မက္ဂြားယား ရဲ့ လက္စတာ စီးတီး အသင္းေဖာ္ ေဟာင္း ျဖစ္သလို ယူနုိက္တက္ ကစားသမား ေဟာင္းလည္း ျဖစ္ခဲ့ ဖူးတဲ့ ဂ်ြန္နီ အီဗန္ က အဂၤလန္ လက္ေရြးစင္ ဟာ အသင္းေဟာင္း မွာ လီဗာပူး ေနာက္ခံလူ ဗန္ဒိုက္ လို ေအာင္ျမင္ နုိင္ လိမ့္မယ္ လို့ ဆုိသြား ခဲ့လိုက္ ပါတယ္ ။

မက္ဂြားယား ဟာ ဒီေႏြ မွာ လီဗာပူး ေနာက္ခံလူ ဗန္ဒိုက္ ရဲ့ ေပါင္ 75 သန္း ဆုိတဲ့ စံခ်ိန္တင္ ေျပာင္းေရႊ့ေၾကး ကို ေက်ာ္ျဖတ္ ျပီး ယူနုိက္တက္ ဆီ ေပါင္ သန္း 80 နဲ့ ေျပာင္းေရႊ့ လာခဲ့ တာေၾကာင့္ သူဟာ ယူနုိက္တက္ အတြက္ ဗန္ဒိုက္ ေလာက္ ေကာင္းနုိင္ မလား ဆုိတဲ့ ေမးခြန္း ေတြ အဆက္မျပတ္ ထြက္ေပၚ ေနခဲ့ ပါတယ္ ။

နယ္သာလန္ လက္ေရြးစင္ ဗာဂ်ီလ္ ဗန္ဒိုက္ ကေတာ့ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက လီဗာပူး အသင္း နဲ့ အတူ ခ်န္ပီယံ လိဂ္ ဖလား ရယူ နုိင္ခဲ့ သလို PFA ရဲ့ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမား အျဖစ္ လည္း ေတာက္ပ နုိင္ခဲ့တဲ့ အတြက္ ကမ႓ာ့ အေကာင္းဆံုး ကစားသမား ဆု ျဖစ္တဲ့ Balloon D’ Or ကို ရရွိ နုိင္ဖို႔ ေရပန္းစား ေနသူ ပဲ ျဖစ္ ပါတယ္ ။

အခုေတာ့ ဂ်ြန္နီ အီဗန္ က အသင္း ေဖာ္ေဟာင္း ျဖစ္သူ မက္ဂြားယား ဟာ အသင္း ေဟာင္း ယူနုိက္တက္ မွာ ဗန္ဒိုက္ လို ထူးျခား ေကာင္းမြန္ တဲ့ စြမ္းေဆာင္ရည္ ေတြ ျပသ နုိင္ လိမ့္မယ္ မလား ၊ ေအာင္ျမင္ နုိင္ မလား လို့ အေမး ခံလိုက္ ရ ပါတယ္ ။

” သူတုိ့ ကစား ခဲ့တဲ့ ပြဲစဥ္ အတြင္း ႏွိဳင္းယွဥ္ မွဳ ေတြကို က်ြန္ေတာ္ တုိ့ ျမင္ေတြ့ ခဲ့ၾက ရ ပါတယ္ ။ ႏွစ္ေယာက္ လံုးက ေဘာလံုး ကိုင္ ကစားတာ အထူး ေကာင္းမြန္ ၾက ပါတယ္ ။ ဟယ္ရီ ဟာ လူေတြ မျမင္ေတြ့ နုိင္ခဲ့ ၾကတဲ့ ေပါက္ကြဲအား ေကာင္းတဲ့ လ်င္ျမန္ မွဳကို ပိုင္ဆုိင္ ထားသူ ပါ ။ သူဟာ ခြန္အား ၾကီးမား သလို အျမင့္ေဘာ ေတြလည္း ေကာင္းမြန္ လွ ပါတယ္ ”

” လူတုိင္း က ေျပာင္းေရႊ့ ေၾကးနဲ့ ပတ္သက္လို့ ျငင္းခံု ၾကပါ လိမ့္မယ္ ။ ဒါေပမယ့္ အခု ေခတ္မွာ ေျပာင္းေရႊ့ ေၾကး အေၾကာင္း ျငင္းခံု ေနလဲ အပို ပါပဲ ။ က်ြန္ေတာ္ တုိ့က လူသား ေတြပါ ။ ဒါေပမယ့္ ေငြေၾကး နဲ့ ကုန္သြယ္ မွဳ ျပဳလုပ္ ခံေန ရတာ ကေတာ့ ဆန္းၾကယ္ လွ ပါတယ္ ”

” အေျပာင္း အေရႊ့ ေစ်းကြက္ ထဲမွာ ေတာ့ ဝယ္ခ်င္ သူေတြ နဲ့ ဝယ္လို အားေတြ မ်ားျပား ေန ပါတယ္ ။ ဒီအတြက္ ေစ်းႏွဳန္း အတက္အက် ေတြဟာ အခ်ိန္ မေရြး ျဖစ္ပြား သြားနုိင္ ပါတယ္ ။ ဒါ့ ေၾကာင့္ သူနဲ့ ပတ္သက္ လို့ ဘယ္လို ကစား ေနလဲ ဆုိတဲ့ အေပၚ ကိုပဲ က်ြန္ေတာ္ တုိ့ ျငင္းခံု သင့္ ပါတယ္ ”

” သူ ( မက္ဂြားယား ) ယူနုိက္တက္ မွာ ရွိ ေနတာ နဲ့ ပတ္သက္ လို့ က်ြန္ေတာ္ စိုးရိမ္ စိတ္ မျဖစ္မိ ပါဘူး ။ သူဟာ ယူနုိက္တက္ ရဲ့ လိုအပ္ခ်က္ နဲ့ ကိုက္ညီတဲ့ ၊ ယူနုိက္တက္ အတြက္ ကစား ေပးဖုိ့ ျဖစ္ေပၚ လာတဲ့ ကစားသမား တစ္ဦး ပါပဲ ။ ဒါဟာ သူ့ အတြက္ ခမ္းနား တဲ့ အေျပာင္း အေရႊ့ တစ္ခု ပါပဲ ”

” မက္ဂြားယား ဟာ ယူနုိက္တက္ မွာ လိုအပ္ ေနတဲ့ ကစား သမား တစ္ဦး ပါ ။ သူဟာ ႏွစ္လိုဖြယ္ ေကာင္းတဲ့ သဘာဝ ဗီဇ ေတြကို ပိုင္ဆုိင္ ထား ပါတယ္ ။ သူဟာ ယူနုိက္တက္ မွာ ေတာက္ပ ပါ လိမ့္မယ္ ။ သူဟာ အံ့ခ်ီးဖြယ္ ကစားသမား တစ္ဦး ပါပဲ ” လို့ ဂ်ြန္နီ အီဗန္ က ေျဖၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

မက်ဂွားယားဟာ ယူနိုက်တက်မှာ ဗန်ဒိုက်လို အောင်မြင်နိုင်မလား ဆိုတဲ့အပေါ် ဖြေကြားသွားတဲ့ #ဂျွန်နီအီဗန်

====================

မက်ဂွားယား ရဲ့ လက်စတာ စီးတီး အသင်းဖော် ဟောင်း ဖြစ်သလို ယူနိုက်တက် ကစားသမား ဟောင်းလည်း ဖြစ်ခဲ့ ဖူးတဲ့ ဂျွန်နီ အီဗန် က အင်္ဂလန် လက်ရွေးစင် ဟာ အသင်းဟောင်း မှာ လီဗာပူး နောက်ခံလူ ဗန်ဒိုက် လို အောင်မြင် နိုင် လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

မက်ဂွားယား ဟာ ဒီနွေ မှာ လီဗာပူး နောက်ခံလူ ဗန်ဒိုက် ရဲ့ ပေါင် 75 သန်း ဆိုတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ကို ကျော်ဖြတ် ပြီး ယူနိုက်တက် ဆီ ပေါင် သန်း 80 နဲ့ ပြောင်းရွှေ့ လာခဲ့ တာကြောင့် သူဟာ ယူနိုက်တက် အတွက် ဗန်ဒိုက် လောက် ကောင်းနိုင် မလား ဆိုတဲ့ မေးခွန်း တွေ အဆက်မပြတ် ထွက်ပေါ် နေခဲ့ ပါတယ် ။

နယ်သာလန် လက်ရွေးစင် ဗာဂျီလ် ဗန်ဒိုက် ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လီဗာပူး အသင်း နဲ့ အတူ ချန်ပီယံ လိဂ် ဖလား ရယူ နိုင်ခဲ့ သလို PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် လည်း တောက်ပ နိုင်ခဲ့တဲ့ အတွက် ကမ႓ာ့ အကောင်းဆုံး ကစားသမား ဆု ဖြစ်တဲ့ Balloon D’ Or ကို ရရှိ နိုင်ဖို့ ရေပန်းစား နေသူ ပဲ ဖြစ် ပါတယ် ။

အခုတော့ ဂျွန်နီ အီဗန် က အသင်း ဖော်ဟောင်း ဖြစ်သူ မက်ဂွားယား ဟာ အသင်း ဟောင်း ယူနိုက်တက် မှာ ဗန်ဒိုက် လို ထူးခြား ကောင်းမွန် တဲ့ စွမ်းဆောင်ရည် တွေ ပြသ နိုင် လိမ့်မယ် မလား ၊ အောင်မြင် နိုင် မလား လို့ အမေး ခံလိုက် ရ ပါတယ် ။

” သူတို့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း နှိုင်းယှဉ် မှု တွေကို ကျွန်တော် တို့ မြင်တွေ့ ခဲ့ကြ ရ ပါတယ် ။ နှစ်ယောက် လုံးက ဘောလုံး ကိုင် ကစားတာ အထူး ကောင်းမွန် ကြ ပါတယ် ။ ဟယ်ရီ ဟာ လူတွေ မမြင်တွေ့ နိုင်ခဲ့ ကြတဲ့ ပေါက်ကွဲအား ကောင်းတဲ့ လျင်မြန် မှုကို ပိုင်ဆိုင် ထားသူ ပါ ။ သူဟာ ခွန်အား ကြီးမား သလို အမြင့်ဘော တွေလည်း ကောင်းမွန် လှ ပါတယ် ”

” လူတိုင်း က ပြောင်းရွှေ့ ကြေးနဲ့ ပတ်သက်လို့ ငြင်းခုံ ကြပါ လိမ့်မယ် ။ ဒါပေမယ့် အခု ခေတ်မှာ ပြောင်းရွှေ့ ကြေး အကြောင်း ငြင်းခုံ နေလဲ အပို ပါပဲ ။ ကျွန်တော် တို့က လူသား တွေပါ ။ ဒါပေမယ့် ငွေကြေး နဲ့ ကုန်သွယ် မှု ပြုလုပ် ခံနေ ရတာ ကတော့ ဆန်းကြယ် လှ ပါတယ် ”

” အပြောင်း အရွှေ့ စျေးကွက် ထဲမှာ တော့ ဝယ်ချင် သူတွေ နဲ့ ဝယ်လို အားတွေ များပြား နေ ပါတယ် ။ ဒီအတွက် စျေးနှုန်း အတက်အကျ တွေဟာ အချိန် မရွေး ဖြစ်ပွား သွားနိုင် ပါတယ် ။ ဒါ့ ကြောင့် သူနဲ့ ပတ်သက် လို့ ဘယ်လို ကစား နေလဲ ဆိုတဲ့ အပေါ် ကိုပဲ ကျွန်တော် တို့ ငြင်းခုံ သင့် ပါတယ် ”

” သူ ( မက်ဂွားယား ) ယူနိုက်တက် မှာ ရှိ နေတာ နဲ့ ပတ်သက် လို့ ကျွန်တော် စိုးရိမ် စိတ် မဖြစ်မိ ပါဘူး ။ သူဟာ ယူနိုက်တက် ရဲ့ လိုအပ်ချက် နဲ့ ကိုက်ညီတဲ့ ၊ ယူနိုက်တက် အတွက် ကစား ပေးဖို့ ဖြစ်ပေါ် လာတဲ့ ကစားသမား တစ်ဦး ပါပဲ ။ ဒါဟာ သူ့ အတွက် ခမ်းနား တဲ့ အပြောင်း အရွှေ့ တစ်ခု ပါပဲ ”

” မက်ဂွားယား ဟာ ယူနိုက်တက် မှာ လိုအပ် နေတဲ့ ကစား သမား တစ်ဦး ပါ ။ သူဟာ နှစ်လိုဖွယ် ကောင်းတဲ့ သဘာဝ ဗီဇ တွေကို ပိုင်ဆိုင် ထား ပါတယ် ။ သူဟာ ယူနိုက်တက် မှာ တောက်ပ ပါ လိမ့်မယ် ။ သူဟာ အံ့ချီးဖွယ် ကစားသမား တစ်ဦး ပါပဲ ” လို့ ဂျွန်နီ အီဗန် က ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar