Lampard

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာ ကစား ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ မထင်မှတ်ပဲ ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ လူငယ် ကစားသမား ၂ဦး ကို ပွဲထုတ် ခဲ့ပြီး ကစားပုံလည်း ကောင်းမွန် ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ခံစစ် ကစားပုံ ဆိုးရွားမှု တွေနဲ့ အတူ အခုလို ယူနိုက်တက် ကို ၄ဂိုးပြတ် နဲ့ အရှုံးပေး ခဲ့ရတာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် မရှိသလို အဓိက ကစားသမား တချို့ ကလည်း ကာလရှည် ဒဏ်ရာကြောင့် ယခုအထိ ချယ်လ်ဆီး အသင်း အတွက် ကစားပေးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ် ။ အခုအချိန် ဟာ အဖွင့် ပွဲစဉ် တပွဲသာ ရှိသေးတာကြောင့် ဒီ ရှုံးပွဲ ကနေ သင်ခန်းစာ ယူနိုင်ရင် ရှေ့ဆက် နိုင်ပွဲ တွေ ပြန်ပြီး ရရှိ နိုင်ပါတယ် ။

Chelsea

လက်ရှိ အင်္ဂလန် အမျိုးသမီး အသင်း လက်ရွေးစင် နည်းပြ ဖီးလ်နဗီးလ် ကတော့ ချယ်လ်ဆီး အသင်း ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ပေမယ့် ခြေစွမ်း ကောင်းနေဆဲ ဖြစ်သလို ၊ မကြာခင် မှာ ကြံ့ခိုင်မှု ပြည့်ဝ လာဖို့ ရှိနေတဲ့ ကန်တေ ၊ ရူဒီဂါ ၊ ဝီလီယံ တို့လို စီနီယာ ကစားသမား တွေကို လက်ရှိ လူငယ် ကစားသမား တွေနဲ့ ပူးပေါင်း နိုင်မယ် ဆိုရင် အသင်း အတွက် ပိုကောင်း နိုင်တယ် လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

BBC Match of the Day အစီအစဉ် မှာ နဗီးလ် က ” ကျွန်တော် ထင်တာကတော့ ဒီပွဲ ဟာ ၄ – ၀ ပွဲ မဟုတ်ပါဘူး ။ ချယ်လ်ဆီး အသင်း ရဲ့ ကစားပုံ ကောင်းမွန် ခဲ့ပါတယ် ။ ခင်ဗျားသာ ဖရန့် လမ်းပတ် သာ ဖြစ်မယ် ဆိုရင် ဒီည ပွဲစဉ် မှာ ခင်ဗျား ရဲ့ ကစားသမား တွေ အရမ်း ကြိုးစား ကစား ခဲ့ကြတာကို မြင်တွေ့ ရမှာပါ ။ ဒါပေမယ့် ကန်တေ ၊ ရူဒီဂါ ၊ ဝီလီယံ တို့ အသင်း မှာ ပြန်ပြီး ပါဝင် နိုင်မယ် ဆိုရင် ပိုပြီး အတွေ့အကြုံ ရင့်ကျက်မှု တွေကို တွေ့နိုင်မှာပါ ။ ”

Phil Neville

” အခု အချိန် မှာတော့ လမ်းပတ် အနေနဲ့ လက်ရှိ ရှိရင်းစွဲ လူငယ် ကစားသမား တွေကို အားထား ရဖို့ ရှိပါတယ် ။ ကျွန်တော့ အမြင်မှာတော့ ဒါဟာ အင်္ဂလန် ဘောလုံး လောက အတွက် ကောင်းပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ တဖက်မှာ Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန်သူ ပေါလ်မာဆင် ကတော့ မန်ယူနိုက်တက် နဲ့ ရှုံးပွဲ က ချယ်လ်ဆီး အသင်း ရဲ့ ကစားပုံ တချို့ ကို အခုလို သုံးသပ် ပြောဆို ခဲ့ပါတယ် ။

မာဆင် က ” ပထမပိုင်း ၄၅ မိနစ် မှာ ချယ်လ်ဆီး အသင်း ရဲ့ ကစားပုံ ကြည့်ကောင်း ခဲ့တယ်ပဲ ဆိုရမှာပါ ။ ဒါပေမယ့် လိုအပ် နေတဲ့ အဆုံးသတ်ပိုင်း အတွက် မဖြည့်ဆည်း ပေးနိုင်ခဲ့ပါဘူး ။ တမ်မီ အေဘရာဟမ် ဟာလည်း ခြေစွမ်း တိုးတက်ဖို့ အတွက် အချိန်ယူဖို့ လိုပါမယ် ။ သူဟာ အရင် က ချန်ပီယံရှစ် မှာ ကစား ခဲ့ဖူးပါတယ် ။ အဲ့ဒီ ကနေ အကျင့်ဆိုး တွေ ရလာခဲ့တာပါ ။ ချန်ပီယံရှစ် က ပွဲတိုင်း နီးပါး မှာ တပွဲကို ဂိုးကန်သွင်းခွင့် ၆ကြိမ်လောက် ကို ရတတ်ပါတယ် ။ ”

” မေဆင်မောင့်တ် ကတော့ စည်းစနစ် ကျတဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ ကစားချိန် ပိုရတဲ့အခါ သူဟာ ပိုကောင်းတဲ့ ကစားသမား ဖြစ်လာမှာပါ ။ ဒါပေမယ့် မနေ့ကပွဲ မှာ ကျွန်တော့ ကို အထူး စိတ်ပျက် သွားစေတဲ့ တချက် တော့ ရှိခဲ့ပါတယ် ။ ပွဲက ၃ဂိုးပြတ် နဲ့ ရှုံးနေတဲ့ အချိန် ၊ အဲ့ဒီ အချိန် ရောက်မှ အန်ဂိုလို ကန်တေ က ဝင်လာတယ် ။ ကျွန်တော် စဉ်းစား မိတယ် ။ ဘာ အတွက်တုန်း ? သူသာ မနေ့ကပွဲကို ကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝ နေတယ် ဆိုရင် သူ့ကို ပွဲအစ ကတည်းက သုံးသင့်ပါတယ် ။ ”

” အကယ်၍ သူ့ရဲ့ ကြံ့ခိုင်မှု မပြည့်သေးဘူး ဆိုရင် ပွဲပြီးခါနီး မိနစ် ၂၀ မှာ ကန်တေကို လူစားဝင်ခိုင်း သေးလဲ ? ခင်ဗျား တို့ကတော့ ပြောကောင်းပြောပါလိမ့်မယ် ။ နောက်တပတ် လက်စတာ နဲ့ အိမ်ကွင်း အဖွင့် ပွဲစဉ် ရှိသေးတယ် ၊ အဲ့ဒီ အတွက် ကြိုတင် ပြင်ဆင် ထားလို့ ရတယ် လို့ အကြံပေး နိုင်ပါတယ် ။ ဒါပေမယ့် မနေ့က ပွဲမှာ ကန်တေ ကို ပွဲပြီးဖို့ မိနစ် ၂၀ အလိုလောက် မှ ထည့်သုံးတာတော့ ကျွန်တော် အတော်လေး အံ့သြမိပါတယ် ။ ”

” ဒါဟာ ၄ – ၀ နဲ့ ရှုံးနိမ့် ခဲ့တာချည်း သက်သက် မဟုတ်ပါဘူး ။ ကိုယ့် အသင်း က ဘယ်လို ပုံစံ နဲ့ ရှုံးနိမ့် ခဲ့တယ် ဆိုတာပါ ပေါ်လွင် နေပါတယ် ။ ဒါဟာ ဖရန့် အတွက် မတူညီ တဲ့ အလုပ် တခု ဖြစ်ပါတယ် ။ သူဟာ ဒီနိုင်ငံ ရဲ့ အကြီးမားဆုံး ကလပ် တသင်း ကို ကိုင်တွယ် နေတာ ဖြစ်ပါတယ် ။ ဒါပေမယ့် သူ ဆက်ပြီး သင်ယူ နိုင်မှာပါ ။ ခင်ဗျား အနေနဲ့ ဒီလို အတွေ့အကြုံ ကနေပဲ သင်ယူ နိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR

Unicode