ဒီနေ့ မှာတော့ opta က 2019 – 20 ခုနှစ် အတွက် ပရီးမီးယား လိဂ်ရဲ့ တစ်နှစ်တာ အမြန်ဆုံး ကစားသမား စာရင်းကို ထုတ်ပြန် ကြေငြာခဲ့လိုက်ရာမှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကစားသမား သုံးဦး အထိ ပါဝင် ခဲ့ကြတာကို တွေ့မြင် ခဲ့ရ ပါတယ် ။

အဆိုပါ ယူနိုက်တက် ကစားသမား သုံးဦး ကတော့ ညာ နောက်ခံလူ ဝမ် ဘစ်ဆာကာ ၊ တိုက်စစ် ကစားသမားလေး မေဆွန် ဂရင်းဝုဒ် နဲ့ ကွင်းလယ်လူ ဖရက်ဒ် တို့ပဲ ဖြစ်ကြ ပါတယ် ။ ဒီ စာရင်း မှာတော့ မန်စီးတီး အသင်း ရဲ့ ညာ နောက်ခံလူ ကိုင်လီ ဝေါ်လ်ကာ က နံပါတ် တစ် ဖြစ်ခဲ့ ပါတယ် ။

ဒီ စာရင်း ထဲမှာတော့ ယူနိုက်တက် အသင်း တို့ရဲ့ အမြန်ဆုံး ကစားသမား သုံးဦး ဖြစ်တဲ့ ရပ်ရှ်ဖို့ ၊ မာရှယ် နဲ့ ဒန်နီယ် ဂျိမ်းစ် တို့ မပါဝင် ခဲ့ပဲ ဖရက်ဒ် ပါဝင် ခဲ့ခြင်း က အနည်းငယ် ထူးဆန်း နေခဲ့ရ ပါတယ် ။ ဒါပေမယ့် အလုံးစုံကို ခြုံကြည့် လိုက်တဲ့ အခါ မှာတော့ ဖရက်ဒ်က ပျမ်းမျှ တစ်နာရီ 23.17 မိုင်နှုန်း လျင်မြန် နေခဲ့ ပါတယ် ။

ယူနိုက်တက် အသင်း ရဲ့ နောက်ထပ် ကစားသမား နှစ်ဦး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ် နဲ့ ဝမ် ဘစ်ဆာကာ တို့ကတော့ ပျမ်းမျှ တစ်နာရီ 23.36 မိုင် အထိ ပြေးလွှား နိုင်ခဲ့ ကြပြီး အက်စတွန် ဗီလာ ကြယ်ပွင့် ထရီဇီဂွတ်ဇ် နဲ့ အတူ အဆင့် 3 နေရာမှာ ပူးတွဲ ရပ်တည် နိုင်ခဲ့ကြ ပါတယ် ။

အဆိုပါ ကစားသမား 10 ဦး စာရင်း မှာတော့ မန်စီးတီး ကြယ်ပွင့် ဖီးလ် ဖိုဒန် ၊ ဆောက်သမ်တန် တိုက်စစ်မှူး ရှိန်းလောင်း ၊ အာဆင်နယ် လူငယ်လေး မိတ်လန် နိုင်းလ် ၊ လက်စတာ စီးတီး အသင်း ရဲ့ ဗဟို နောက်ခံလူ ကတ်ဂလာ ဆိုယွန်ကူ တို့လည်း ပါဝင် ခဲ့ကြ ပါတယ် ။

ဒါ့အပြင် ဝုလ်ဗ် အသင်း ရဲ့ မြန်နှုန်းမြင့်တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အဒမာ ထရာအိုရေး ကတော့ ကိုင်လီ ဝေါ်လ်ကာ ရဲ့ အနောက်မှာ ဒုတိယ အဖြစ် ရပ်တည် နေခဲ့ ပါတယ် ။ ဝေါ်လ်ကာ ကတော့ ပျမ်းမျှ တစ်နာရီ 23/49 မိုင်နဲ့ အမြန်ဆုံး ပြေးလွှား ကစားနိုင်သူ ဖြစ်ခဲ့ရ ပါတယ် ။

ဒီထဲမှာတော့ ဆိုးလ်ရှား ရဲ့ အမြန်ဆုံး ကစားသမား အဖြစ် သတ်မှတ် ခံရတဲ့ ရပ်ရှ်ဖို့ နဲ့ ဂျိမ်းစ် တို့ မပါဝင် နိုင်ခဲ့ကြ ပါဘူး ။ ဒီဇင်ဘာ တုန်းက Opta မှ ထုတ်ပြန် ခဲ့တဲ့ မှတ်တမ်း မှာတော့ ဖရက်ဒ် ဟာ သူတို့ နှစ်ဦးထက် မြန်နှုန်း ပိုမို မြင့်ခဲ့တာကို တွေ့ရှိ ခဲ့ရပါ သေးတယ် ။

ဒါပေမယ့် မတ်လ မှာတော့ ဂျိမ်းစ် နဲ့ ရပ်ရှ်ဖို့ တို့က ယူနိုက်တက် အသင်း ရဲ့ အမြန်ဆုံး ကစားသမားတွေ ဖြစ်ခဲ့ကြ ပါတယ် ။ ဒီလို အနေအထား တစ်ရပ် မှာတော့ ဂရင်းဝုဒ် နဲ့ ဘစ်ဆာကာ တို့ဟာ သူတို့ နှစ်ဦး ကို ကျော်ဖြတ် နိုင်လိမ့်မယ် လို့ ထင်မှတ်ချင်စရာ မရှိခဲ့ ပါဘူး ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ကောင်တာ တိုက်စစ် ကစားဟန်ကို အသုံးပြုလေ့ ရှိတဲ့ သူ့ရဲ့ အသင်းမှာ ဒီလို မြန်နှုန်းမြင့် တိုက်စစ် ကစားသမားတွေ ရှိနေ ကြတာကို ပျော်ရွှင် နေမှာ အသေအချာ ပါပဲ ။ ပရီးမီးယားလိဂ် ရဲ့ မြန်နှုန်းမြင့် ကစားသမားတွေကို အစဉ်လိုက် ဖော်ပြ ပေးလိုက် ပါတယ် ။

1 ကိုင်လီ ဝေါ်လ်ကာ
2. အဒမာ ထရာအိုရေး
3. မေဆွန် ဂရင်းဝုဒ်
3. အာရွန် ဝမ် ဘစ်ဆာကာ
3. ထရီဇီဂွတ်ဇ်
6. ကတ်ဂလာ ဆိုယွန်ကူ
7. အိန်စလေ မိတ်လန် နိုင်းလ်
8. ရှိန်းလောင်း
9. ဖရက်ဒ်
10. ဖီးလ် ဖိုဒန်

#Sports_Myanmar