မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ရော်ဘင် ဗန်ပါစီက ဆာ အဲလက်စ် ဖာဂူဆန် လက်အောက်မှာ အမှတ်ပေး ဖလားကို ဆွတ်ခူး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အသင်း နဲ့ အသင်းဖော် တွေရဲ့ စိတ်ပိုင်း ဆိုင်ရာ နဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှု တွေက အရမ်းကို ထူးကဲ ခိုင်မာ ခဲ့ကြောင်း ရှင်းလင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

ရော်ဘင် ဗန်ပါစီဟာ 2012 ခုနှစ်တုန်းက အာဆင်နယ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ပေါင် 27 သန်းနဲ့ ပြောင်းရွှေ့ ခဲ့သူ ဖြစ်ပြီး ပထမဆုံး ဘောလုံး ရာသီ မှာပဲ အမှတ်ပေး ဖလားဆု နဲ့ လိဂ် ဂိုးသွင်း အများဆုံး ရွှေဖိနပ် ဆုတွေကို ရယူ ဆွတ်ခူး နိုင်ခဲ့ ပါတယ် ။ ဒါက ယူနိုက်တက် အတွက်တော့ အကြိမ် 20 မြောက် အမှတ်ပေး ဖလား ဆွတ်ခူးခြင်း ဖြစ်ခဲ့ ပါတယ် ။

အဆိုပါ ဘောလုံး ရာသီ မတိုင်မီ ကတော့ မန်စီးတီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရမှတ်တူ ဂိုးကွာနဲ့ ကျော်ဖြတ်ပြီး အမှတ်ပေး ဖလားကို ဆွတ်ခူး နိုင်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ ဒီ ရာသီ မှာ အမှတ်ပေး ဖလားကို တစ်ဖန် ပြန်လည် သိမ်းပိုက် နိုင်ဖို့ အတွက် အထူး အားခဲ ထားခဲ့ကြ ပါတယ် ။

2012 – 13 ဘောလုံး ရာသီ မှာတော့ ဗန်ပါစီဟာ ယူနိုက်တက် အတွက် အရမ်းကို အရေးပါ လှတဲ့ သွင်းဂိုးတွေ သွင်းယူ ပေးနိုင် ခဲ့ပြီး ဒီဇင်ဘာလ မှာ မန်စီးတီး အသင်းကို နောက်ကျ သွင်းဂိုး သွင်းယူ နိုင်ခဲ့ခြင်း ကလည်း ယူနိုက်တက် တို့ကို အမှတ်ပေး ဖလား ဆွတ်ခူး စေရေးမှာ အရေးပါတဲ့ သွင်းဂိုး ဖြစ်သွား စေခဲ့ရ ပါတယ် ။

အခုတော့ အသက် 36 နှစ် ရှိနေပြီ ဖြစ်တဲ့ ရော်ဘင် ဗန်ပါစီ က အဆိုပါ ပွဲစဉ် အပြီးမှာ သူနဲ့ မိုက်ကယ် ကာရစ်တို့ ပြောဆိုခဲ့ ကြတဲ့ စကားတွေ အကြောင်း ဖွင့်ဟ ပြောကြားရင်း အသင်းဖော် တွေဟာ အမှတ်ပေး ဖလား ဆွတ်ခူးရေး နဲ့ ပတ်သက်လို့ စိတ်ဓါတ် ခိုင်မာမှု အပြည့် ရှိခဲ့ ကြတဲ့ အကြောင်းကို ပြန်ပြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အဲ့ဒီ ပွဲစဉ် ပြီးတော့ ကျွန်တော်ဟာ မိုက်ကယ် ကာရစ် နဲ့ စကားတွေ ပြောဖြစ် ခဲ့ပါ သေးတယ် ။ အဲ့ဒီ အချိန် မှာ သူက ‘ မင်းဟာ ဒီလို အရေးကြီးတဲ့ ပွဲစဉ် တွေကို အနိုင်ယူ နိုင်ပြီ ဆိုရင်တော့ အမှတ်ပေး ဖလားကို ဆွတ်ခူး နိုင်ရေး အတွက် အခွင့်အလမ်းကောင်း တွေကို တစ်စထက် တစ်စ ပိုမို ပိုင်ဆိုင် နိုင်လိမ့်မယ် ‘ ဆိုပြီး ပြောခဲ့ ပါတယ် ”

” ကျွန်တော့် ရဲ့ ပထမဆုံး ဘောလုံး ရာသီမှာ သိရှိ ခံစားမိ ခဲ့တာက သူတို့ တွေရဲ့ တည်ငြိမ် အေးဆေးမှု စွမ်းရည် ပါပဲ ။ သူတို့ တွေဟာ အမြဲ စိတ်အေးအေး ထားပြီး ယုံကြည်ချက် အပြည့် ရှိနေ ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ဟာ ရာသီ ကုန်ဆုံး ဖို့ အတွက် 16 ပွဲ အလိုမှာ 11 မှတ် အထိ ဖြတ်ထား နိုင်ခဲ့ ကြတယ်လေ ”

” အဲ့ဒီ အချိန် တုန်းက အသင်း နဲ့ အသင်းဖော် တွေရဲ့ စိတ်ဓါတ် နဲ့ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်မှု က ကျွန်တော့် အတွက် တစ်ကယ့်ကို အထင်ကြီးဖွယ်ရာ ဖြစ်ခဲ့ရ ပါတယ် ။ အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် မှာလည်း သူတို့ တွေဟာ တစ်ဦး အပေါ် တစ်ဦး မငဲ့ညှာစတမ်း အားကြိုးမာန်တက် လေ့ကျင့် ကစား ခဲ့ကြ ပါတယ် ”

” အဲ့တာနဲ့ ပတ်သက်လို့ ဒဏ်ရာ ရတာ ၊ တစ်စုံတခု ရှိလာခဲ့ရင်လည်း အားလုံးက OK ပါပဲ ။ သူတို့ တွေဟာ ကန်မယ် ၊ ဒဏ်ရာ ရရှိမယ် ဆိုရင် အမြန်ဆုံး ပြန်လည် သက်သာ ကောင်းမွန်အောင် ရင်ဆိုင် ဖြေရှင်းမယ် ဆိုတာကိုပဲ ခေါင်းထဲ ထည့်ထား ခဲ့ကြ ပါတယ် ။ ဒဏ်ရာက ပြန်လည် သက်သာ လာရင်လည်း အဲ့ဒီလို မခိုမကပ် ပြန်လည် လေ့ကျင့် ကြတာချည်း ပါပဲ ”

” အသင်းမှာ တည်ငြိမ် အေးဆေးမှု တစ်ခု ရှိနေခဲ့ ပါတယ် ။ ဒီမှာ ရှိတဲ့ အသင်းသား တွေနဲ့ ဝန်ထမ်း တိုင်းက စိတ်ဓါတ် ကြံ့ခိုင် ၊ ခိုင်မာ ခဲ့ကြ ပါတယ် ။ ပြီးတော့ သူတို့ အားလုံး ဆီမှာ အရှိန်အဝါ တစ်ခု ၊ ဟိတ်ဟန် တစ်ခု အမြဲ ရှိနေခဲ့ ပါတယ် ။ သူတို့ စိတ်ထဲ ‘ ဘာပဲ ဖြစ်နေ ပါစေ ၊ ငါတို့ ဒီ ဖလားကို ရမယ် ‘ ဆိုတဲ့ စိတ်ဓါတ် ခိုင်မာမှု ၊ ယုံကြည်ချက် အပြည့် ရှိနေခဲ့ ပါတယ် ” လို့ ဗန်ပါစီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar