Jesus

ရီးရဲလ္ ၊ယူႏိုက္တက္ ၊ ခ်ဲဆီးလ္ အသင္းေတြရဲ႕ နည္းျပေဟာင္း တဦးျဖစ္တဲ႔ ေမာ္ရင္ဟိုဟာ နည္းျပ ေလာက နဲ႔ အဆက္အသြယ္ျပတ္ေနခဲ႔တာ တႏွစ္ နီးပါး ရွိလာျပီျဖစ္ပါတယ္။သူဟာ ျပီးခဲ႔တဲ႕အပတ္အတြင္း စတင္ခဲ႔တဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ နဲ႔ အျပိဳင္ ဆိုသလိုပဲ ေဘာလံုးေလာက အတြင္းကို ျပန္ဝင္ေရာက္လာပါတယ္။

ဒီေပၚတူဂီ သားျကီးဟာ ကလပ္ အသင္းတသင္းကို ကိုင္တြယ္မယ့္ နည္းျပအျဖစ္ ျပန္ေရာက္လာတာမဟုတ္ပဲ Sky Sports ရဲ႕ ေဘာလံုးပြဲေဝဖန္သံုးသပ္သူအျဖစ္ျပန္လည္ ႏိုင္ငံတကာ ေဘာလံုးစင္ျမင့္ထက္ကို ျပန္ေရာက္လာတာျဖစ္ပါတယ္။’ေရာက္ေရာက္ခ်င္းေဆာက္နဲ႔ထြင္း ‘ ဆိုသလို သူ႔ရဲ႕စကားတခြန္းေျကာင့္ ပရိသတ္ေတြအေတာ္ေလးပြဲက် သြားခဲ႔ရပါေသးတယ္။

အေျကာင္းကေတာ့ ပရီးမီးယားလိဂ္အဆင့္ တစ္ေနရာအတြက္ ဘယ္သူေတြျပိဳင္ဆိုင္သြားမွာလဲ လို႕ ေမးျမန္းရာမွာ ေမာ္ရင္ဟိုက – “မန္စီးတီး အသင္း၊ စပါးအသင္း၊ လီဗာပူး အသင္းနဲ႔ မန္စီးတီး Bအသင္း တို႔ ျဖစ္ပါတယ္။ ပြဲအတြင္းပါဝင္ ျခင္းမရွိတဲ႔ အရံခံုတန္းက ကစားသမားေတြကို ျကည့္လိုက္တဲ႕ အခါမွာ မန္စီးတီး B အသင္းက ခ်န္ပီယံ ဆုအတြက္ ယွဥ္ျပိဳင္ႏိုင္တယ္ဆိုတာကို က်ြန္ေတာ္ ယူဆမိပါတယ္ ” လို႔ေျဖသြားတာေျကာင့္ျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ေပၚတို၊ ရီးရဲလ္၊ အင္တာ၊ ခ်ဲဆီးလ္ ၊ ယူႏိုက္တက္ အစရွိတဲ႔ ဥေရာပ ထိပ္သီး အသင္းေတြကို ကိုင္တြယ္ျပီး ေအာင္ျမင္မွဳေတြ အလီလီ ရရွိထားသူျဖစ္ပါတယ္။ဒီလို နာမည္ေက်ာ္နည္းျပေကာင္းတဦး ရဲ႕ အဆိုဟာ ျဖစ္ႏိုင္ေျခ ေတြအမ်ားျကီးရွိေနတယ္ဆိုတာကို မန္စီးတီး အသင္းရဲ႕ အရံအင္အားကို ေလ့လာသံုးသပ္ရင္းသိျမင္ႏိုင္မွာျဖစ္ပါတယ္။

အရင္ဆံုး အေနနဲ႕ မန္စီးတီး အသင္းရဲ႕ ပြဲထြက္စာရင္းကို ျကည့္ရမွာျဖစ္ပါတယ္။ ၄-၃-၃ ကစားကြက္ကို ခင္းက်င္းေလ့ရွ္တာျဖစ္ျပီး ပါဝင္လာတတ္တဲ႔ ကစားသမားေတြကေတာ့

ဂိုး- အီဒါဆန္

ေနာက္ – ေဝၚကာ၊ လာေပၚေတး၊ ဂ်ြန္စတုန္း၊ ဇင္ခ်န္ကို ။

အလယ္ – ဒီဘရိုင္း၊ဖာနန္ဒင္ဟို၊ေဒးဗစ္ေဆးလ္ဗား။

ေရွ႔ – ဘာနာဒိုေဆးလ္ဗား၊ အေဂြရို၊ စတာလင္ ။တို႔ျဖစ္ျကပါတယ္။ သူတို႔ အသင္းရဲ႕ အရံ ကစားသမားေတြကို ၄-၃-၃ အခင္းအက်င္းနဲ႔ စီစဥ္ျကည့္ရာမွာေတာ့

ဂိုး – ဘရာဗို

ေနာက္ – ကန္ဆယ္လို၊ ေအာ္တာမန္ဒီ၊ ဂါစီယာ၊ မန္ဒီ။

အလယ္- ဂန္ဒိုဂမ္၊ ရိုဒရီ၊ဖိုဒန္။

ေရွ႔ – မာရက္ဇ္၊ ေဂ်းဆု ၊ ဆာေနး ။အစရွိသျဖင့္ ျမင္ေတြ႔ရမွာျဖစ္ပါတယ္။

အရံအသင္းရဲ႕ ဂိုးသမားျဖစ္သူဘရာဗိုဟာ အသက္ ၃၆ႏွစ္အရြယ္ရွိေနျပီျဖစ္ျပီးယမန္ႏွစ္က လိဂ္ပြဲတပြဲမွ ပါဝင္မကစားခဲ႕ရပါဘူး။ဒါေျကာင့္လည္း ပထမဂိုးသမား ျဖစ္သူ ဘရာဇီးလ္သား အီဒါဆန္ နဲ႕ အရည္အေသြးပိုင္း ကြာဟခ်က္ေတာ့ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္ အရံ အသင္းရဲ႕ အျခားေနရာအလိုက္ ကစားသမားေတြကို ျကည့္လိုက္ရင္ ပထမအသင္းသားေတြနဲ႔ သိသိသာသာကြာဟခ်က္ရွိမေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။ေျပာစရာအျဖစ္ လူငယ္ဗဟို ခံစစ္ ကစားသမားေလး ဂါစီယာ ရဲ႕ ေနရာတေနရာသာ ရွိေနတာျဖစ္ပါတယ္။

ေႏြရာသီ အတြင္းမွာဂ်ဴဗီအသင္းကေန ေပါင္သန္း ၆၀နဲ႔ေရာက္လာတဲ႔ ညာေနာက္ခံလူ ကန္ဆယ္လို ဆုိရင္ ေဝၚကာရဲ႕ ေနရာကိုေတာင္ လုယူလာႏိုင္ေျခရွိေနတာျဖစ္ပါတယ္။ဒါေပမယ့္ လီဗာပူး ျကယ္ပြင့္ေလး အာႏိုးက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးညာေနာက္ခံလူအျဖစ္ သတ္မွတ္ႏိုင္ေနတာျဖစ္ပါတယ္။

မန္ဒီကလည္း တခ်ိန္က အေကာင္းဆံုးအရည္အေသြးျပသခဲ႔သူျဖစ္ျပီး ဒဏ္ရာေတြေျကာင့္သာ ပြဲေတြနဲ႔ ေဝးေနခဲ႔တာျဖစ္ပါတယ္။ေအာ္တာမန္ဒီကလည္း ေတာင့္တင္းတဲ႔ ခံစစ္အတြက္ ကစားသမားေကာင္းတဦးအျဖစ္ရွိေနပါတယ္။

ဖာနန္ဒင္ဟိုက ပထမဦးစားေပးအျဖစ္ဆက္ရွိေနႏိုင္ေသးေပမယ့္ ေအတီကို အသင္းကေန ေရာက္လာတဲ့ ရိုဒရီဟာ ဝက္စ္ဟမ္းနဲ႔ ပြဲမွာ ပံုစံေကာင္းျပသႏိုင္ခဲ႔ပါတယ္။သူဟာ အဆိုပါ ဘရာဇီးလ္သားရဲ႕ ေနရာအတြက္ ကာလရွည္ အစားထိုး
ႏိုင္မယ့္ သူျဖစ္လာဖို႔ရွိေနပါတယ္။

Sane

မန္စီးတီး အရံ အသင္းရဲ႕ တိုက္စစ္အင္အားကို ျကည့္လိုက္ရင္လည္း ေျကာက္စရာေကာင္းေနတာကို ျမင္ရမွာျဖစ္ပါတယ္။ဆာေနးဟာ ကစားသမားေကာင္းတဦးျဖစ္ေပမယ့္ စတာလင္ရဲ႕ ေတာက္ေလ်ွာက္ ေကာင္းမြန္တဲ႔ ေျခစြမ္းေတြေျကာင့္ သာ ေနရာေပ်ာက္ေနတာျဖစ္ပါတယ္။

အာဖရိကႏိုင္ငံမ်ားဖလားဆုရွင္မာရက္ဇ္ကလည္း သူ႔ရဲ႕ေျပာင္းေရႊ႕ေျကးေပါင္ သန္း ၆၀ နဲ႔ ထိုက္တန္ေျကာင္းတျဖည္းျဖည္းျပသလာေနျပီျဖစ္ပါတယ္။အေထာင္တိုက္စစ္ မွဴး ေဂ်းဆုက လည္း အေဂြ ရိုနဲ႔ အျပိဳင္ ပြဲထြက္ခြင့္ ေတြရရွိေနျပီျဖစ္ပါတယ္။

ထို႔ေျကာင့္ မန္စီးတီး Bအသင္း ရဲ႕ ေနရာစံုဟာ ျပီးျပည့္စံု မွဳ နီးပါး အထိ ရွိေနတာကိုျမင္ရမွာျဖစ္ပါတယ္။ဒါေျကာင့္လည္း ဟိုေဆးေမာ္ရင္ဟိုရဲ႕ မန္စီးတီး အရံအသင္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ယွဥ္ျပိဳင္ႏိုင္တယ္ဆိုတဲ႔ စကားဟာ မွန္ကန္တယ္လို႕ ေယဘုယ် ေကာက္ခ်က္ခ်ႏိုင္ေနတာျဖစ္ပါတယ္။

SM

Unicode

မန်စီးတီး အရံအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ မော်ရင်ဟိုရဲ့ သုံးသပ်ချက်က ဘာကြောင့်မှန်နိုင်တာလဲ !!!
==================================

ရီးရဲလ် ၊ယူနိုက်တက် ၊ ချဲဆီးလ် အသင်းတွေရဲ့ နည်းပြဟောင်း တဦးဖြစ်တဲ့ မော်ရင်ဟိုဟာ နည်းပြ လောက နဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ တနှစ် နီးပါး ရှိလာပြီဖြစ်ပါတယ်။သူဟာ ပြီးခဲ့တဲ့အပတ်အတွင်း စတင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ နဲ့ အပြိုင် ဆိုသလိုပဲ ဘောလုံးလောက အတွင်းကို ပြန်ဝင်ရောက်လာပါတယ်။

ဒီပေါ်တူဂီ သားကြီးဟာ ကလပ် အသင်းတသင်းကို ကိုင်တွယ်မယ့် နည်းပြအဖြစ် ပြန်ရောက်လာတာမဟုတ်ပဲ Sky Sports ရဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်ပြန်လည် နိုင်ငံတကာ ဘောလုံးစင်မြင့်ထက်ကို ပြန်ရောက်လာတာဖြစ်ပါတယ်။’ရောက်ရောက်ချင်းဆောက်နဲ့ထွင်း ‘ ဆိုသလို သူ့ရဲ့စကားတခွန်းကြောင့် ပရိသတ်တွေအတော်လေးပွဲကျ သွားခဲ့ရပါသေးတယ်။

အကြောင်းကတော့ ပရီးမီးယားလိဂ်အဆင့် တစ်နေရာအတွက် ဘယ်သူတွေပြိုင်ဆိုင်သွားမှာလဲ လို့ မေးမြန်းရာမှာ မော်ရင်ဟိုက – “မန်စီးတီး အသင်း၊ စပါးအသင်း၊ လီဗာပူး အသင်းနဲ့ မန်စီးတီး Bအသင်း တို့ ဖြစ်ပါတယ်။ ပွဲအတွင်းပါဝင် ခြင်းမရှိတဲ့ အရံခုံတန်းက ကစားသမားတွေကို ကြည့်လိုက်တဲ့ အခါမှာ မန်စီးတီး B အသင်းက ချန်ပီယံ ဆုအတွက် ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို ကျွန်တော် ယူဆမိပါတယ် ” လို့ဖြေသွားတာကြောင့်ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ပေါ်တို၊ ရီးရဲလ်၊ အင်တာ၊ ချဲဆီးလ် ၊ ယူနိုက်တက် အစရှိတဲ့ ဥရောပ ထိပ်သီး အသင်းတွေကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ အလီလီ ရရှိထားသူဖြစ်ပါတယ်။ဒီလို နာမည်ကျော်နည်းပြကောင်းတဦး ရဲ့ အဆိုဟာ ဖြစ်နိုင်ခြေ တွေအများကြီးရှိနေတယ်ဆိုတာကို မန်စီးတီး အသင်းရဲ့ အရံအင်အားကို လေ့လာသုံးသပ်ရင်းသိမြင်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး အနေနဲ့ မန်စီးတီး အသင်းရဲ့ ပွဲထွက်စာရင်းကို ကြည့်ရမှာဖြစ်ပါတယ်။ ၄-၃-၃ ကစားကွက်ကို ခင်းကျင်းလေ့ရှ်တာဖြစ်ပြီး ပါဝင်လာတတ်တဲ့ ကစားသမားတွေကတော့

ဂိုး- အီဒါဆန်

နောက် – ဝေါ်ကာ၊ လာပေါ်တေး၊ ဂျွန်စတုန်း၊ ဇင်ချန်ကို ။

အလယ် – ဒီဘရိုင်း၊ဖာနန်ဒင်ဟို၊ဒေးဗစ်ဆေးလ်ဗား။

ရှေ့ – ဘာနာဒိုဆေးလ်ဗား၊ အဂွေရို၊ စတာလင် ။တို့ဖြစ်ကြပါတယ်။ သူတို့ အသင်းရဲ့ အရံ ကစားသမားတွေကို ၄-၃-၃ အခင်းအကျင်းနဲ့ စီစဉ်ကြည့်ရာမှာတော့

ဂိုး – ဘရာဗို

နောက် – ကန်ဆယ်လို၊ အော်တာမန်ဒီ၊ ဂါစီယာ၊ မန်ဒီ။

အလယ်- ဂန်ဒိုဂမ်၊ ရိုဒရီ၊ဖိုဒန်။

ရှေ့ – မာရက်ဇ်၊ ဂျေးဆု ၊ ဆာနေး ။အစရှိသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။

အရံအသင်းရဲ့ ဂိုးသမားဖြစ်သူဘရာဗိုဟာ အသက် ၃၆နှစ်အရွယ်ရှိနေပြီဖြစ်ပြီးယမန်နှစ်က လိဂ်ပွဲတပွဲမှ ပါဝင်မကစားခဲ့ရပါဘူး။ဒါကြောင့်လည်း ပထမဂိုးသမား ဖြစ်သူ ဘရာဇီးလ်သား အီဒါဆန် နဲ့ အရည်အသွေးပိုင်း ကွာဟချက်တော့ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် အရံ အသင်းရဲ့ အခြားနေရာအလိုက် ကစားသမားတွေကို ကြည့်လိုက်ရင် ပထမအသင်းသားတွေနဲ့ သိသိသာသာကွာဟချက်ရှိမနေတာကို တွေ့ရမှာဖြစ်ပါတယ်။ပြောစရာအဖြစ် လူငယ်ဗဟို ခံစစ် ကစားသမားလေး ဂါစီယာ ရဲ့ နေရာတနေရာသာ ရှိနေတာဖြစ်ပါတယ်။

နွေရာသီ အတွင်းမှာဂျူဗီအသင်းကနေ ပေါင်သန်း ၆၀နဲ့ရောက်လာတဲ့ ညာနောက်ခံလူ ကန်ဆယ်လို ဆိုရင် ဝေါ်ကာရဲ့ နေရာကိုတောင် လုယူလာနိုင်ခြေရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် လီဗာပူး ကြယ်ပွင့်လေး အာနိုးက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးညာနောက်ခံလူအဖြစ် သတ်မှတ်နိုင်နေတာဖြစ်ပါတယ်။

မန်ဒီကလည်း တချိန်က အကောင်းဆုံးအရည်အသွေးပြသခဲ့သူဖြစ်ပြီး ဒဏ်ရာတွေကြောင့်သာ ပွဲတွေနဲ့ ဝေးနေခဲ့တာဖြစ်ပါတယ်။အော်တာမန်ဒီကလည်း တောင့်တင်းတဲ့ ခံစစ်အတွက် ကစားသမားကောင်းတဦးအဖြစ်ရှိနေပါတယ်။

ဖာနန်ဒင်ဟိုက ပထမဦးစားပေးအဖြစ်ဆက်ရှိနေနိုင်သေးပေမယ့် အေတီကို အသင်းကနေ ရောက်လာတဲ့ ရိုဒရီဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။သူဟာ အဆိုပါ ဘရာဇီးလ်သားရဲ့ နေရာအတွက် ကာလရှည် အစားထိုး
နိုင်မယ့် သူဖြစ်လာဖို့ရှိနေပါတယ်။

မန်စီးတီး အရံ အသင်းရဲ့ တိုက်စစ်အင်အားကို ကြည့်လိုက်ရင်လည်း ကြောက်စရာကောင်းနေတာကို မြင်ရမှာဖြစ်ပါတယ်။ဆာနေးဟာ ကစားသမားကောင်းတဦးဖြစ်ပေမယ့် စတာလင်ရဲ့ တောက်လျှောက် ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် သာ နေရာပျောက်နေတာဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဖလားဆုရှင်မာရက်ဇ်ကလည်း သူ့ရဲ့ပြောင်းရွှေ့ကြေးပေါင် သန်း ၆၀ နဲ့ ထိုက်တန်ကြောင်းတဖြည်းဖြည်းပြသလာနေပြီဖြစ်ပါတယ်။အထောင်တိုက်စစ် မှူး ဂျေးဆုက လည်း အဂွေ ရိုနဲ့ အပြိုင် ပွဲထွက်ခွင့် တွေရရှိနေပြီဖြစ်ပါတယ်။

ထို့ကြောင့် မန်စီးတီး Bအသင်း ရဲ့ နေရာစုံဟာ ပြီးပြည့်စုံ မှု နီးပါး အထိ ရှိနေတာကိုမြင်ရမှာဖြစ်ပါတယ်။ဒါကြောင့်လည်း ဟိုဆေးမော်ရင်ဟိုရဲ့ မန်စီးတီး အရံအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်တယ်ဆိုတဲ့ စကားဟာ မှန်ကန်တယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်နေတာဖြစ်ပါတယ်။

SM