မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် မှာတော့ ပရီးမီးယားလိဂ် ရာသီ အပိတ် ပွဲစဉ် အဖြစ် လက်စတာ စီးတီး အသင်း နဲ့ ရင်ဆိုင် ကစားသွား ရဖို့ ရှိနေ ပါတယ် ။ ဒါဟာ နှစ်ဖက် အသင်း အတွက် အရမ်းကို အရေးကြီး လွန်းတဲ့ ပွဲစဉ် တစ်ပွဲပဲ ဖြစ်ပါတယ် ။

ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက် နဲ့ လက်စတာ စီးတီး အသင်း တို့ဟာ လက်ရှိ အချိန်မှာ ရမှတ် တစ်မှတ်သာ ခြားနား နေလို့ ပါပဲ ။ ဒီပွဲမှာ အနိုင် ရရှိတဲ့ အသင်းဟာ နောက် ရာသီ မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ မှာပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် တို့က သရေ တစ်မှတ် ရယူ နိုင်ရုံ နဲ့ နောက် တစ်ဆင့် တက်ရောက် နိုင်မှာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် သရေ တစ်မှတ် ရရုံ နဲ့ နောက် တစ်ဆင့် တက်ရောက် နိုင်မယ့် ယူနိုက်တက် တို့ဟာ အဆိုပါ ပွဲစဉ်မှာ ခံစစ် ပိတ်ပြီး ကစား မလား ၊ ဘယ်လို ကစားကွက် သုံးမလဲ ဆိုတာ စိတ်ဝင်စား ဖွယ်ရာ ဖြစ်နေခဲ့ရ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ သူဟာ တိုက်စစ်ဆင် ကစား သွားဖို့ ရှိနေကြောင်း ပွဲ မတိုင်ခင် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ တွေဟာ ပွဲစဉ်ကို အပေါင်း လက္ခဏာ ဆောင်ကျဉ်းတဲ့ စိတ်ဓါတ်နဲ့ သွားကြ မှာပါ ။ ကျွန်တော်တို့ တွေဟာ တိုက်စစ်ဆင် ကစားဖို့ ၊ ဘောလုံးကိုင် ကစား နိုင်ဖို့ ၊ ခံစစ် ကစား ရတဲ့ အချိန် တွေမှာ ဘောလုံး အရ ယူပြီး တိုက်စစ်ဆင် နိုင်ရေး ကိုပဲ အဓိကထား လုပ်ဆောင် သွားကြမှာပါ ”

” လက်စတာ အသင်းဟာ တိုက်စစ် အားသန် အသင်း ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ သိရှိကြ ပါတယ် ။ သူတို့ တွေဟာ ကျွန်တော် တို့ကို ခံစစ် ကစားဖို့ တွန်းအား ပေးကြမှာ ပါပဲ ။ ဒါကို ကျွန်တော်တို့ အကောင်းဆုံး ခုခံ သွားကြမှာပါ ။ သူတို့ တွေက တိုက်စစ် ဆင်မယ် ဆိုရင် ကျွန်တော် တို့ဟာ ဘောလုံး အခြေခံ နည်းတွေ အရ ပြန်လည် တုန့်ပြန် သွားကြမှာ ပါပဲ ”

” ခင်ဗျားတို့ သိတဲ့ အတိုင်း ပါပဲ ၊ ကျွန်တော်တို့ ကောင်းကောင်း ကြိုးစား ကစားဖို့ လိုအပ် ပါတယ် ။ ဒီနေ့ ပွဲစဉ် မှာတော့ ကျွန်တော်တို့ ဖက်က ‘ ကွင်းထဲ ဝင်ရောက်ခွင့် မရရင် တောင်မှ ဒီ ဂျာစီ အတွက် အကောင်းဆုံး ပေးဆပ် ရမယ် ‘ ဆိုတဲ့ စိတ်ဓါတ် အပြည့် နဲ့ သွားရောက် ကစား ရပါ လိမ့်မယ် ။ အဲ့လို စိတ်ဓါတ် က ရလဒ်ကောင်း ရဖို့ လုံလောက် လိမ့်မယ်လို့ ထင်ပါတယ် ”

” ခင်ဗျားဟာ ဘောလုံး ပွဲစဉ် တွေမှာ ရလဒ် တွေကို ဘယ်တော့မှ ထိန်းချုပ်လို့ မရနိုင် ပါဘူး ။ ကျွန်တော်တို့ တွေဟာ ကွင်းထဲက ကစားသမား တွေရဲ့ စွမ်းဆောင်ရည်တွေ ကိုပဲ ထိန်းချုပ် ပေးလို့ ရနိုင်ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။ ဒါ့အပြင် ကစားသမား တွေနဲ့ ပတ်သက်လို့ …

” ကျွန်တော် ကတော့ ပြီးခဲ့တဲ့ ရက် သတ္တပါတ် 5 ပါတ် ၊ 6 ပါတ် အတွင်း သူတို့ လုပ်ဆောင် ခဲ့တဲ့ စွမ်းဆောင်ရည် ကိုပဲ ဆက်လက် မြင်တွေ့ ချင်နေ ပါတယ် ။ ကွင်းထဲ အပြုံး တွေနဲ့ ဝင်ရောက်ရင်း ကြောက်ရွံ့စိတ် လုံးဝ မရှိပဲ ကစားဖို့ ၊ သူတို့ ဘာတွေလဲ ဆိုတာကို ပြသ နိုင်ဖို့ပဲ လိုချင် နေပါတယ် ”

” ကျွန်တော် ကတော့ သူတို့တွေ တိုက်စစ်ဆင် ကစားဖို့ ၊ အခွင့်အရေး တွေကို ဖန်တီးရင်းနဲ့ အကောင်းဆုံး စွမ်းဆောင် နိုင်ဖို့ကိုပဲ မြင်တွေ့ ချင်နေ ပါတယ် ။ ဒါကို ကျွန်တော်တို့ တွေဟာ သက်သေ ပြခဲ့ပြီး ပါပြီ ။ ကျွန်တော် တို့ဟာ တောင့်တင်းတဲ့ အသင်း ဖြစ်တယ် ဆိုတာ ပြခဲ့ပြီး ပါပြီ ”

” ကျွန်တော်တို့ တွေဟာ အခြား အသင်းတွေ အပေါ် ဘယ်လို သဘောထားမျိုးမှ မထားရှိကြ ပါဘူး ။ ကျွန်တော့် ကစားသမား တွေနဲ့ ပတ်သက်လို့ စိုးရိမ်စိတ် လုံးဝ မရှိ ပါဘူး ။ သူတို့ တွေက ခြေစွမ်း ကောင်းမွန် ပြီးသားပါ ။ သူတို့ တွေဟာ လန်းဆန်းပြီး အဆင်သင့် ဖြစ်နေ ကြသူတွေ ပါပဲ ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar