ပြင်သစ် အမှတ်ပေး ချန်ပီယံ PSG အသင်း ရဲ့ နည်းပြ သောမတ်စ် တူချယ် ကတော့ သူတို့ ရဲ့ အားထား ရတဲ့ တိုက်စစ်မှုး ကိုင်လီယန် အမ်ဘာပေ ဟာ အတ္တလန်တာ အသင်း နဲ့ ယှဉ်ပြိုင် ကစား ရမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် မှာ ပါဝင် နိုင်ဖို့ အတွက် အံ့ဖွယ် မှော်အစွမ်းတွေ ကို လိုအပ် နိုင်ပါတယ် လို့ ထုတ်ဖော် ပြောဆို ခဲ့တာ ကြောင့် အတ္တလန်တာ ပရိသတ်တွေ အတွက် စိတ်အေးဖွယ် သတင်း ဖြစ်လာ စေခဲ့ ပါတယ် ။

ဘာပေ ဟာ ပြီးခဲ့တဲ့ အပတ် တုန်းက စိန့်အက်တီယန် အသင်း နဲ့ ကစား ခဲ့ပြီး အနိုင် ရရှိ ခဲ့တဲ့ ပြင်သစ် ဖလား ဗိုလ်လုပွဲ မှာ ဒဏ်ရာ ရရှိခဲ့ တာ ဖြစ်ပါတယ် ။ ဘာပေ ရဲ့ ဒဏ်ရာ ရရှိမှု ဟာ ကွင်းအတွင်း ၂ ဖက် အသင်း သားတွေ ကို အချိန် အတန်ကြာ အချင်းများစေ ခဲ့ ပါတယ် ။

ပွဲအပြီး မှာတော့ ဘာပေ ဟာ ချိုင်းထောက် နဲ့ အသင်းရဲ့ ဖလား အောင်ပွဲခံ အခမ်းအနား မှာပါဝင် ခဲ့ပြီး ပြင်သစ် ကလပ် ပရိသတ်တွေ ကို စိတ်ပူ စေခဲ့ ပါတယ် ။ PSG ဟာ လာမယ့် သြဂုတ်လ ၁၂ ရက်နေ့ မှာ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် အဖြစ် အီတလီ စီးရီးအေ ကလပ် အတ္တလန်တာ အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အမှားခံလို့ မရတဲ့ အခြေအနေမှာ ဘာပေ အခုလို ဒဏ်ရာ ရရှိမှု ဟာ အားလျော့စရာ ဖြစ်ခဲ့ရ ပါတယ် ။

ယနေ့ နံနက်ခင်းမှာတော့ သောမတ်စ် တူချယ် ဟာ သူ့ရဲ့ တိုက်စစ်မှုးလေး နဲ့ ပတ်သက်တဲ့ သတင်းကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ PSG ပရိသတ်တွေ မျှော်လင့် ထားတဲ့ ပုံစံမျိုးတော့ မဟုတ်ခဲ့ ပါဘူး ။

“ဘာပေ ဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ လွှမ်းမိုးမှု တစ်ခုပါ ။ သူ မပါဘဲ ကစားရမယ် ဆိုရင် အရမ်း ကို ဝမ်းနည်း စရာပါပဲ ။ ဒါပေမယ့် ဒီအတွက် ကျွန်တော်တို့ သေချာ ပြင်ဆင် ထားနိုင် မှာပါ ။ အတ္တလန်တာ နဲ့ ပွဲမှာ သူ ဝင် ကစားနိုင်ဖို့ မျှော်လင့်ထား ပါတယ် ။ ဒါပေမယ့် ဒီလို ဖြစ်ဖို့က မှော်အစွမ်းတွေ လိုအပ် နေမှာပါ”

“သူ ပါနိုင်ဖို့ အခွင့်အရေး က နည်းနည်းလေးပဲ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ၁၀ ရက်ကျော်လောက် အချိန် ရှိပါ သေးတယ် ။ ဘာတွေ ဖြစ်မလဲ ဆိုတာ ကို စောင့်ကြည့် ရမှာပါ” လို့ တူချယ် က ပြောဆို သွားခဲ့ ပါတယ် ။ PSG မှာ ဘာပေ မပါနိုင်သလို စာချုပ် ပြည့်သွားတဲ့ တိုက်စစ်မှုး ကာဗာနီ ၊ ခံစစ်မှုး သီယာဂို ဆေးလ်ဗား တို့လည်း အတ္တလန်တာ နဲ့ ပွဲကို ဝင်ကစား ကြတော့မှာ မဟုတ်သလို သောမတ်စ် မူနဲယား ကလည်း ဒေါ့မွန် ကို ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒါပေမယ့် တူချယ် ကတော့ အင်တာ ကနေ အငှား ခေါ်ယူထားတဲ့ ( PSG က အပြီးသတ် ဝယ်ယူဖို့ လုပ်ဆောင်ပြီး ဖြစ်သည် ) တိုက်စစ်မှုး အီကာဒီ ဟာ ဘာပေ မရှိတဲ့ လစ်ဟာမှု ကို အကောင်းဆုံး ဖြည့်ဆည်းနိုင် မယ်လို့ မျှော်လင့် ထားတယ်လို့ လည်း ဆက်လက် ပြောဆို သွားခဲ့ ပါတယ် ။

PSG နဲ့ ချန်ပီယံလိဂ် မှာ ရင်ဆိုင် ရမယ့် အတ္တလန်တာ ဟာ ဒီနှစ် မှာ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ဝင်ရောက် ယှသ်ပြိုင် ခဲ့တာ ဖြစ်ပေမယ့် ပြိုင်ဘက် အားလုံးက လေးစား ရလောက်တဲ့ ခြေစွမ်းကို ပြသထားခဲ့ ပါတယ် ။ အတ္တလန်တာ ဟာ ပြည်တွင်း မှာ ၉၈ ဂိုးထိ သွင်းယူ ထားပြီး ရာသီကုန်ချိန် ( တစ်ပွဲကျန် ) မှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်ဖို့ ပစ်မှတ် ထားနေတယ်လို့ သိရ ပါတယ် ။

ယနေ့ ည မှာတော့ PSG ဟာ လိုင်ယွန် အသင်း နဲ့ Coupe de le Ligue ဗိုလ်လုပွဲ ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး အဆိုပါပွဲ အပြီးမှာတော့ ချန်ပီယံလိဂ် အတွက် ပြင်ဆင် ရတော့မှာ ဖြစ်ပါတယ် ။ ဘာပေ မပါဘဲ PSG တို့ အတ္တလန်တာ ကို ကျော်ဖြတ် နိုင်မလား . . . အတ္တလန်တာ က ပဲ အံ့အားသင့်စရာတွေ ကို လုပ်ပြ နိုင်မလား ဆိုတာကတော့ . . .

SPORTS MYANMAR