Rashford

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ တုိက္စစ္မွဴး ေဟာင္း ျဖစ္သူ လူးဝစ္ ဆာဟာ က လက္ရွိ အသင္း ရဲ့ တုိက္စစ္မွဴး ရပ္ရွ္ဖုိ့ ဟာ အနည္းဆံုး သြင္းဂိုး 20 ေလာက္ သြင္းယူ ရ လိမ့္မယ္ လို့ သတိေပး သြားခဲ့ ျပီး မလုပ္ေဆာင္ နုိင္ခဲ့ ပါက ဆင္ေျခ ေပးလို့ ရမွာ မဟုတ္ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အသက္ 21 နွစ္ ရွိျပီ ျဖစ္တဲ့ မားကပ္စ္ ရပ္ရွ္ဖုိ့ ဟာ 2015 တုန္းက ယူနုိက္တက္ အသင္း ကို နည္းျပ လူးဝစ္ ဗန္ဟားလ္ ကိုင္တြယ္ ခဲ့တဲ့ အခ်ိန္ စီနီယာ အသင္း ၾကီး အတြက္ စတင္ ပြဲထြက္ ကစား ခြင့္ ရရွိ ထား ခဲ့ သူပဲ ျဖစ္ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ ဟာ ေႏြ အေျပာင္း အေရႊ့ တုန္းက တုိက္စစ္မွဴး လူကာကူ ကို ေရာင္းခ် ခဲ့တာ ေၾကာင့္ အသင္း အတြက္ ဂိုးေတြ သြင္းဖုိ့ တာဝန္ ေတြဟာ ယူနုိက္တက္ တုိက္စစ္ မွာ ပံုမွန္ ပြဲထြက္ ခြင့္ေတြ ရရိွ ေနတဲ့ ရပ္ရွ္ဖုိ့ အေပၚ က်ေရာက္ လာခဲ့ ပါတယ္ ။

Man u

ဒါ့ေၾကာင့္ အသင္း ရဲ့ အဓိက တုိက္စစ္မွဴး ျဖစ္လာ ခဲ့တဲ့ ေနာက္ ခ်ဲလ္ဆီး နဲ့ အဖြင့္ပြဲ မွာ 2 ဂိုး သြင္းယူ ခဲ့တဲ့ ရပ္ရွ္ဖုိ့ အေန နဲ့ ဒီရာသီ အတြင္း အနိမ့္ဆံုး ဂိုး 20 သြင္းယူ နုိင္ဖုိ့ လိုအပ္ ေၾကာင္း ဆာဟာ က သတိေပး သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။

” ဒီ ရာသီ အတြင္း အနိမ့္ဆံုး ဂိုး 20 ေလာက္ မသြင္း နုိင္ ခဲ့ရင္ ရပ္ရွ္ဖုိ့ အေန နဲ့ ဆင္ေျခ ေတြ ေပးလို့ ရေတာ့ မွာ မဟုတ္ ပါဘူး ။ သူဟာ အခု ဆုိးလ္ရွား ရဲ့ အသင္း မွာ အဓိက တုိက္စစ္ မွဴး ျဖစ္ေန ပါျပီ ။ သူဟာ ပြဲ ကစား ခြင့္ေတြ မ်ားစြာ ရရွိ မွာ ျဖစ္ သလို ဂိုး သြင္းယူ ခြင့္ေတြ လည္း အမ်ားၾကီး ရရွိ ပါ လိမ့္မယ္ ”

” သူဟာ ထူးကဲ ေကာင္းမြန္ လွတဲ့ ကစားသမား တစ္ဦး ျဖစ္တဲ့ အျပင္ ေရႊ ဖိနပ္ ဆု ဆြတ္ခူး နုိင္မယ့္ ေျခစြမ္း မ်ိဳးစံု ကိုလည္း ပိုင္ဆုိင္ ထား ပါတယ္ ။ လ်င္ျမန္ မဳွ ၊ နည္းစနစ္ ပိုင္း ေကာင္းမြန္ မွဳေတြ သူ့ဆီ မွာ ရွိေန ျပီး ေျခေထာက္ ထဲ ေဘာလံုး ရရွိ တဲ့ အခါ မွာလည္း ၾကိဳတင္ ခန့္မွန္း လို့ မရ တဲ့ စြမ္းေဆာင္ရည္ ေတြကို ျပသ နုိင္ ပါတယ္ ”

” တစ္ခါတေလ က်ေတာ့ သူ ေဘာလံုး ကစား တာဟာ တစ္ကယ္ ပဲ စိတ္ပ်က္ ဖုိ့ ေကာင္းလွ ပါတယ္ ။ တုိက္စစ္ မွဴး တစ္ေယာက္ အေန န့ဲ မလုိအပ္ တာ ေတြကို တက္နုိင္ သေလာက္ မလုပ္ေဆာင္ ဖုိ့ ေရွာင္က်ဥ္ ရ ပါ့မယ္ ။ သူ့ အေန နဲ့ ဆက္လက္ အားထုတ္ ၾကိဳးစား ဖုိ့ လုိအပ္ ပါ ေသးတယ္ ”

Rashford

” သူဟာ ငယ္ရြယ္ ပါ ေသးတယ္ ။ ဒါေပမယ့္ ဆုိးလ္ရွား ဟာ သူ့ဆီ ကေန အေကာင္းဆံုး အရာ ေတြကို ထုတ္ယူ နုိင္မယ့္ နည္းျပ မ်ိဳးပါ ။ ဆုိးလ္ရွား ကိုယ္တုိင္ က အခြင့္ အေရး ေတြ ရရွိ တဲ့ အခါ အဆံုးသတ္ ေသခ်ာ မွဳေတြ ျပသ နုိင္ ခဲ့တဲ့ တုိက္စစ္မွဴး တစ္ဦး ျဖစ္ခဲ့ တယ္ေလ ”

” အကယ္လို့ ဆုိးလ္ရွား သာ သူ့ရဲ့ အဆံုးသတ္ စြမ္းရည္ ေတြကို ရပ္ရွ္ဖုိ့ ဆီ အေကာင္းဆံုး ပို့ခ် နုိင္မယ္ ဆုိရင္ သူဟာ တစ္ ရာသီ အတြင္း 20 – 30 ဂိုးေလာက္ ေတာ့ သြင္းယူ နုိင္ပါ လိမ့္မယ္ ” လို့ ဆာဟာ က သံုးသပ္ သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ရပ်ရှ်ဖို့ အနေနဲ့ ဆင်ခြေတွေ ပေးလို့ မရတော့ဘူးလို့ သတိပေးလိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း #ဆာဟာ

================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က လက်ရှိ အသင်း ရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ ဟာ အနည်းဆုံး သွင်းဂိုး 20 လောက် သွင်းယူ ရ လိမ့်မယ် လို့ သတိပေး သွားခဲ့ ပြီး မလုပ်ဆောင် နိုင်ခဲ့ ပါက ဆင်ခြေ ပေးလို့ ရမှာ မဟုတ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အသက် 21 နှစ် ရှိပြီ ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ ဟာ 2015 တုန်းက ယူနိုက်တက် အသင်း ကို နည်းပြ လူးဝစ် ဗန်ဟားလ် ကိုင်တွယ် ခဲ့တဲ့ အချိန် စီနီယာ အသင်း ကြီး အတွက် စတင် ပွဲထွက် ကစား ခွင့် ရရှိ ထား ခဲ့ သူပဲ ဖြစ် ပါတယ် ။

အခုတော့ ယူနိုက်တက် ဟာ နွေ အပြောင်း အရွှေ့ တုန်းက တိုက်စစ်မှူး လူကာကူ ကို ရောင်းချ ခဲ့တာ ကြောင့် အသင်း အတွက် ဂိုးတွေ သွင်းဖို့ တာဝန် တွေဟာ ယူနိုက်တက် တိုက်စစ် မှာ ပုံမှန် ပွဲထွက် ခွင့်တွေ ရရှိ နေတဲ့ ရပ်ရှ်ဖို့ အပေါ် ကျရောက် လာခဲ့ ပါတယ် ။

ဒါ့ကြောင့် အသင်း ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လာ ခဲ့တဲ့ နောက် ချဲလ်ဆီး နဲ့ အဖွင့်ပွဲ မှာ 2 ဂိုး သွင်းယူ ခဲ့တဲ့ ရပ်ရှ်ဖို့ အနေ နဲ့ ဒီရာသီ အတွင်း အနိမ့်ဆုံး ဂိုး 20 သွင်းယူ နိုင်ဖို့ လိုအပ် ကြောင်း ဆာဟာ က သတိပေး သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

” ဒီ ရာသီ အတွင်း အနိမ့်ဆုံး ဂိုး 20 လောက် မသွင်း နိုင် ခဲ့ရင် ရပ်ရှ်ဖို့ အနေ နဲ့ ဆင်ခြေ တွေ ပေးလို့ ရတော့ မှာ မဟုတ် ပါဘူး ။ သူဟာ အခု ဆိုးလ်ရှား ရဲ့ အသင်း မှာ အဓိက တိုက်စစ် မှူး ဖြစ်နေ ပါပြီ ။ သူဟာ ပွဲ ကစား ခွင့်တွေ များစွာ ရရှိ မှာ ဖြစ် သလို ဂိုး သွင်းယူ ခွင့်တွေ လည်း အများကြီး ရရှိ ပါ လိမ့်မယ် ”

” သူဟာ ထူးကဲ ကောင်းမွန် လှတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ အပြင် ရွှေ ဖိနပ် ဆု ဆွတ်ခူး နိုင်မယ့် ခြေစွမ်း မျိုးစုံ ကိုလည်း ပိုင်ဆိုင် ထား ပါတယ် ။ လျင်မြန် မုှ ၊ နည်းစနစ် ပိုင်း ကောင်းမွန် မှုတွေ သူ့ဆီ မှာ ရှိနေ ပြီး ခြေထောက် ထဲ ဘောလုံး ရရှိ တဲ့ အခါ မှာလည်း ကြိုတင် ခန့်မှန်း လို့ မရ တဲ့ စွမ်းဆောင်ရည် တွေကို ပြသ နိုင် ပါတယ် ”

” တစ်ခါတလေ ကျတော့ သူ ဘောလုံး ကစား တာဟာ တစ်ကယ် ပဲ စိတ်ပျက် ဖို့ ကောင်းလှ ပါတယ် ။ တိုက်စစ် မှူး တစ်ယောက် အနေ နဲ့ မလိုအပ် တာ တွေကို တက်နိုင် သလောက် မလုပ်ဆောင် ဖို့ ရှောင်ကျဉ် ရ ပါ့မယ် ။ သူ့ အနေ နဲ့ ဆက်လက် အားထုတ် ကြိုးစား ဖို့ လိုအပ် ပါ သေးတယ် ”

” သူဟာ ငယ်ရွယ် ပါ သေးတယ် ။ ဒါပေမယ့် ဆိုးလ်ရှား ဟာ သူ့ဆီ ကနေ အကောင်းဆုံး အရာ တွေကို ထုတ်ယူ နိုင်မယ့် နည်းပြ မျိုးပါ ။ ဆိုးလ်ရှား ကိုယ်တိုင် က အခွင့် အရေး တွေ ရရှိ တဲ့ အခါ အဆုံးသတ် သေချာ မှုတွေ ပြသ နိုင် ခဲ့တဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ခဲ့ တယ်လေ ”

” အကယ်လို့ ဆိုးလ်ရှား သာ သူ့ရဲ့ အဆုံးသတ် စွမ်းရည် တွေကို ရပ်ရှ်ဖို့ ဆီ အကောင်းဆုံး ပို့ချ နိုင်မယ် ဆိုရင် သူဟာ တစ် ရာသီ အတွင်း 20 – 30 ဂိုးလောက် တော့ သွင်းယူ နိုင်ပါ လိမ့်မယ် ” လို့ ဆာဟာ က သုံးသပ် သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar