Arnold

လီဗာပူး ကြင္းလယ္လူေဟာင္း ဒန္နီမာဖီက ထရန္အလက္ဇန္းဒါးအာႏုိး ရဲ႕ ျဖတ္တင္ေဘာေတြဟာ မန္ယူႏုိက္တက္ ရဲ႕ ဟီးရုိး ေဒးဗစ္ဘက္ခမ္း ဒီလုိ စြမ္းရည္ေတြကို ျပန္လည္ အမွတ္ရေစတယ္လို႕ ဆုိသြားပါတယ္။

အလီဆြန္ ဒဏ္ရာရေနတာေၾကာင့္ ဂုိးသမားသစ္ အက္ဒရီယန္ဟာ လာမည့္ ဗုဒၶဟူးေန႕ ခ်ဲလ္ဆီး အသင္းနဲ႕ ယူအီးအက္ဖ္ေအ စူပါဖလား ဖို္င္နယ္မွာ လီဗာပူး အတြက္ ပထမဦးဆံုး ပြဲထြက္ ပါ၀င္ခြင့္ ရေတာ့မွာ ျဖစ္ျပီး လီဗာပူးဟာ ဖိုင္နယ္ ၄ ခုမွာ မတူညီတဲ့ ဂုိးသမား ေလးဦးနဲ႕ ယွဥ္ျပိဳင္ ရမွာ ျဖစ္ပါတယ္။

ကြင္းလယ္လူ ဂ်ီနီ၀ုိင္နယ္ဒန္ က ဒီရာသီ လီဗာပူး အသင္း ေအာင္ျမင္မွဳ ရရွိမွသာလွ်င္ သူတုိ႕ အသင္းရဲ႕ ေႏြရာသီ အေျပာင္းအေရြ႕ လွဳပ္ရွားမွဳ ကင္းမဲ့ခဲ့တာကို ေမးခြန္း ထုတ္မွဳေတြ ရပ္တန္႕ သြားမွာ ျဖစ္တယ္လို႕ ၀န္ခံ လိုက္ပါတယ္။

Wijnaldum

ေဂ်မီကာေရဂါ က လီဗာပူး အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ title race မွာ လက္ရွိ ခ်န္ပီယံ မန္စီးတီး အသင္းကို ျဖိဳလွဲ သြားဖို႕ ရုန္းကန္ သြားရလိမ့္မယ္လို႕ မွတ္ခ်က္ ေပးလိုက္ျပီး အေၾကာင္းရင္း ကေတာ့ ပက္ဂြာဒီယုိလာ ရဲ႕ အသင္းဟာ ခ်န္ပီယံ ျဖစ္ဖို႕ အတြက္ ရမွတ္ ၁၀၀ ပတ္၀န္းက်င္ ရမွ ျဖစ္ႏုိင္မယ္ ဆုိတဲ့ စံႏွဳန္းကို ျပီးခဲ့တဲ့ ၂ ရာသီက ဖလားဆြတ္ခူးျပီး သတ္မွတ္လိုက္တာေၾကာင့္လို႕ ေျပာလိုက္ ပါတယ္။

လီဗာပူးဟာ ဂိုးသမား လိုအပ္ခ်က္ေၾကာင့္ အေမရိကန္ ရာသီၾကိဳ ခရီးစဥ္တုန္းက အသင္းနဲ႕ ပူးေပါင္းေလ့က်င့္ ေစခဲ့တဲ့ အသက္ ၃၅ ႏွစ္ အရြယ္ ဂိုးသမား အန္ဒီလိုနာဂန္ ကုိ တစ္ရာသီ စာခ်ဳပ္ခ်ဳပ္ဖို႕ သေဘာတူညီမွဳ ရခဲ့ျပီး ၎ဟာ ခ်ဲလ္ဆီးနဲ႕ စူပါဖလားမွာ အသင္းရဲ႕ အရန္ဂိုးသမား အျဖစ္ ပါ၀င္ လာႏိုင္ပါတယ္။

အန္ဒီေရာဘတ္ဆန္ က ျပီးခဲ့တဲ့ ဇြန္လက လီဗာပူး အသင္း ဆြတ္ခူး ႏုိ္င္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ဖလားဟာ ကလပ္ရဲ႕ ကာလရွည္ ေအာင္ျမင္မွဳေတြရဲ႕ အစ ျဖစ္တယ္ဆုိတာ သက္ေသ ျပသြားရန္ ခ်ဲလ္ဆီးနဲ႕ ယူအီးအက္ဖ္ေအ စူပါဖလား မတုိင္မီ ေျပာလိုက္ ပါတယ္။

ဒီဗုိ႕အိုရီဂီ က ျပီးခဲ့တဲ့ ရာသီကုန္က ၎ရဲ႕ အနာဂတ္ ကို ဆံုးျဖတ္ ေနခ်ိန္မွာ မသိစိတ္က လီဗာပူး အသင္းမွာ ဆက္ေနရန္ အသိေပး ခဲ့တယ္လို႕ ဖြင့္ဟ ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ရာသီကုန္က လီဗာပူး ကေန ထြက္ခြာ လာခဲ့တဲ့ စတားရစ္ခ်္ဟာ လက္ရွိ အခ်ိန္မွာေတာ့ ကလပ္ အသင္း ၁၃ သင္းေက်ာ္ရဲ႕ စိတ္၀င္စားမွဳကို ခံေနရျပီး အဆိုပါ အသင္းေတြ ထဲမွာ ဖီနာဘာခ်ီ ၊ ဘက္ဆစ္တပ္ ၊ ထရက္ဇြန္စေပါ ၊ မာေဆး ၊ ဖရန္႕ဖတ္ ၊ ဘက္တစ္ ၊ အတၱလန္တာ ၊ ဒီစီယူႏုိက္တက္ တုိ႕လို နာမည္ၾကီး အသင္းေတြ ပါ၀င္ ေနပါတယ္။

လီဗာပူးဟာ ေနာက္ခံလူ ဒီဂ်န္ေလာ့ဗရန္ အတြက္ ေခၚေစ်းကို ယူရုိ ၂၈ သန္းမွ ယူရုိ သန္း ၂၀ အထိ ေလ်ာ့ခ် ေပးခဲ့တယ္လို႕ သတင္းေတြ ထြက္ခဲ့ျပီး Sky Italia ရဲ႕ ေဖာ္ျပခ်က္ အရ ကေတာ့ ခရုိေအးရွား ေနာက္ခံလူဟာ ရုိးမား အသင္း ကို ေျပာငး္ေရြ႕ရန္ ပုဂၢိဳလ္ေရး ဆုိင္ရာ သေဘာတူညီခ်က္ ရရွိ သြားခဲ့ကာ တစ္ႏွစ္ကို ယူရုိ ၃ သန္း ရရွိမယ္လို႕ သိရပါတယ္။

Lovren

ထရန္ အလက္ဇန္းဒါးအာႏုိး က အလီဆြန္ ဒဏ္ရာေၾကာင့္ အနည္းဆံုး တစ္လ နားေနရခ်ိန္မွာ ဂိုးသမားသစ္ အက္ဒရီယန္ဟာ ဒီေနရာကို ၀င္ေရာက္ အစားထိုးကာ အေကာင္းဆံုး ကူညီ ေပးႏုိင္ လိမ့္မယ္လို႕ ယံုၾကည္ထားေၾကာင္း ေျပာလိုက္ ပါတယ္။

ဂယ္ရီနဗီးက မန္စီးတီးဟာ လာမည့္ ႏွစ္အနည္းငယ္ အတြင္း ပက္ဂြာဒီယိုလာ ထြက္ခြာသြားမယ့္ အေရးနဲ႕ ရင္ဆုိင္ ရမယ့္ အျပင္ ယာဂန္ကေလာ့ ကလည္း ဆာလား ဒါမွမဟုတ္ အဓိက ကစားသမား တစ္ဦးဦးကုိ ဆံုးရွံဳး ႏုိင္တာေၾကာင့္ ယူႏုိက္တက္ ဒီအခြင့္အေရးကို ရယူကာ ဖလား စိန္ေခၚဖို႕ အဆင္သင့္ ျဖစ္ေနေအာင္ ျပင္ဆင္ထားဖို႕ လိုအပ္တယ္လို႕ ဆုိသြား ပါတယ္။

မန္ယူႏုိက္တက္ ေနာက္ခံလူေဟင္း ေပါလ္ပါကာ က အာရြန္၀မ္ဘစ္ဆာကာ ဟာ ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆံုး ညာေနာက္ခံလူ လို႕ ဆုိလိုက္ျပီး ၎ရဲ႕ ဘက္ေပါင္းစံု အရည္အေသြးဟာ လီဗာပူးရဲ႕ အလက္ဇန္းဒါးအာႏုိး ထက္ ပိုသာတယ္လို႕ ယံုၾကည္ ေနပါတယ္။

ေဂ်မီကာေရဂါ က ျပီးခဲ့တဲ့ ရာသီ လီဗာပူး အသင္းရဲ႕ ခ်န္ပီယံလိဂ္ ဖလား ေအာင္ျမင္မွဳဟာ ဒီရာသီ ပရီးမီးယားလိဂ္ ဖလား အတြက္ မန္စီးတီးကို ေကာင္းေကာင္း ယွဥ္ျပိဳင္ ႏုိင္တယ္ ဆိုတဲ့ ယံုၾကည္မွဳကို ရသြား ေစတယ္လို႕ ဆုိလိုက္ ပါတယ္။

SPORTS MYANMAR

Unicode

လီဗာပူး သတင်းတိုများ

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီက ထရန်အလက်ဇန်းဒါးအာနိုး ရဲ့ ဖြတ်တင်ဘောတွေဟာ မန်ယူနိုက်တက် ရဲ့ ဟီးရိုး ဒေးဗစ်ဘက်ခမ်း ဒီလို စွမ်းရည်တွေကို ပြန်လည် အမှတ်ရစေတယ်လို့ ဆိုသွားပါတယ်။

အလီဆွန် ဒဏ်ရာရနေတာကြောင့် ဂိုးသမားသစ် အက်ဒရီယန်ဟာ လာမည့် ဗုဒ္ဓဟူးနေ့ ချဲလ်ဆီး အသင်းနဲ့ ယူအီးအက်ဖ်အေ စူပါဖလား ဖို်င်နယ်မှာ လီဗာပူး အတွက် ပထမဦးဆုံး ပွဲထွက် ပါ၀င်ခွင့် ရတော့မှာ ဖြစ်ပြီး လီဗာပူးဟာ ဖိုင်နယ် ၄ ခုမှာ မတူညီတဲ့ ဂိုးသမား လေးဦးနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

ကွင်းလယ်လူ ဂျီနီဝိုင်နယ်ဒန် က ဒီရာသီ လီဗာပူး အသင်း အောင်မြင်မှု ရရှိမှသာလျှင် သူတို့ အသင်းရဲ့ နွေရာသီ အပြောင်းအရွေ့ လှုပ်ရှားမှု ကင်းမဲ့ခဲ့တာကို မေးခွန်း ထုတ်မှုတွေ ရပ်တန့် သွားမှာ ဖြစ်တယ်လို့ ၀န်ခံ လိုက်ပါတယ်။

ဂျေမီကာရေဂါ က လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် title race မှာ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းကို ဖြိုလှဲ သွားဖို့ ရုန်းကန် သွားရလိမ့်မယ်လို့ မှတ်ချက် ပေးလိုက်ပြီး အကြောင်းရင်း ကတော့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ ချန်ပီယံ ဖြစ်ဖို့ အတွက် ရမှတ် ၁၀၀ ပတ်ဝန်းကျင် ရမှ ဖြစ်နိုင်မယ် ဆိုတဲ့ စံနှုန်းကို ပြီးခဲ့တဲ့ ၂ ရာသီက ဖလားဆွတ်ခူးပြီး သတ်မှတ်လိုက်တာကြောင့်လို့ ပြောလိုက် ပါတယ်။

လီဗာပူးဟာ ဂိုးသမား လိုအပ်ချက်ကြောင့် အမေရိကန် ရာသီကြို ခရီးစဉ်တုန်းက အသင်းနဲ့ ပူးပေါင်းလေ့ကျင့် စေခဲ့တဲ့ အသက် ၃၅ နှစ် အရွယ် ဂိုးသမား အန်ဒီလိုနာဂန် ကို တစ်ရာသီ စာချုပ်ချုပ်ဖို့ သဘောတူညီမှု ရခဲ့ပြီး ၎င်းဟာ ချဲလ်ဆီးနဲ့ စူပါဖလားမှာ အသင်းရဲ့ အရန်ဂိုးသမား အဖြစ် ပါ၀င် လာနိုင်ပါတယ်။

အန်ဒီရောဘတ်ဆန် က ပြီးခဲ့တဲ့ ဇွန်လက လီဗာပူး အသင်း ဆွတ်ခူး နို်င်ခဲ့တဲ့ ချန်ပီယံလိဂ် ဖလားဟာ ကလပ်ရဲ့ ကာလရှည် အောင်မြင်မှုတွေရဲ့ အစ ဖြစ်တယ်ဆိုတာ သက်သေ ပြသွားရန် ချဲလ်ဆီးနဲ့ ယူအီးအက်ဖ်အေ စူပါဖလား မတိုင်မီ ပြောလိုက် ပါတယ်။

ဒီဗို့အိုရီဂီ က ပြီးခဲ့တဲ့ ရာသီကုန်က ၎င်းရဲ့ အနာဂတ် ကို ဆုံးဖြတ် နေချိန်မှာ မသိစိတ်က လီဗာပူး အသင်းမှာ ဆက်နေရန် အသိပေး ခဲ့တယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီကုန်က လီဗာပူး ကနေ ထွက်ခွာ လာခဲ့တဲ့ စတားရစ်ချ်ဟာ လက်ရှိ အချိန်မှာတော့ ကလပ် အသင်း ၁၃ သင်းကျော်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး အဆိုပါ အသင်းတွေ ထဲမှာ ဖီနာဘာချီ ၊ ဘက်ဆစ်တပ် ၊ ထရက်ဇွန်စပေါ ၊ မာဆေး ၊ ဖရန့်ဖတ် ၊ ဘက်တစ် ၊ အတ္တလန်တာ ၊ ဒီစီယူနိုက်တက် တို့လို နာမည်ကြီး အသင်းတွေ ပါ၀င် နေပါတယ်။

လီဗာပူးဟာ နောက်ခံလူ ဒီဂျန်လော့ဗရန် အတွက် ခေါ်စျေးကို ယူရို ၂၈ သန်းမှ ယူရို သန်း ၂၀ အထိ လျော့ချ ပေးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး Sky Italia ရဲ့ ဖော်ပြချက် အရ ကတော့ ခရိုအေးရှား နောက်ခံလူဟာ ရိုးမား အသင်း ကို ပြောငး်ရွေ့ရန် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီချက် ရရှိ သွားခဲ့ကာ တစ်နှစ်ကို ယူရို ၃ သန်း ရရှိမယ်လို့ သိရပါတယ်။

ထရန် အလက်ဇန်းဒါးအာနိုး က အလီဆွန် ဒဏ်ရာကြောင့် အနည်းဆုံး တစ်လ နားနေရချိန်မှာ ဂိုးသမားသစ် အက်ဒရီယန်ဟာ ဒီနေရာကို ၀င်ရောက် အစားထိုးကာ အကောင်းဆုံး ကူညီ ပေးနိုင် လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ပြောလိုက် ပါတယ်။

ဂယ်ရီနဗီးက မန်စီးတီးဟာ လာမည့် နှစ်အနည်းငယ် အတွင်း ပက်ဂွာဒီယိုလာ ထွက်ခွာသွားမယ့် အရေးနဲ့ ရင်ဆိုင် ရမယ့် အပြင် ယာဂန်ကလော့ ကလည်း ဆာလား ဒါမှမဟုတ် အဓိက ကစားသမား တစ်ဦးဦးကို ဆုံးရှုံး နိုင်တာကြောင့် ယူနိုက်တက် ဒီအခွင့်အရေးကို ရယူကာ ဖလား စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆိုသွား ပါတယ်။

မန်ယူနိုက်တက် နောက်ခံလူဟေင်း ပေါလ်ပါကာ က အာရွန်ဝမ်ဘစ်ဆာကာ ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ညာနောက်ခံလူ လို့ ဆိုလိုက်ပြီး ၎င်းရဲ့ ဘက်ပေါင်းစုံ အရည်အသွေးဟာ လီဗာပူးရဲ့ အလက်ဇန်းဒါးအာနိုး ထက် ပိုသာတယ်လို့ ယုံကြည် နေပါတယ်။

ဂျေမီကာရေဂါ က ပြီးခဲ့တဲ့ ရာသီ လီဗာပူး အသင်းရဲ့ ချန်ပီယံလိဂ် ဖလား အောင်မြင်မှုဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလား အတွက် မန်စီးတီးကို ကောင်းကောင်း ယှဉ်ပြိုင် နိုင်တယ် ဆိုတဲ့ ယုံကြည်မှုကို ရသွား စေတယ်လို့ ဆိုလိုက် ပါတယ်။

SPORTS MYANMAR