BBC နဲ႔ Sky Sports တို႔မွာေဘာလံုးပြဲေဝဖန္သူအျဖစ္ လုပ္ကိုင္ေနတဲ႔ အဲလက္စ္ စေကာ့ဟာ အာဂ်င္တီးနား စတားမက္ဆီ အေပၚ ေဝဖန္ခဲ႔တဲ႔ မွတ္ခ်က္ တခုေျကာင့္ ပရိသတ္ေတြနဲ႔ ျပသနာတက္ေနရျပီ ျဖစ္ပါတယ္။အဲလက္စ္စေကာ့ က မန္စီးတီး နည္းျပျကီးဂြာဒီယိုလာအေနနဲ႕ လက္ရွိသူ႔အသင္းမွာမက္ဆီကိုေရြးခ်ယ္မွာ မဟုတ္ဘူးလို႔ မျကာေသးမီက ေဝဖန္ထားခဲ႔တာျဖစ္ပါတယ္။

အဲလက္စ္ စေကာ့ဟာဒီအေျကာင္းေတြကို ခရစ္ကာမာရာ နဲ႔ ျပဳလုပ္ခဲ႔တဲ႔ တနဂၤေႏြ ေန႔ ကအစီအစဥ္တခုျဖစ္တဲ႔ goals on sunday မွာ ေျပာဆိုမိခဲ႔တာျဖစ္ပါတယ္။ထိုအစီအစဥ္မွာ စေကာ့က -” ဂြာဒီယိုလာရဲ႕ မန္စီးတီး အသင္းဘယ္လိုကစားေနတယ္ဆိုတာ တခ်က္ေလာက္ျကည့္ လိုက္စမ္းပါရွင္။အားလံုးက ရာႏွဳန္းျပည့္တမ္ပို နဲ႔ အတူဖိအားေပးျကိုးစားေနျကတာျဖစ္ပါတယ္။ဒါေျကာင့္ လည္း ေမးခြန္းထုတ္စရာလိုသလားဆိုတာေတာင္ က်ြန္မ မသိပါဘူး။

ဒါေပမယ္ ့ မက္ဆီ ဟာ မက္ဆီ ပဲ ဆုိတာ က်ြန္မနားလည္ပါတယ္။သူဟာ ပြဲေတြ ကို အႏိုင္ရေအာင္ လုပ္ေဆာင္ေပးႏိုင္သူျဖစ္ပါတယ္။ဒါေပမယ့္ မန္စီးတီး အသင္းရဲ႕ ကစားသမား တဦးခ်င္းစီတိုင္းက ျပိဳင္ဘက္ေတြကို ဖိအားေပးကစားေနျကတာျဖစ္ပါတယ္။ဒါဟာမတူညီတဲ႔ တမ္ပိုလည္းျဖစ္ပါတယ္ ” လို႔ေျပာဆိုမိခဲ႔တာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း သူ႔အစီ အစဥ္ရဲ႕ ပရိသတ္ အခ်ိဳ႔ကို ေလ်ွာ့ခ္ရသြားေစခဲ႔ျပီး ေဝဖန္မွဳေတြကို ခံလာရတာျဖစ္ပါတယ္။သူဟာ မက္ဆီ ရဲ႔ အသင္းအတြင္း ပါဝင္ေနမွဳကိုေတာင္ ေမးခြန္းထုတ္ေနတာလားဆိုတဲ႔ ယူဆမွဳေတြကိုပါ ခံလာရတာျဖစ္ပါတယ္။

ဒီလို အေျခအေနေတြေျကာင့္ အဲလက္စ္ စေကာ့ က သူမရဲ႕ တြစ္တာအေကာင့္ကေန –
” ယေန႔ ေခတ္ မန္စီးတီး အသင္းမွာ မက္ဆီက ပါဝင္ျပီး အသားက်ႏိုင္မယ္လို႔ ယူဆပါသလား ? သူအသားက်ႏိုင္မယ္ဆိုတာအားလံုး အသိပဲျဖစ္ပါတယ္။ဒါေပမယ့္ ျပီးခဲ႔တဲ႔ အစီအစဥ္တုန္းက က်ြန္မေျပာခဲ႔တာက ဂြာဒီယိုလာအေနနဲ႔ မက္ဆီ အသားက်ႏိုင္ဖို႔အတြက္ မန္စီးတီး အသင္းရဲ႕ ျပင္းထန္တဲ႔ ဖိအားေပး ကစားပံုကို ျပင္မယ္လို႕ ထင္ပါသလားဆိုတဲ႔ အျမင္ပဲျဖစ္ပါတယ္။ဒီလိုသာဆိုရင္ သူျပင္ပါ့ မလားရွင္ ” လို႔ေရးသားတုန္႔ျပန္သြားခဲ႕ပါတယ္။

Messi

အဆိုပါ တြစ္တာ post အေပၚ ပရိသတ္တဦးက –
” ဒါဟာ အေတာ္ေလးကိုစိတ္ဝင္စားဖို႔ေကာင္းတဲ႔ ေမးခြန္းတခုျဖစ္ပါတယ္ ” လို႔မွတ္ခ်က္ေပးတုန္႔ျပန္ခဲ႔ပါတယ္။အျခားသူတဦးကလည္း ” ေမးသင့္တဲ႕ ေမးခြန္းျဖစ္ပါတယ္။ဒီေန႔ ေခတ္ မန္စီးတီး အသင္းက တဦးတေယာက္တည္းကို ယံုျကည္ကိုးစားလြန္းေနတဲ႔ အသင္းမ်ိဳးမဟုတ္ေတာ့ပါဘူူး။ဒီေန႔ေခတ္ ဘာကာနဲ႔ ယွဥ္ျကည့္တဲ႕ အခါ ဂြာဒီီယိုလာရဲ႕ မန္စီးတီး အသင္းမွာ ျမင္ရမယ့္ အလွတရားလည္းျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

အဲလက္စ္ စေကာ့ ဟာ အဂၤလန္ နဲ႔ အာဆင္နယ္ အသင္းေတြရဲ႕ အမ်ိဳးသမီးေဘာလံုး သမားေဟာင္းတဦးျဖစ္ျပီးကစားသမား ဘဝကေန အနားယူအျပီးBBC နဲ႔ Sky Sports တို႔မွာ ေဘာလံုးေဝဖန္သံုးသပ္သူအျဖစ္လုပ္ကိုင္ေနတာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

မက်ဆီဟာ မန်စီးတီး အသင်းမှာကစားဖို့ အဆင့်မမီဘူး ဆိုတဲ့ မှတ်ချက်အပေါ်ပြန်လည်ဖြေရှင်းနေရပြီဖြစ်တဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူအမျိုးသမီး
=================================

BBC နဲ့ Sky Sports တို့မှာဘောလုံးပွဲဝေဖန်သူအဖြစ် လုပ်ကိုင်နေတဲ့ အဲလက်စ် စကော့ဟာ အာဂျင်တီးနား စတားမက်ဆီ အပေါ် ဝေဖန်ခဲ့တဲ့ မှတ်ချက် တခုကြောင့် ပရိသတ်တွေနဲ့ ပြသနာတက်နေရပြီ ဖြစ်ပါတယ်။အဲလက်စ်စကော့ က မန်စီးတီး နည်းပြကြီးဂွာဒီယိုလာအနေနဲ့ လက်ရှိသူ့အသင်းမှာမက်ဆီကိုရွေးချယ်မှာ မဟုတ်ဘူးလို့ မကြာသေးမီက ဝေဖန်ထားခဲ့တာဖြစ်ပါတယ်။

အဲလက်စ် စကော့ဟာဒီအကြောင်းတွေကို ခရစ်ကာမာရာ နဲ့ ပြုလုပ်ခဲ့တဲ့ တနင်္ဂနွေ နေ့ ကအစီအစဉ်တခုဖြစ်တဲ့ goals on sunday မှာ ပြောဆိုမိခဲ့တာဖြစ်ပါတယ်။ထိုအစီအစဉ်မှာ စကော့က -” ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဘယ်လိုကစားနေတယ်ဆိုတာ တချက်လောက်ကြည့် လိုက်စမ်းပါရှင်။အားလုံးက ရာနှုန်းပြည့်တမ်ပို နဲ့ အတူဖိအားပေးကြိုးစားနေကြတာဖြစ်ပါတယ်။ဒါကြောင့် လည်း မေးခွန်းထုတ်စရာလိုသလားဆိုတာတောင် ကျွန်မ မသိပါဘူး။

ဒါပေမယ် ့ မက်ဆီ ဟာ မက်ဆီ ပဲ ဆိုတာ ကျွန်မနားလည်ပါတယ်။သူဟာ ပွဲတွေ ကို အနိုင်ရအောင် လုပ်ဆောင်ပေးနိုင်သူဖြစ်ပါတယ်။ဒါပေမယ့် မန်စီးတီး အသင်းရဲ့ ကစားသမား တဦးချင်းစီတိုင်းက ပြိုင်ဘက်တွေကို ဖိအားပေးကစားနေကြတာဖြစ်ပါတယ်။ဒါဟာမတူညီတဲ့ တမ်ပိုလည်းဖြစ်ပါတယ် ” လို့ပြောဆိုမိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း သူ့အစီ အစဉ်ရဲ့ ပရိသတ် အချို့ကို လျှော့ခ်ရသွားစေခဲ့ပြီး ဝေဖန်မှုတွေကို ခံလာရတာဖြစ်ပါတယ်။သူဟာ မက်ဆီ ရဲ့ အသင်းအတွင်း ပါဝင်နေမှုကိုတောင် မေးခွန်းထုတ်နေတာလားဆိုတဲ့ ယူဆမှုတွေကိုပါ ခံလာရတာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် အဲလက်စ် စကော့ က သူမရဲ့ တွစ်တာအကောင့်ကနေ –
” ယနေ့ ခေတ် မန်စီးတီး အသင်းမှာ မက်ဆီက ပါဝင်ပြီး အသားကျနိုင်မယ်လို့ ယူဆပါသလား ? သူအသားကျနိုင်မယ်ဆိုတာအားလုံး အသိပဲဖြစ်ပါတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ အစီအစဉ်တုန်းက ကျွန်မပြောခဲ့တာက ဂွာဒီယိုလာအနေနဲ့ မက်ဆီ အသားကျနိုင်ဖို့အတွက် မန်စီးတီး အသင်းရဲ့ ပြင်းထန်တဲ့ ဖိအားပေး ကစားပုံကို ပြင်မယ်လို့ ထင်ပါသလားဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ဒီလိုသာဆိုရင် သူပြင်ပါ့ မလားရှင် ” လို့ရေးသားတုန့်ပြန်သွားခဲ့ပါတယ်။

အဆိုပါ တွစ်တာ post အပေါ် ပရိသတ်တဦးက –
” ဒါဟာ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတခုဖြစ်ပါတယ် ” လို့မှတ်ချက်ပေးတုန့်ပြန်ခဲ့ပါတယ်။အခြားသူတဦးကလည်း ” မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ဒီနေ့ ခေတ် မန်စီးတီး အသင်းက တဦးတယောက်တည်းကို ယုံကြည်ကိုးစားလွန်းနေတဲ့ အသင်းမျိုးမဟုတ်တော့ပါဘူူး။ဒီနေ့ခေတ် ဘာကာနဲ့ ယှဉ်ကြည့်တဲ့ အခါ ဂွာဒီီယိုလာရဲ့ မန်စီးတီး အသင်းမှာ မြင်ရမယ့် အလှတရားလည်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

အဲလက်စ် စကော့ ဟာ အင်္ဂလန် နဲ့ အာဆင်နယ် အသင်းတွေရဲ့ အမျိုးသမီးဘောလုံး သမားဟောင်းတဦးဖြစ်ပြီးကစားသမား ဘဝကနေ အနားယူအပြီးBBC နဲ့ Sky Sports တို့မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

SPORTS MYANMAR