အင်စတွန် ဗီလာ အသင်း ရဲ့ အသင်း ခေါင်းဆောင် ဖြစ်သူ ဂျက်ခ် ဂရီလစ်ရှ်ဟာ ဝက်စ်ဟမ်း နဲ့ ကစားခဲ့ ရတဲ့ ပရီးမီးယားလိဂ် ရာသီ အပိတ် ပွဲစဉ်မှာ အသင်း အတွက် အဖိုးတန်ဂိုး တစ်ဂိုး သွင်းပြီး တန်းဆင်းဇုန် အန္တရာယ်မှ လွတ်မြောက် စေခဲ့ ပေမယ့် သူ့ရဲ့ အနာဂတ် ကတော့ မရေမရာ ဖြစ်နေ သေးဆဲ ပါပဲ ။

အဆိုပါ ပွဲစဉ် အပြီးမှာ ဂရီလစ်ရှ်ဟာ ငယ်မွေး ခြံပေါက် ကလပ် ကို တန်းဆင်းဇုန် အန္တရာယ်မှ လွတ်မြောက် စေခဲ့ပြီး နောက် ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ မှာပဲ ဆက်လက် ရှိစေနိုင် ခဲ့တဲ့နောက် အရမ်း စိတ်လှုပ်ရှား နေခဲ့တာကို ဖန်သားပြင် အထက်မှာ ထင်းထင်းရှားရှား မြင်တွေ့ ခဲ့ရ ပါတယ် ။

အဆိုပါ မြင်ကွင်းကို တွေ့မြင် ခဲ့တဲ့နောက် သတင်း သုံးသပ်သူ အချို့ တွေက ဒါဟာ အသင်းဟောင်းကို လက်ပြ နှုတ်ဆက်ဖို့ အတွက် အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ကြောင်း ယူနိုက်တက် နဲ့ သတင်းထွက် နေခဲ့တဲ့ ကစားသမား အပေါ် မှတ်ချက်ပေး စကား တွေကို ကိုယ်စီ ပြောကြား ခဲ့ကြ ပါတယ် ။

ဒါပေမယ့် အခုလို သတင်းတွေ များစွာ ထွက်ပေါ် နေတဲ့ အနေအထား တစ်ရပ်မှာ ယူနိုက်တက်က ဗီလာ တို့ တောင်းဆို နေကြတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း 80 ပေးဆောင် မလား ၊ ဂရီလစ်ရှ်ဟာ ယူနိုက်တက် အသင်းမှာ အံ့ဝင် နိုင်မလား ဆိုတာ စိတ်ဝင်းစား ဖွယ်ရာ မေးခွန်း တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။

အကယ်လို့ ဂရီလစ်ရှ်ဟာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ပြီး ကွင်းလယ် တိုက်စစ် အပိုင်းမှာ နေရာ ရယူချင်နေမယ် ဆိုရင် ဒါဟာ အရမ်းကို ခက်ခဲ နေပါလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနေရာမှာ ဘရူနို အကောင်းဆုံး ကစားပြ နေလို့ ပါပဲ ။ အခုတော့ သူ အနှစ်သက်ဆုံး နေရာက ဘယ်နေရာလဲ လို့ အမေး ခံလိုက် ရတဲ့ အခါ မှာတော့ …

” ကျွန်တော့် အတွက်တော့ လက်ရှိ အချိန်မှာ ပြောရခက်တဲ့ အရာ တစ်ခု က ကျွန်တော် ဘယ် နေရာမှာ ပါဝင် ကစား နေခဲ့ရ သလဲ ဆိုတာ ပါပဲ ။ လူတွေ အများစု ကတော့ ကျွန်တော် က တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး အဖြစ် အမြဲတမ်း ကစားနေခဲ့ ရတယ်လို့ ပြောဆို ကြပါ လိမ့်မယ် ”

” ဒါပေမယ့် ကျွန်တော် ကစား ရတာ အနှစ်သက်ဆုံး နေရာက ကွင်းလယ် တိုက်စစ် နေရာ ဖြစ်တယ် ဆိုတာကို ကျွန်တော် ခနခန ဆိုသလို ပြောဆိုခဲ့ဖူး ပါတယ် ။ ကျွန်တော် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် အဲ့ဒီ နေရာ ပါဝင် ကစားပေး ရတာကို အနှစ်သက်ဆုံး ပါပဲ ”

” ကျွန်တော် အက်စတွန် ဗီလာ အတွက်လည်း အဲ့ဒီ နေရာမှာ ကစားပေး ရတာကို အရမ်းပဲ နှစ်သက်လှ ပါတယ် ။ ဒါပေမယ့် လက်ရှိ အနေအထား အရတော့ ကျွန်တော်ဟာ တောင်ပံ တိုက်စစ် နေရာမှာ ကစား နေရပြီး ဒီ နေရာ အတွက် ကောင်းကောင်း ကြိုးစား ကစားပြ နိုင်ခဲ့တာ ပါပဲ ”

” ကျွန်တော် ကစားခွင့် ရတဲ့ နေရာမှာ အကောင်းဆုံး လုပ်ပြ နိုင်ခြင်းက အသင်းအတွက် ပိုကောင်း စေမယ်လေ ။ ကျွန်တော့် အတွက် ကတော့ ကျွန်တော် နှစ်ခြိုက်တဲ့ နေရာမှာ ကစား ရဖို့ အတွက် ညွှန်ကြားမှု အပေး ခံလိုက် ရတဲ့ ရက်စွဲ တွေက တစ်ကယ့်ကို ကံံကောင်း လှတယ်လို့ ခံစား ခဲ့ရ ပါတယ် ” လို့ ဂရီလစ်ရှ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဂရီလစ်ရှ်ဟာ လက်ရှိ အချိန် အက်စတွန် ဗီလာ အသင်း အတွက် ကျရောက်တဲ့ နေရာ တွေမှာ ပုံစံကောင်း တွေကို ပြသ နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် နေပုံ ပေါ်ခဲ့ပေမယ့် သူက ဒီထက် ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင် လိုသူ ဖြစ်ကြောင်း ပြောခဲ့ ဖူးသူပဲ ဖြစ်ပါတယ် ။

လက်ရှိ ယူနိုက်တက် တို့လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ နေပြီ ဖြစ်တဲ့ အတွက် သူဟာ မန်ချက်စတာကို ပြောင်းရွှေ့ချင်စိတ် ရှိနေမှာ ပါပဲ ။ ဒါပေမယ့် ဘရူနို ဖာနန်ဒက်စ် ကစား နေတဲ့ နေရာမှာ ကစားခွင့် ရဖို့ ဆိုတာကတော့ လုံးဝ ခက်ခဲတဲ့ အရာ တစ်ခု ဖြစ်နေ လိမ့်မယ်လို့ မယ်ရာ သတင်း ဌာန က သုံးသပ် သွားခဲ့ ပါတယ် ။

#Sports_Myanmar