ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ တနဂၤေႏြ ေန႕မွာ ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ အဖြင့္ ပြဲစဥ္ မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း ကို ၄ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း အတြက္ ရာသီ အဖြင့္ မလွပ ေပမယ့္ ထို အရႈံးကို ကုစားဖို႕ အတြက္ ယခု တပတ္ ၾကားရက္ မွာ လီဗာပူး နဲ႕ ယူအီးအက္ဖ္ေအ စူပါဖလား ဗိုလ္လုပြဲ ကို ဆင္ႏႊဲ ရဖို႕ ရွိေနပါတယ္ ။

မန္ခ်က္စတာ ယူႏိုက္တက္ ကို ၄ဂိုးျပတ္ နဲ႕ အေရးနိမ့္ ခဲ့တဲ့ ပြဲမွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ကစားပံု မဆိုးခဲ့ပဲ အဆံုးသတ္ပိုင္း လိုအပ္ခ်က္ ေတြနဲ႕ အတူ ဂိုးရဖို႕ လြဲေခ်ာ္ ခဲ့သလို ခံစစ္ပိုင္း အမွား တခ်ိဳ႕ က အခုလို ေပးဆပ္မႈ ၾကီးမားသြား ခဲ့ရပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္ခံလူ အက္ဇ္ပီလီကြီတာ ကေတာ့ မန္ယူနဲ႕ ပြဲစဥ္ မွာ အသင္း ရဲ႕ ကစားပံု ကို အခုလိုပဲ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

အက္ဇ္ပီ က ” ကြ်န္ေတာ္ တို႕ဟာ ဒီေန႕ ပြဲရဲ႕ ရလဒ္ နဲ႕ ပတ္သက္ျပီး အေတာ္ေလး စိတ္ပ်က္ မိပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ကြ်န္ေတာ္ တို႕ဟာ ဒီေန႕ပြဲ ကို ထိန္းခ်ဳပ္ ႏိုင္ခဲ့လို႕ပါ ။ အထူးသျဖင့္ ပထမပိုင္းမွာပါ ။ ကြ်န္ေတာ္ တို႕ဟာ ဂုိးသြင္းဖို႕ အခြင့္အေရး အေျမာက္အျမား ဖန္တီး ေပးႏိုင္ ခဲ့ေပမယ့္ ဂိုးမရ ခဲ့ပါဘူး ။ ဒီ အရႈံး ရလဒ္ ဟာ အေတာ္ေလး လက္ခံ ရ ခက္တယ္ ဆိုတာ မွန္ပါတယ္ ။ ”

” ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ အဆံုးသတ္ အေတာ္ေလး ဆိုးရြား ခဲ့ပါတယ္ ။ တဖက္ မွာ ကြ်န္ေတာ္ တို႕ဖက္ က ၂မိနစ္ အတြင္း ေပးဂိုး ၂ဂိုး ခြင့္ျပဳ လိုက္ရတဲ့အခါ အရာရာ ဟာ ကြ်န္ေတာ္ တို႕ အတြက္ အရမ္း ခက္ခဲ သြားခဲ့ပါျပီ ။ အဲ့ဒီ အခ်ိန္ က စျပီး ကြ်န္ေတာ္ တို႕ဟာ ပိုျပီး တိုက္စစ္ဖြင့္ ကစား ခဲ့သလို ၊ ျပိဳင္ဖက္ ကိုလည္း ေနရာလြတ္ ေတြ အမ်ားၾကီး ေပးခဲ့ မိပါတယ္ ။ ျပိဳင္ဖက္ ကလည္း ပိုျပီး ယံုၾကည္မႈ ျပည့္လာ ခဲ့သလို ပြဲအျပီး မွာ ဒီလို ရလဒ္ ထြက္လာ ခဲ့ရပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕ဟာ ဒီ အရႈံး ရလဒ္ ထက္ ပိုျပီး ထိုက္တန္ ခဲ့ပါတယ္ ။ ဒါေပမယ့္ ရလဒ္ ကေတာ့ ရလဒ္ ပါပဲ ။ ေျပာင္းလဲ သြားမွာ မဟုတ္ပါဘူး ။ ကြ်န္ေတာ္ တို႕ ေရွ႕ကို ဆက္သြားရမွာပါ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ဆက္လက္ျပီး အက္ဇ္ပီလီကြီတာ က လူငယ္ ကစားသမား ၂ဦး ျဖစ္တဲ့ တမ္မီ ေအဘရာဟမ္ ၊ ေမဆင္ေမာင့္တ္ တို႕ကို ပြဲထုတ္ ခဲ့တဲ့ ဖရန္႕ လမ္းပတ္ ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚ အခုလို ကာကြယ္ ေျပာဆို ခဲ့ပါတယ္ ။

အက္ဇ္ပီ က ” ကြ်န္ေတာ္ တို႕ဟာ သူတို႕ကို ယံုၾကည္တဲ့ အတြက္ သူတို႕ ဒီေန႕ပြဲ ကို လာကစား ေနတာ ျဖစ္ပါတယ္ ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႕ဟာ ဒီေန႕ပြဲမွာ ပါဝင္ဖို႕ ထိုက္တန္လို႕ပါ ။ သူတို႕ေတြဟာ ေလ့က်င့္ေရး အစီအစဥ္ ေတြမွာ အျမဲတမ္း တိုက္ပြဲ ဝင္ၾကေလ့ ရွိသူေတြပါ ။ အခုဆို ကြ်န္ေတာ္ တို႕ဟာ အံ့ၾသဖြယ္ ေကာင္းတဲ့ ကစားသမား အစုအဖြဲ႕ ကို တည္ေထာင္ ႏိုင္ခဲ့ပါတယ္ ။ လူတိုင္း ကေတာ့ ကိုယ့္ အသင္း ကို ရာသီ အဖြင့္လွ ေစခ်င္တာေတာ့ အမွန္ပါပဲ ။ ”

” ဒါေပမယ့္ ကြ်န္ေတာ္ တို႕ဟာ ပြဲတိုင္း ကေန သင္ယူမႈ ေတြ ျပဳလုပ္ သြားမွာ ျဖစ္ျပီး ပိုေကာင္းတဲ့ အသင္း တသင္း အေနနဲ႕ ျပန္လာဖို႕ပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ထို႕အျပင္ အက္ဇ္ပီလီကြီတာ က မနက္ျဖန္ ညမွာ အစၥတန္ဘူလ္ မွာ ကစားမယ့္ လီဗာပူး နဲ႕ ယူအီးအက္ဖ္ေအ စူပါဖလား ဗိုလ္လုပြဲ အတြက္ အသင္းသား ေတြ အျပည့္အဝ အာရုံစိုက္ဖို႕ လိုေၾကာင္း တိုက္တြန္း ေျပာဆို ခဲ့ပါတယ္ ။

အက္ဇ္ပီ က ” ခ်ယ္လ္ဆီး အသင္း ဟာ ဆုဖလား အားလံုး အတြက္ အျမဲ တိုက္ပြဲ ဝင္ေနၾကပါ ။ ဒါေၾကာင့္မို႕ ကြ်န္ေတာ္ တို႕ ႏိုင္ပြဲေတြ ေပ်ာက္ဆံုး လာတဲ့ အခါမွာ ကြ်န္ေတာ္ တို႕ကို ေမးခြန္း ထုတ္ၾကလာဖို႕ ရွိပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ တို႕ အေနနဲ႕ ဒီလို အခက္အခဲ ေတြကို အတူတူ လက္တြဲ ရင္ဆိုင္ ရမွာပါ ။ ကြ်န္ေတာ္ တို႕ဟာ တပြဲျပီး တပြဲ ေလ့လာ သင္ယူ သြားႏုိင္ဖို႕ လိုပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕ အေနနဲ႕ အခု လက္ရွိ ေျခစြမ္း ထက္ တိုးတက္ ႏိုင္သလို ၊ ကိုယ့္ တာဝန္ ကိုယ္ယူ ဖို႕ လိုတယ္ ဆိုတာကိုလည္း နားလည္ ထားပါတယ္ ။ ဗုဒၶဟူး ေန႕ည မွာ ကြ်န္ေတာ္ တို႕ဟာ ေနာက္ထပ္ ဆုဖလား တခု အတြက္ တကယ္ ေတာ္တဲ့ အသင္း တသင္း နဲ႕ ယွဥ္ျပိဳင္ ရင္ဆိုင္ ရဦးမွာ ျဖစ္ပါတယ္ ။ အဲ့ဒီ အတြက္ ကြ်န္ေတာ္ တို႕ အသင့္ ျဖစ္ေနဖို႕ လိုပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယူနိုက်တက် ကို ဂိုးပြတ် ရှုံးခဲ့တဲ့ အကြောင်း ကို မေ့ပစ်ပြီး စူပါဖလား အကြောင်းပဲ အာရုံစိုက် ထားဖို့ အသင်းဖော် တွေကို တိုက်တွန်း လိုက်တဲ့ #အက်ဇ်ပီလီကွီတာ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့မှာ ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း အတွက် ရာသီ အဖွင့် မလှပ ပေမယ့် ထို အရှုံးကို ကုစားဖို့ အတွက် ယခု တပတ် ကြားရက် မှာ လီဗာပူး နဲ့ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲ ကို ဆင်နွှဲ ရဖို့ ရှိနေပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲမှာ ချယ်လ်ဆီး အသင်း ရဲ့ ကစားပုံ မဆိုးခဲ့ပဲ အဆုံးသတ်ပိုင်း လိုအပ်ချက် တွေနဲ့ အတူ ဂိုးရဖို့ လွဲချော် ခဲ့သလို ခံစစ်ပိုင်း အမှား တချို့ က အခုလို ပေးဆပ်မှု ကြီးမားသွား ခဲ့ရပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ အက်ဇ်ပီလီကွီတာ ကတော့ မန်ယူနဲ့ ပွဲစဉ် မှာ အသင်း ရဲ့ ကစားပုံ ကို အခုလိုပဲ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

အက်ဇ်ပီ က ” ကျွန်တော် တို့ဟာ ဒီနေ့ ပွဲရဲ့ ရလဒ် နဲ့ ပတ်သက်ပြီး အတော်လေး စိတ်ပျက် မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့ဟာ ဒီနေ့ပွဲ ကို ထိန်းချုပ် နိုင်ခဲ့လို့ပါ ။ အထူးသဖြင့် ပထမပိုင်းမှာပါ ။ ကျွန်တော် တို့ဟာ ဂိုးသွင်းဖို့ အခွင့်အရေး အမြောက်အမြား ဖန်တီး ပေးနိုင် ခဲ့ပေမယ့် ဂိုးမရ ခဲ့ပါဘူး ။ ဒီ အရှုံး ရလဒ် ဟာ အတော်လေး လက်ခံ ရ ခက်တယ် ဆိုတာ မှန်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ အဆုံးသတ် အတော်လေး ဆိုးရွား ခဲ့ပါတယ် ။ တဖက် မှာ ကျွန်တော် တို့ဖက် က ၂မိနစ် အတွင်း ပေးဂိုး ၂ဂိုး ခွင့်ပြု လိုက်ရတဲ့အခါ အရာရာ ဟာ ကျွန်တော် တို့ အတွက် အရမ်း ခက်ခဲ သွားခဲ့ပါပြီ ။ အဲ့ဒီ အချိန် က စပြီး ကျွန်တော် တို့ဟာ ပိုပြီး တိုက်စစ်ဖွင့် ကစား ခဲ့သလို ၊ ပြိုင်ဖက် ကိုလည်း နေရာလွတ် တွေ အများကြီး ပေးခဲ့ မိပါတယ် ။ ပြိုင်ဖက် ကလည်း ပိုပြီး ယုံကြည်မှု ပြည့်လာ ခဲ့သလို ပွဲအပြီး မှာ ဒီလို ရလဒ် ထွက်လာ ခဲ့ရပါတယ် ။ ”

” ကျွန်တော် တို့ဟာ ဒီ အရှုံး ရလဒ် ထက် ပိုပြီး ထိုက်တန် ခဲ့ပါတယ် ။ ဒါပေမယ့် ရလဒ် ကတော့ ရလဒ် ပါပဲ ။ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ။ ကျွန်တော် တို့ ရှေ့ကို ဆက်သွားရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး အက်ဇ်ပီလီကွီတာ က လူငယ် ကစားသမား ၂ဦး ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့်တ် တို့ကို ပွဲထုတ် ခဲ့တဲ့ ဖရန့် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် အပေါ် အခုလို ကာကွယ် ပြောဆို ခဲ့ပါတယ် ။

အက်ဇ်ပီ က ” ကျွန်တော် တို့ဟာ သူတို့ကို ယုံကြည်တဲ့ အတွက် သူတို့ ဒီနေ့ပွဲ ကို လာကစား နေတာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ဒီနေ့ပွဲမှာ ပါဝင်ဖို့ ထိုက်တန်လို့ပါ ။ သူတို့တွေဟာ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အမြဲတမ်း တိုက်ပွဲ ဝင်ကြလေ့ ရှိသူတွေပါ ။ အခုဆို ကျွန်တော် တို့ဟာ အံ့သြဖွယ် ကောင်းတဲ့ ကစားသမား အစုအဖွဲ့ ကို တည်ထောင် နိုင်ခဲ့ပါတယ် ။ လူတိုင်း ကတော့ ကိုယ့် အသင်း ကို ရာသီ အဖွင့်လှ စေချင်တာတော့ အမှန်ပါပဲ ။ ”

” ဒါပေမယ့် ကျွန်တော် တို့ဟာ ပွဲတိုင်း ကနေ သင်ယူမှု တွေ ပြုလုပ် သွားမှာ ဖြစ်ပြီး ပိုကောင်းတဲ့ အသင်း တသင်း အနေနဲ့ ပြန်လာဖို့ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ထို့အပြင် အက်ဇ်ပီလီကွီတာ က မနက်ဖြန် ညမှာ အစ္စတန်ဘူလ် မှာ ကစားမယ့် လီဗာပူး နဲ့ ယူအီးအက်ဖ်အေ စူပါဖလား ဗိုလ်လုပွဲ အတွက် အသင်းသား တွေ အပြည့်အဝ အာရုံစိုက်ဖို့ လိုကြောင်း တိုက်တွန်း ပြောဆို ခဲ့ပါတယ် ။

အက်ဇ်ပီ က ” ချယ်လ်ဆီး အသင်း ဟာ ဆုဖလား အားလုံး အတွက် အမြဲ တိုက်ပွဲ ဝင်နေကြပါ ။ ဒါကြောင့်မို့ ကျွန်တော် တို့ နိုင်ပွဲတွေ ပျောက်ဆုံး လာတဲ့ အခါမှာ ကျွန်တော် တို့ကို မေးခွန်း ထုတ်ကြလာဖို့ ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ အနေနဲ့ ဒီလို အခက်အခဲ တွေကို အတူတူ လက်တွဲ ရင်ဆိုင် ရမှာပါ ။ ကျွန်တော် တို့ဟာ တပွဲပြီး တပွဲ လေ့လာ သင်ယူ သွားနိုင်ဖို့ လိုပါတယ် ။ ”

” ကျွန်တော် တို့ အနေနဲ့ အခု လက်ရှိ ခြေစွမ်း ထက် တိုးတက် နိုင်သလို ၊ ကိုယ့် တာဝန် ကိုယ်ယူ ဖို့ လိုတယ် ဆိုတာကိုလည်း နားလည် ထားပါတယ် ။ ဗုဒ္ဓဟူး နေ့ည မှာ ကျွန်တော် တို့ဟာ နောက်ထပ် ဆုဖလား တခု အတွက် တကယ် တော်တဲ့ အသင်း တသင်း နဲ့ ယှဉ်ပြိုင် ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ အသင့် ဖြစ်နေဖို့ လိုပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR