မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သူ ဂျက်စီ လင်ဂတ် က အကယ်ဒမီ ထွက် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ်ကို ချီးကျူးမှု တွေ လုပ်ဆောင် လိုက်ပြီး ဆာလောင်မှု အပြည့် နဲ့ ဆက်လက် ကစားဖို့ အကြံပေး တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

မေဆွန် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ဆုံး ခါနီး တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် စတင် ရရှိခဲ့သူ ဖြစ်ပြီး ပုံစံကောင်း ပြသ နိုင်ခဲ့တဲ့ အတွက် ဒီ ရာသီ မှာ နည်းပြ ဆိုးလ်ရှား ရဲ့ နေရာ ပေးမှု ကို ရရှိ နိုင်ခဲ့ ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ မှာတော့ သူဟာ အသင်း အတွက် ပွဲထွက် ကစားခွင့် အများကြီး ရယူ ထားနိုင် ခဲ့ပြီး ပုံစံကောင်းတွေ ဆက်တိုက် ပြသ နိုင်ခဲ့မှု နဲ့ အတူ လူကာကူ ၊ ဆန်းချက် တို့ ထွက်ခွာသွား ခဲ့တဲ့ အသင်း ရဲ့ တိုက်စစ်ပိုင်း ကွက်လပ်ကို ဖြည့်တင်း ပေးနိုင်ခဲ့ ပါတယ် ။

အခု အချိန် အထိတော့ သူဟာ ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ 17 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ပြီး အသင်းဖော် တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ မာရှယ် ၊ ရပ်ရှ်ဖို့ တို့ရဲ့နောက် ယူနိုက်တက် ရဲ့ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာ နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် လင်ဂတ်ဟာ အကယ်ဒမီထွက် အသင်းဖော် လေးရဲ့ အခွင့်အရေး ရရှိတုန်း ခြေစွမ်း ပြနိုင်မှု တွေကို နှစ်ခြိုက် သဘောကျ နေပြီး ဆာလောင်မှု အပြည့် နဲ့ ဆက်လက် ကစားပေး သွားဖို့ ၊ အကောင်းဆုံး ကြိုးစားဖို့ အကြံပေး တိုက်တွန်း သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

” သူဟာ စီနီယာ အသင်း နဲ့ အတူ လေ့ကျင့်ရေး တွေကို စတင် လုပ်ဆောင်ခွင့် ရရှိ ခဲ့စဉ် ကတည်းက တစ်ကယ့်ကို ထူးခြားတဲ့ ပုံစံကောင်း တွေကို ပြသ ထားနိုင်ခဲ့ ပါတယ် ။ သူဟာ အသက်သာ ငယ်နေသေးပေမယ့် အသင်း အတွက် လိုအပ်တဲ့ သွင်းဂိုးတွေ နဲ့ ဖန်တီးမှု တွေကို လုပ်ဆောင် ပေးထား နိုင်ခဲ့ ပါတယ် ”

” သူဟာ အသင်း အတွက် တစ်ကယ့်ကို ကောင်းမွန် လှတဲ့ ကစားသမား အင်အား ဖြည့်တင်းမှု ပါပဲ ။ သူဟာ ကလေး ဘဝ ကတည်းက အသင်း အတွက် ဂိုးတွေ သွင်းယူ ပေးနိုင် ခဲ့တဲ့ ကောင်လေး တစ်ယောက် ပါပဲ ။ ဒါ့ကြောင့် မန်နေဂျာ က သူ့ရဲ့ အရည်အသွေး တွေကို တွေ့မြင် ခဲ့ပြီး အခုလို နေရာပေး ကစား စေခဲ့တာပါ ”

” ထို့အတူ သူဟာ အသင်း အတွက် ပုံစံကောင်း တွေကို ပြသ နိုင်ခဲ့ ပါတယ် ။ သူ့အတွက် ကတော့ လက်ရှိ အချိန် ဆိုတာက အလုပ်တွေ ဆက်လက် ကြိုးစားဖို့ ၊ လေ့ကျင့်ရေး တွေကို အကောင်းဆုံး လုပ်ဆောင် နိုင်ဖို့ နဲ့ ဆာလောင်မှု အပြည့် နဲ့ ဆက်လက် ကစားဖို့ပဲ လိုအပ် နေပါတယ် ”

” သူဟာ အဲ့တာတွေကို ဖြစ်နိုင်တဲ့ နည်းလမ်း နဲ့ ရအောင် လုပ်ဆောင် ပါလိမ့်မယ် ။ သူဟာ အမြဲတမ်း ဆာလောင် နေတတ်တဲ့ ကစားသမား တစ်ယောက်ပါ ။ ပြီးတော့ ယုံကြည်မှုလည်း အပြည့် ရှိနေသူ တစ်ဦး ပါပဲ ” လို့ လင်ဂတ် က အသင်းဖော် ဖြစ်သူ ကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar