ာေရဂါ

လီဗာပူး အသင္း ရဲ႕ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါ က အာဆင္နယ္ အသင္းဟာ ျပီးခဲ့တဲ့ ရာသီတုန္းက အေဝးကြင္း ရလဒ္ ဆုိးရြားမႈကုိ ေခ်ဖ်က္ႏုိင္ဖုိ႔ အတြက္ ခံစစ္ထက္ တုိက္စစ္ အင္အား ကုိ ဦးစားေပး ျဖည့္တင္းခဲ့တာ ျဖစ္ႏုိင္ေၾကာင္း သုံးသပ္ ေျပာၾကား သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ေႏြရာသီ အေျပာင္းအေရႊ႕ ကာလမွာ တုိက္စစ္ အင္အား ျဖည့္တင္းမႈ အျဖစ္ လုိင္လီ အသင္း ေတာင္ပံ ကစားသမား နီကုိလပ္စ္ ပီပီ ကုိ ကလပ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္း နဲ႔ ေခၚယူ ခဲ့သလုိ ၊ ဘရာဇီး လူငယ္ တုိက္စစ္မွဴ း မာတီနယ္လီ ႏွင့္ ရီးရဲလ္မက္ဒရစ္ ကြင္းလယ္လူ ဆီဘယ္ေလာ့ တုိ႕ကုိလည္း ေခၚယူ ခဲ့ပါတယ္ ။

ခံစစ္ပုိင္း အင္အား ျဖည့္တင္းမႈ အျဖစ္ေတာ့ ဘယ္ေနာက္ခံလူ တီယာေနး ၊ ဗဟုိ ေနာက္ခံလူ ေဒးဗစ္ လူးဝဇ္ နဲ႔ ဆာလီဘာ တုိ႔ကုိ ေခၚယူ ခဲ့ ျပီး ဆာလီဘာ ကုိေတာ့ တစ္ရာသီ အငွား ျပန္ ခ် ထား ခဲ့ ပါ တယ္ ။ ကာေရဂါကေတာ့ အာဆင္နယ္ အသင္းဟာ အေဝးကြင္းမွာ ဂုိးပုိမုိ ရဖုိ႔အတြက္ တုိက္စစ္ကုိ ပုိမုိ အင္အား ျဖည့္တင္းခဲ့တာ ျဖစ္ႏုိင္ေၾကာင္း ဆုိပါတယ္ ။

ကာေရဂါ က ” အာဆင္နယ္ အသင္းက ဗဟုိ ေနာက္ခံလူ ေခၚဖုိ႔ လုိအပ္ေနတဲ့ အခ်ိန္မွာ နီကုိလပ္စ္ ပီပီ ကုိ ေပါင္ သန္း ၇၀ ေပးျပီး ဘာေၾကာင့္ ေခၚလုိက္တာလဲ ဆုိတာ ပရိသတ္ေတြက ေမးခြန္းထုတ္ ၾကပါတယ္ ။ အာဆင္နယ္ အသင္းဘက္က ျပန္ၾကည့္ရင္လည္း သူတုိ႔က အိမ္ကြင္းမွာ ရလဒ္ေကာင္းသေလာက္ အေဝးကြင္းဆုိ စိတ္ပ်က္စရာ အေနအထားပါ ။”

” ဒါေၾကာင့္ ခံစစ္ကုိ အင္အား ျဖည့္တင္းမယ့္အစား အေဝးကြင္းမွာ ဂုိးပုိ ရဖုိ႔ အတြက္ တုိက္စစ္ကုိ အင္အား ျဖည့္တင္းလုိက္တာက ပုိေကာင္းမယ္လုိ႔ ေတြးမိၾကမွာပါ ။ အျပင္မွာလည္း ထိပ္တန္း ခံစစ္ ကစားသမား ေကာင္းေကာင္းေတြ အမ်ားၾကီးမွ မရွိတာဗ်ာ ။ “လုိ႔ သုံးစပ္ သြားခဲ့ပါတယ္ ။

အာဆင္နယ္ အသင္းဟာ ျပီးခဲ့တဲ့ ရာသီတုန္းက ပရီးမီးယားလိဂ္ အေဝးကြင္း ၁၉ ပြဲမွာ ၇ ပြဲသာ အႏုိင္ရခဲ့ျပီး Clean-Sheet တစ္ပြဲသာ ရယူ ႏုိင္ခဲ့ပါတယ္ ။ အာဆင္နယ္ အသင္းထက္ အေဝးကြင္း ေပးဂုိး ပုိမ်ားခဲ့တဲ့ အသင္းဆုိလုိ႔ ဘန္ေလ ၊ ဘုန္းေမာက္ ၊ ဟက္ဒါဖီးလ္ ၊ ဖူလ္ဟမ္ ေလးသင္းသာ ရွိပါတယ္ ။

ဆက္လက္ျပီး ကာေရဂါ က အာဆင္နယ္ နည္းျပ အူႏုိင္း အမ္မရီ ရဲ႕ ၾကိဳ းစားအားထုတ္မႈ အေပၚ ထုတ္ေဖာ္ ခ်ီးက်ဴ း သြားခဲ့ျပီး ဂန္းနားတုိ႔ဟာ ဒီရာသီမွာေတာ့ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရႏုိင္ေၾကာင္း သုံးသပ္ ေျပာၾကား သြားခဲ့ပါတယ္ ။

” က်ေနာ့္အေနနဲ႔ အူႏုိင္း အမ္မရီ ကို တစ္ခါမွ အေကာင္းမျမင္တာမ်ဴ ိး မရွိခဲ့ပါဘူး ။ သူ႔ကုိ ၾကည့္ရတာ ရာေဖးလ္ ဘင္နီတက္ဇ္ ကုိ ျပန္ေတြ႕ေနရသလုိပါပဲ ။ ေလ့လာမႈ အားေကာင္းသလုိ အာရုံ စူးစုိက္မႈလည္း အျပည့္ ရွိပါတယ္ ။ က်ြန္ေတာ္ကေတာ့ သူတုိ႔ ထိပ္ဆုံးေလးသင္းထဲ ဝင္ႏုိင္မယ္လုိ႔ ထင္ပါတယ္ ။ ” လုိ႔ ဆုိပါတယ္ ။

SPORTS MYANMAR

Unicode

အာဆင်နယ် အသင်းဟာ ခံစစ်ထက် တိုက်စစ် အင်အားကို ဘာကြောင့် ဦးစားပေး အင်အားဖြည့်တင်းခဲ့တာလဲဆိုတာ သုံးသပ်လိုက်တဲ့ #ကာရေဂါ
============================

လီဗာပူး အသင်း ရဲ့နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အဝေးကွင်း ရလဒ် ဆိုးရွားမှုကို ချေဖျက်နိုင်ဖို့ အတွက် ခံစစ်ထက် တိုက်စစ် အင်အား ကို ဦးစားပေး ဖြည့်တင်းခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ် အင်အား ဖြည့်တင်းမှု အဖြစ် လိုင်လီ အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ရ၂ သန်း နဲ့ ခေါ်ယူ ခဲ့သလို ၊ ဘရာဇီး လူငယ် တိုက်စစ်မှူ း မာတီနယ်လီ နှင့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဆီဘယ်လော့ တို့ကိုလည်း ခေါ်ယူ ခဲ့ပါတယ် ။

ခံစစ်ပိုင်း အင်အား ဖြည့်တင်းမှု အဖြစ်တော့ ဘယ်နောက်ခံလူ တီယာနေး ၊ ဗဟို နောက်ခံလူ ဒေးဗစ် လူးဝဇ် နဲ့ ဆာလီဘာ တို့ကို ခေါ်ယူ ခဲ့ ပြီး ဆာလီဘာ ကိုတော့ တစ်ရာသီ အငှား ပြန် ချ ထား ခဲ့ ပါ တယ် ။ ကာရေဂါကတော့ အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဂိုးပိုမို ရဖို့အတွက် တိုက်စစ်ကို ပိုမို အင်အား ဖြည့်တင်းခဲ့တာ ဖြစ်နိုင်ကြောင်း ဆိုပါတယ် ။

ကာရေဂါ က ” အာဆင်နယ် အသင်းက ဗဟို နောက်ခံလူ ခေါ်ဖို့ လိုအပ်နေတဲ့ အချိန်မှာ နီကိုလပ်စ် ပီပီ ကို ပေါင် သန်း ရ၀ ပေးပြီး ဘာကြောင့် ခေါ်လိုက်တာလဲ ဆိုတာ ပရိသတ်တွေက မေးခွန်းထုတ် ကြပါတယ် ။ အာဆင်နယ် အသင်းဘက်က ပြန်ကြည့်ရင်လည်း သူတို့က အိမ်ကွင်းမှာ ရလဒ်ကောင်းသလောက် အဝေးကွင်းဆို စိတ်ပျက်စရာ အနေအထားပါ ။”

” ဒါကြောင့် ခံစစ်ကို အင်အား ဖြည့်တင်းမယ့်အစား အဝေးကွင်းမှာ ဂိုးပို ရဖို့ အတွက် တိုက်စစ်ကို အင်အား ဖြည့်တင်းလိုက်တာက ပိုကောင်းမယ်လို့ တွေးမိကြမှာပါ ။ အပြင်မှာလည်း ထိပ်တန်း ခံစစ် ကစားသမား ကောင်းကောင်းတွေ အများကြီးမှ မရှိတာဗျာ ။ “လို့ သုံးစပ် သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် အဝေးကွင်း ၁၉ ပွဲမှာ ရ ပွဲသာ အနိုင်ရခဲ့ပြီး Clean-Sheet တစ်ပွဲသာ ရယူ နိုင်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းထက် အဝေးကွင်း ပေးဂိုး ပိုများခဲ့တဲ့ အသင်းဆိုလို့ ဘန်လေ ၊ ဘုန်းမောက် ၊ ဟက်ဒါဖီးလ် ၊ ဖူလ်ဟမ် လေးသင်းသာ ရှိပါတယ် ။

ဆက်လက်ပြီး ကာရေဂါ က အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ရဲ့ ကြို းစားအားထုတ်မှု အပေါ် ထုတ်ဖော် ချီးကျူ း သွားခဲ့ပြီး ဂန်းနားတို့ဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

” ကျနော့်အနေနဲ့ အူနိုင်း အမ်မရီ ကို တစ်ခါမှ အကောင်းမမြင်တာမျူ ိး မရှိခဲ့ပါဘူး ။ သူ့ကို ကြည့်ရတာ ရာဖေးလ် ဘင်နီတက်ဇ် ကို ပြန်တွေ့နေရသလိုပါပဲ ။ လေ့လာမှု အားကောင်းသလို အာရုံ စူးစိုက်မှုလည်း အပြည့် ရှိပါတယ် ။ ကျွန်တော်ကတော့ သူတို့ ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်မယ်လို့ ထင်ပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR