ ပါ၀င္ ခဲ့ၾက ပါတယ္ ။

မားကပ္ ရက္ဖိုဒ့္ ဟာ စီနီယာ အသင္း မွာ ကစားလာခဲ့တဲ့ ကာလ တစ္ေလ်ာက္ အသင္းႀကီး ၅ သင္း ဘက္ကို သြင္းယူ ခဲ့တဲ့ ဂုိး အေရ အတြက္ ဟာ ၁၀ ဂုိး အထိ ရွိလာခဲ့ ၿပီျဖစ္ ပါတယ္ ။ အသင္းႀကီးေတြ ဘက္ကို ဂုိးသြင္း ႏုိင္ခဲ့တဲ့ ပြဲေတြ ထဲမွာ မန္စီးတီး ကို ၂ – ၁ နဲ႔ အေရးနိမ့္ ခဲ့တဲ့ တစ္ပြဲသာ ရွဳံးခဲ့ၿပီး က်န္ပြဲ အားလံုး ( ၆ ပြဲ ) မွာ အႏုိင္ ရခဲ့ ပါတယ္ ။ အသင္းႀကီးေတြ နဲ႔ ဆံုေတြ႕ တဲ့ ပြဲေတြ မွာ ရက္ဖုိဒ့္ ရဲ႕ သြင္းဂုိးေတြ ဟာ ယူႏုိက္တက္ အတြက္ ကံေကာင္းမႈေတြ ကို ယူေဆာင္ ေပးႏုိင္ ခဲ့တယ္ ဆုိရင္လည္း မွားႏုိင္ မယ္ မထင္ ပါဘူး ။

ယူႏုိက္တက္ အတြက္ ပြဲဦးထြက္ မွာ ဂုိးသြင္း ယူႏုိင္ခဲ့ တဲ့ ေ၀းလ္ ေတာင္ပံ ကစား သမားေလး ဒန္နီရယ္ ဂ်ိမ္းစ္ ကေတာ့ Adiddas နဲ႔ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆို ႏုိင္ခဲ့ၿပီ ျဖစ္ေၾကာင္း ဆိုရွယ္ မီဒီယာ ကေန အသိေပး သြားခဲ့ ပါတယ္ ။

James

ၿပီးခဲ့တဲ့ အပတ္ ဟာ မန္ခ်က္စတာ ယူႏုိက္တက္ အတြက္ ခ်ဳိၿမိန္ တဲ့ ရက္သတၱပတ္ ျဖစ္ခဲ့ၿပီး စီနီယာ အသင္းႀကီး သာ မက ယူ-၂၃ နဲ႔ ယူ-၁၈ အသင္းေတြ ကလည္း ေပးဂုိး မရွိ တဲ့ ဂုိးျပတ္ ႏုိင္ပြဲ ေတြ ကို ရယူႏုိင္ ခဲ့ ၾကပါတယ္ ။

ယူႏုိက္တက္ ဟာ လာမယ့္ အပတ္ မွာေတာ့ ၀ု ဗာဟမ္တန္ အသင္း ရဲ႕ အိမ္ကြင္း ကို သြားေရာက္ ယွဥ္ၿပဳိင္ ရမွာ ျဖစ္ၿပီး တနလၤာေန႔ ည မွ ကစားမွာ ျဖစ္တာေၾကာင့္ နားရက္ ပိုမို ရရွိ မွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

================================================

ယူနိုက်တက် ရဲ့ မျက်နှစ်သစ် ခံစစ်မှုး ဟယ်ရီ မက်ဂွဲယား ကတော့ ချဲလ်ဆီး ကို ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲ အပြီး မှာ ချီးကျုး ပြောဆိုမှု တွေ ၀န်းရံ လို့ နေခဲ့ ပါတယ် ။ အထူး သဖြင့် ယူနိုက်တက် ကစား သမားး ဟောင်းတွေ ဟာ ပေါင် သန်း ၈၀ တန် လက်စတာ ခံစစ်မှုးဟောင်း ကို သဘောကျ နှစ်သက် ခဲ့ကြပြီး အသင်းရဲ့ အားနည်း နေတဲ့ ခံစစ် ကို ဖာထေး နိုင်မယ့်သူ လို့ ပြောဆို လာခဲ့ ကြပါတယ် ။

မက်ဂွဲယား နဲ့ အတူ နောက်ခံလူသစ် ဘစ်ဆာကာ ဟာလည်း ခြေစွမ်းပြ ခဲ့ပြီး ပွဲရဲ့ ရှင်းထုတ်မှု အများဆုံး ၊ ဖြတ်ယူမှု အများဆုံး ၊ လျောထိုး ဖျက်ထုတ်မှု အများဆုံး စာရင်းတွေ မှာ သူတို့ ၂ ဦး က ပထမ နဲ့ ဒုတိယ နေရာ တွေ ကို ရယူ ထားခဲ့ ကြပါတယ် ။

ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ် ကလည်း ဟယ်ရီ မက်ဂွဲယား ကို ချီးကျုး စကား ဆိုခဲ့ ပြီး ခံစစ်မှုး ကောင်း တစ်ဦးမှာ ရှိတဲ့ အရည် အသွေး ( တည်ငြိမ်ခြင်း ၊ နောက်တန်းမှာ အချိန်မဖြုန်းခြင်း ၊ အမြင့်ဘော အားသာခြင်း ၊ အသင်းဖော်တွေ အတွက် ကာဗာ ပေးနိုင်ခြင်း စသည် ) တွေ ကို တွေ့မြင် ခဲ့ရတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

နည်းပြ ဆိုးရှား ကတော့ ကွင်းလယ်လူ မာတာ ၊ မာတစ် နဲ့ နောက်ခံလူ အက်ရှ်လေယန်း တို့ဟာ အသင်းသား တွေ အထဲ မှာ ဦးစီး ဦးဆောင် ပြုသူ တွေ ဖြစ်တယ်လို့ ဆိုသွားခဲ့ ပါတယ် ။ ချဲလ်ဆီး နဲ့ ပွဲမှာတော့ ဒီဂီယာ ကို ကပ္ပတိန် အဖြစ် နဲ့ ပွဲထုတ် သွားခဲ့ ပါတယ် ။

ယူနိုက်တက် ပရိသတ်တွေ ဟာ ချဲလ်ဆီး နဲ့ ပွဲ မှာ Sky Sports ရဲ့ သုံးသပ်တင်ဆက်သူ အဖြစ် နဲ့ အိုးထရက်ဖိုဒ့် ကို တစ်ခေါက် ပြန်ရောက် လာခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟို ကို လက်ပြနှုတ်ဆက် ခဲ့ကြ ပါတယ် ။ မော်ရင်ဟို ကလည်း ပရိသတ်တွေ ကို လက်ပြပြီး အနမ်းချွေ နှုတ်ဆက်သွားခဲ့ တာကြောင့် နည်းပြ ဟောင်း အပေါ် မုန်းတီးသူ မရှိကြောင်း မြင်တွေ့ ခဲ့ရ ပါတယ် ။

ဆိုးရှား ဟာ ချဲလ်ဆီး နဲ့ ပွဲ မှာ လူငယ်အများစု ကို ပွဲထုတ် ခဲ့ပြီး အသင်းရဲ့ ပျမ်းမျှ အသက် ဟာ ၂၄ နှစ် နဲ့ ၂၂၇ ရက် သာ ရှိခဲ့ တာကြောင့် ပွဲစဉ် ( ၁ ) ရဲ့ ပွဲထွက် စာရင်း ၂၀ ထဲ မှာ အသက် အငယ်ဆုံး အဖြစ် မှတ်တမ်း ၀င်သွားခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ၂ ဂိုး ဖန်တီးပေး ခဲ့တဲ့ ပေါ့ဘာ ဟာ ဆိုးရှား စတင် ကိုင်တွယ် ချိန်က စပြီး ၁၈ ဂိုး ( ၁၀ ဂိုး သွင်း ၊ ၈ ဂိုး ဖန်တီး ) ပါ၀င် ပတ်သက်ထားခဲ့တယ်လို့ သိရ ပါတယ် ။

ဟယ်ရီ မက်ဂွဲယား ၊ ဘစ်ဆာကာ ၊ ရက်ဖိုဒ့် နဲ့ ပေါ့ဘာ တို့ ဟာ ပွဲစဉ် ( ၁ ) အတွက် BBC, Daily Mail, Premier League Official တို့ ရဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်း စာရင်းမှာ ပါ၀င် ခဲ့ကြ ပါတယ် ။

မားကပ် ရက်ဖိုဒ့် ဟာ စီနီယာ အသင်း မှာ ကစားလာခဲ့တဲ့ ကာလ တစ်လျောက် အသင်းကြီး ၅ သင်း ဘက်ကို သွင်းယူ ခဲ့တဲ့ ဂိုး အရေ အတွက် ဟာ ၁၀ ဂိုး အထိ ရှိလာခဲ့ ပြီဖြစ် ပါတယ် ။ အသင်းကြီးတွေ ဘက်ကို ဂိုးသွင်း နိုင်ခဲ့တဲ့ ပွဲတွေ ထဲမှာ မန်စီးတီး ကို ၂ – ၁ နဲ့ အရေးနိမ့် ခဲ့တဲ့ တစ်ပွဲသာ ရှုံးခဲ့ပြီး ကျန်ပွဲ အားလုံး ( ၆ ပွဲ ) မှာ အနိုင် ရခဲ့ ပါတယ် ။ အသင်းကြီးတွေ နဲ့ ဆုံတွေ့ တဲ့ ပွဲတွေ မှာ ရက်ဖိုဒ့် ရဲ့ သွင်းဂိုးတွေ ဟာ ယူနိုက်တက် အတွက် ကံကောင်းမှုတွေ ကို ယူဆောင် ပေးနိုင် ခဲ့တယ် ဆိုရင်လည်း မှားနိုင် မယ် မထင် ပါဘူး ။

ယူနိုက်တက် အတွက် ပွဲဦးထွက် မှာ ဂိုးသွင်း ယူနိုင်ခဲ့ တဲ့ ဝေးလ် တောင်ပံ ကစား သမားလေး ဒန်နီရယ် ဂျိမ်းစ် ကတော့ Adiddas နဲ့ စပွန်ဆာ စာချုပ် ချုပ်ဆို နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဆိုရှယ် မီဒီယာ ကနေ အသိပေး သွားခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ အပတ် ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ချိုမြိန် တဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပြီး စီနီယာ အသင်းကြီး သာ မက ယူ-၂၃ နဲ့ ယူ-၁၈ အသင်းတွေ ကလည်း ပေးဂိုး မရှိ တဲ့ ဂိုးပြတ် နိုင်ပွဲ တွေ ကို ရယူနိုင် ခဲ့ ကြပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် အပတ် မှာတော့ ၀ု ဗာဟမ်တန် အသင်း ရဲ့ အိမ်ကွင်း ကို သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး တနင်္လာနေ့ ည မှ ကစားမှာ ဖြစ်တာကြောင့် နားရက် ပိုမို ရရှိ မှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR