ဂ်ဳဗင္တပ္ အသင္း ဟာ ယမန္ေန႔ ညက စီးရီးေအ ပြဲစဥ္ ၂ အျဖစ္ လာဇီယို အသင္း ကို အိမ္ကြင္းမွာ လက္ခံ ကစား ခ့ဲၿပီး ကြင္းလယ္လူ ယာနစ္ နဲ႔ တုိက္စစ္မႈး မန္ဇူကစ္ တုိ႔ရဲ႕ ဂိုးေတြ နဲ႔ အႏုိင္ ရရွိ ခဲ့ ပါတယ္ ။ ဂ်ဳဗင္တပ္ ဟာ အဆိုပါ ပြဲမွာ ေပၚလုိ ဒိုင္ဘားလား ၊ ကြာဒရာဒို ၊ ေဒါက္ကလပ္ ေကာ္စတာ စတဲ့ တုိက္စစ္ သမား ေတြ ကို အရန္ ခံုမွာ ထားခဲ့ၿပီး တုိက္စစ္မႈးသစ္ ရုိနယ္လ္ဒို ကို မန္ဇူကစ္ ၊ ဘာနာဒက္စ္ခ်ီ တို႔ နဲ႔ အတူ ပြဲထုတ္ သြားခဲ့ ပါတယ္ ။

ဂ်ဳဗင္တပ္ အသင္း ရဲ႕ တုိက္စစ္ ဟာ လာဇီယို အသင္း ခံစစ္ ကို ထုိးေဖာက္ၿပီး ဂုိးသြင္း ႏုိင္ဖုိ႔ အခက္ အခဲ ေတြ ျဖစ္ခဲ့ ပါတယ္ ။ ရီးရဲမက္ဒရစ္ ကေန ေျပာင္းေရႊ႕ လာခဲ့တဲ့ တုိက္စစ္မႈး ရိုနယ္လ္ဒို ဟာ စီးရီးေအ အတြက္ ပထမဆံုး သြင္းဂိုး ကို ရယူ ႏုိင္ဖို႔ ႀကဳိးစား ခဲ့ေပမယ့္ အသင္းေဖာ္ ေတြ နဲ႔ အခ်ိတ္ အဆက္ မမိမႈ ေတြ ေၾကာင့္ ဂိုး မသြင္းယူ ႏုိင္ ခဲ့ ပါဘူး ။

ဂ်ဳဗင္တပ္ အတြက္ အဖြင့္ဂိုး ကိုေတာ့ ကြင္းလယ္လူ ယာနစ္ က ဧရိယာ အျပင္ ဘက္ကေန ေျမမက်ေဘာ ကန္သြင္းၿပီး ရယူ ခဲ့သလုိ ဒုတိယ ပုိင္းမွာ မန္ဇူကစ္ က ဒုတိယ ဂိုး ထပ္မံ သြင္းယူ ေပးခဲ့တာ ျဖစ္ ပါတယ္ ။

ဂ်ဳဗင္တပ္ နည္းျပ အယ္လီဂရီ ဟာ ပြဲခ်ိန္ ေႏွာင္းပုိင္း မွာ ေဒါက္ကလပ္ ေကာ္စတာ တစ္ဦး ကို သာ ထည့္သြင္း ကစား ခဲ့ၿပီး ဒိုင္ဘားလား နဲ႔ ကြာဒရာဒို တို႔ကို ေတာ့ ထည့္သြင္း အသံုးမျပဳ ခဲ့ ပါဘူး ။ ပြဲ အၿပီး မွာေတာ့ နည္းျပ အယ္လီဂရီ က လူစာရင္း ေရြးခ်ယ္ ရတဲ့ အေၾကာင္း အရင္း နဲ႔ ရုိနယ္လ္ဒို အေပၚ မွတ္ခ်က္ တို႔ကို ေျပာဆို သြားခဲ့ ပါတယ္ ။

“ကြ်န္ေတာ္တို႔ မွာ တကယ္ ေတာင့္တင္း တဲ့ လူစာရင္း ရွိ ပါတယ္ ။ လူတုိင္း ဟာ ပထမ အသင္းမွာ ပါ၀င္ ကစား ဖုိ႔ ထုိက္တန္ သူေတြ ပါ ။ ဒါေၾကာင့္ ၿပဳိင္ဘက္ ကို လုိက္ၿပီး လုိအပ္ တဲ့ အခင္း အက်င္း ကို လုပ္ ခဲ့ ရတာပါပဲ ။ လာဇီယို ဟာ တန္ျပန္ တုိက္စစ္ အားေကာင္းတဲ့ အသင္း ပါ ။ ဒါေၾကာင့္ ဒိုင္ဘားလား ၊ ကြာဒရာဒို တုိ႔ကို ခ်န္လွပ္ ခဲ့ရ တာပါပဲ”

“ကာယပုိင္း ကို ပိုၿပီး အသားေပး ဖုိ႔ ဆံုးျဖတ္ ခဲ့တာ ေၾကာင့္ မန္ဇူကစ္ နဲ႔ မာတြီဒီ တို႔ ကို ထည့္ ကစားခဲ့ တာပါ ။ သူတို႔ ၂ ေယာက္ စလံုး ေကာင္းေကာင္း ကစားႏုိင္ ခဲ့ၾက ပါတယ္ ။ ကြ်န္ေတာ့ မွာ ကစား သမား ေကာင္းေတြ ရွိ ပါတယ္ ။ ဒါေပမယ့္ တစ္ပြဲ ကို ၁၁ ေယာက္ ပဲ အသံုးျပဳ ခြင့္ ရွိ ပါတယ္”

“ဒီပြဲ ဟာ ခ်ီေယဗို ပြဲနဲ႔ ျခားနား တဲ့ ပြဲပါ ။ ကြင္းထဲ က ပရိသတ္ေတြ ရဲ႕ စိတ္ပါ ၀င္စားမႈေတြ ၊ အားေပးမႈ ေတြ ေအာက္ မွာ ခရစၥတီယာႏို ဂုိးသြင္း ျပနုိင္ ဖု႔ိ ႀကဳိးစား ခဲ့ ပါတယ္ ။ ဒါေပမယ့္ သူ႔ အေနနဲ႔ အခု ထက္ ပုိၿပီး စိတ္ရွည္ ရွည္ ထားႏုိင္ ဖုိ႔ လုိအပ္ ပါတယ္”

“ဒိုင္ဘားလား မပါလာ တဲ့ အတြက္ ခံစစ္ ေၾကာင္း ကို ထိုးေဖာက္ၿပီး ေဘာလံုး ခင္းေပးဖို႔ ပို ခက္ခဲ ခဲ့ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ ခံစစ္ ကို ပိုမို အားျပဳ နုိင္ ခဲ့ၿပီး ဒုတိယပုိင္းမွာ ပိုျမန္ျမန္ ကစား ႏုိင္ခဲ့ ပါတယ္ ။ ဘယ္လုိပဲ ျဖစ္ျဖစ္ ဒီေန႔ ကစားပံု အတြက္ ကြ်န္ေတာ္ ေက်နပ္ မိပါတယ္” လို႔ အယ္လီဂရီ က ေျပာဆို သြားခဲ့ ပါတယ္ ။

ဂျုဗင်တပ် အသင်း ဟာ ယမန်နေ့ ညက စီးရီးအေ ပွဲစဉ် ၂ အဖြစ် လာဇီယို အသင်း ကို အိမ်ကွင်းမှာ လက်ခံ ကစား ခဲ့ပြီး ကွင်းလယ်လူ ယာနစ် နဲ့ တိုက်စစ်မှုး မန်ဇူကစ် တို့ရဲ့ ဂိုးတွေ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ ဂျုဗင်တပ် ဟာ အဆိုပါ ပွဲမှာ ပေါ်လို ဒိုင်ဘားလား ၊ ကွာဒရာဒို ၊ ဒေါက်ကလပ် ကော်စတာ စတဲ့ တိုက်စစ် သမား တွေ ကို အရန် ခုံမှာ ထားခဲ့ပြီး တိုက်စစ်မှုးသစ် ရိုနယ်လ်ဒို ကို မန်ဇူကစ် ၊ ဘာနာဒက်စ်ချီ တို့ နဲ့ အတူ ပွဲထုတ် သွားခဲ့ ပါတယ် ။

ဂျုဗင်တပ် အသင်း ရဲ့ တိုက်စစ် ဟာ လာဇီယို အသင်း ခံစစ် ကို ထိုးဖောက်ပြီး ဂိုးသွင်း နိုင်ဖို့ အခက် အခဲ တွေ ဖြစ်ခဲ့ ပါတယ် ။ ရီးရဲမက်ဒရစ် ကနေ ပြောင်းရွှေ့ လာခဲ့တဲ့ တိုက်စစ်မှုး ရိုနယ်လ်ဒို ဟာ စီးရီးအေ အတွက် ပထမဆုံး သွင်းဂိုး ကို ရယူ နိုင်ဖို့ ကြိုးစား ခဲ့ပေမယ့် အသင်းဖော် တွေ နဲ့ အချိတ် အဆက် မမိမှု တွေ ကြောင့် ဂိုး မသွင်းယူ နိုင် ခဲ့ ပါဘူး ။

ဂျုဗင်တပ် အတွက် အဖွင့်ဂိုး ကိုတော့ ကွင်းလယ်လူ ယာနစ် က ဧရိယာ အပြင် ဘက်ကနေ မြေမကျဘော ကန်သွင်းပြီး ရယူ ခဲ့သလို ဒုတိယ ပိုင်းမှာ မန်ဇူကစ် က ဒုတိယ ဂိုး ထပ်မံ သွင်းယူ ပေးခဲ့တာ ဖြစ် ပါတယ် ။

ဂျုဗင်တပ် နည်းပြ အယ်လီဂရီ ဟာ ပွဲချိန် နှောင်းပိုင်း မှာ ဒေါက်ကလပ် ကော်စတာ တစ်ဦး ကို သာ ထည့်သွင်း ကစား ခဲ့ပြီး ဒိုင်ဘားလား နဲ့ ကွာဒရာဒို တို့ကို တော့ ထည့်သွင်း အသုံးမပြု ခဲ့ ပါဘူး ။ ပွဲ အပြီး မှာတော့ နည်းပြ အယ်လီဂရီ က လူစာရင်း ရွေးချယ် ရတဲ့ အကြောင်း အရင်း နဲ့ ရိုနယ်လ်ဒို အပေါ် မှတ်ချက် တို့ကို ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ မှာ တကယ် တောင့်တင်း တဲ့ လူစာရင်း ရှိ ပါတယ် ။ လူတိုင်း ဟာ ပထမ အသင်းမှာ ပါ၀င် ကစား ဖို့ ထိုက်တန် သူတွေ ပါ ။ ဒါကြောင့် ပြိုင်ဘက် ကို လိုက်ပြီး လိုအပ် တဲ့ အခင်း အကျင်း ကို လုပ် ခဲ့ ရတာပါပဲ ။ လာဇီယို ဟာ တန်ပြန် တိုက်စစ် အားကောင်းတဲ့ အသင်း ပါ ။ ဒါကြောင့် ဒိုင်ဘားလား ၊ ကွာဒရာဒို တို့ကို ချန်လှပ် ခဲ့ရ တာပါပဲ”

“ကာယပိုင်း ကို ပိုပြီး အသားပေး ဖို့ ဆုံးဖြတ် ခဲ့တာ ကြောင့် မန်ဇူကစ် နဲ့ မာတွီဒီ တို့ ကို ထည့် ကစားခဲ့ တာပါ ။ သူတို့ ၂ ယောက် စလုံး ကောင်းကောင်း ကစားနိုင် ခဲ့ကြ ပါတယ် ။ ကျွန်တော့ မှာ ကစား သမား ကောင်းတွေ ရှိ ပါတယ် ။ ဒါပေမယ့် တစ်ပွဲ ကို ၁၁ ယောက် ပဲ အသုံးပြု ခွင့် ရှိ ပါတယ်”

“ဒီပွဲ ဟာ ချီယေဗို ပွဲနဲ့ ခြားနား တဲ့ ပွဲပါ ။ ကွင်းထဲ က ပရိသတ်တွေ ရဲ့ စိတ်ပါ ၀င်စားမှုတွေ ၊ အားပေးမှု တွေ အောက် မှာ ခရစ္စတီယာနို ဂိုးသွင်း ပြနိုင် ဖို့ ကြိုးစား ခဲ့ ပါတယ် ။ ဒါပေမယ့် သူ့ အနေနဲ့ အခု ထက် ပိုပြီး စိတ်ရှည် ရှည် ထားနိုင် ဖို့ လိုအပ် ပါတယ်”

“ဒိုင်ဘားလား မပါလာ တဲ့ အတွက် ခံစစ် ကြောင်း ကို ထိုးဖောက်ပြီး ဘောလုံး ခင်းပေးဖို့ ပို ခက်ခဲ ခဲ့ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ခံစစ် ကို ပိုမို အားပြု နိုင် ခဲ့ပြီး ဒုတိယပိုင်းမှာ ပိုမြန်မြန် ကစား နိုင်ခဲ့ ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ ကစားပုံ အတွက် ကျွန်တော် ကျေနပ် မိပါတယ်” လို့ အယ်လီဂရီ က ပြောဆို သွားခဲ့ ပါတယ် ။