မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ရိုင်ယန်ဂစ် က အသင်း မှာ ဆာ အဲလက်စ် ဖာဂူဆန် မရှိ တော့တဲ့နောက် အသင်း ရဲ့ အပြောင်းအရွှေ့ ပေါ်လစီ လုပ်ဆောင် ခဲ့ပုံဟာ ရုန်းကန် နေခဲ့ ရကြောင်း အပြစ်တင် စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းမှ ဂန္ဓဝင် နည်းပြကြီး ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွားခဲ့တဲ့ အချိန်မှာ တစ် နိုင်ငံတည်းသား ဖြစ်သူ ဒေးဗစ် မိုယက်စ် ကို နည်းပြသစ် အဖြစ် ထောက်ခံခဲ့ ပေမယ့် စကော့တလန်သားဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှာ တစ်နှစ်တောင် မခံခဲ့ ပါဘူး ။

အဲ့ဒီနောက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို လူးဝစ် ဗန်ဟားလ် ရောက်ရှိ လာခဲ့ ပါတယ် ။ အဆိုပါ အချိန် တုန်းက ရိုင်ယန်ဂစ် ကတော့ နယ်သာလန်သား ရဲ့ လက်ထောင် နည်းပြ တာဝန် ကို ထမ်းဆောင် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဗန်ဟားလ် အဆင် မပြေပဲ ထွက်ခွာ ခဲ့တဲ့နောက် ဂစ်က ယာယီ နည်းပြ ဖြစ်ခဲ့ရ ပါတယ် ။

အဲ့ဒီနောက် မှာတော့ ယူနိုက်တက် အသင်းဆီကို အခုခေတ် ရဲ့ အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ် ခံရတဲ့ ဟိုဆေး မော်ရင်ဟို ရောက်ရှိ လာခဲ့ ပါတယ် ။ ဒါပေမယ့် သူဟာလည်း လုံလောက်စွာ မအောင်မြင် ခဲ့တဲ့ အတွက် အသင်းမှ ထုတ်ပယ် ခံခဲ့ လိုက်ရ ပါတယ် ။

အခုတော့ ဝေးလ် လက်ရွေးစင် နည်းပြ ဖြစ်တဲ့ ရိုင်ယန် ဂစ်က ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွားခဲ့တဲ့ နောက်ပိုင်း အသင်း ရဲ့ အပြောင်းအရွှေ့ ဆိုင်ရာ ပေါ်လစီ တွေက မှားယွင်း နေခဲ့တဲ့ အကြောင်း ဝေဖန် သုံးသပ် စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

” မိုယက်စ် ဟာ အသင်း မှာ တစ်နှစ်တောင် မခံခဲ့ ပါဘူး ။ ဒီ ကိစ္စ မှာ အသင်း ရဲ့ အပြောင်းအရွှေ့ တွေက ပြောစရာ ဖြစ်ခဲ့ရ ပါတယ် ။ အဲ့ဒီ တုန်းက အသင်း မှာ ဆာ အဲလက်စ် ရဲ့ လူတွေ ၊ မိုယက်စ် ရဲ့ ကစားသမား တွေနဲ့ လူးဝစ် ဗန်ဟားလ် ရဲ့ ကစားသမားတွေ ရှိနေ ခဲ့ကြ ပါတယ် ”

” မတူညီတဲ့ နည်းစနစ် တွေနဲ့ အလုပ် လုပ်ခဲ့ ကြတဲ့ မတူညီတဲ့ ကစားသမား တွေ ပေါ့ဗျာ ။ အဲ့ဒီလို အစုအဖွဲ့ ထဲကို ဟိုဆေး မော်ရင်ဟို ရောက်ရှိ လာခဲ့ ပါတယ် ။ အဲ့တာ နဲ့ အတူ ကျွန်တော် တို့ တွေဟာ ယဉ်ကျေးမှု မတူညီတဲ့ ကစားသမား တွေကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ဒီအချိန်မှာ မေးစရာ တစ်ခုက သူတို့ တွေက ယူနိုက်တက် ကစားသမား တွေရော ဟုတ်ကြ သေးရဲ့လား ? ”

” အဲ့တာ တွေကို အဆုံးသတ်လိုက်ဖို့ ဆိုတာက အချိန် အရမ်းပဲ ပေးရ ပါလိမ့်မယ် ။ အဲ့တာကြောင့် အသင်း ပိုင်ရှင် တွေနဲ့ တည်ငြိမ်မှု ရှိခြင်း ဆိုတာ တွေက အသင်း တစ်သင်း အတွက် တစ်ကယ့်ကို အရေးကြီးတဲ့ ကိစ္စ တစ်ခုပဲလို့ ကျွန်တော် ထင်မှတ်မိတာ ပါပဲ ” လို့ ဂစ်က ပြောကြား သွားခဲ့လိုက် ပါတယ် ။

မော်ရင်ဟို ထွက်ခွာ သွားခဲ့တဲ့နောက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ဂစ်ရဲ့ အသင်းဖော်ဟောင်း ဖြစ်တဲ့ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ ယာယီ နည်းပြ အဖြစ် ရောက်ရှိ လာခဲ့ပြီး ရလဒ်ကောင်း တွေကို ရယူ နိုင်ခဲ့တဲ့ အတွက် အမြဲတမ်း နည်းပြ ဖြစ်ခဲ့ရ ပါတယ် ။

အဲ့ဒီနောက် မှာတော့ သူဟာ အသင်း ရဲ့ နွေ နဲ့ ဆောင်း ရာသီ အပြောင်းအရေ့ွှ့ လုပ်ပိုင်ခွင့် တွေကို ကြီးကြပ်ခွင့် ရရှိခဲ့ပြီး မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှု တွေနဲ့ အတူ ရာသီ အကုန် မှာ အသင်း ကို အမှတ်ပေး ဇယား အဆင့် 3 နေရာ ရရှိအောင် လုပ်ဆောင် ပေးနိုင်ခဲ့ ပါတယ် ။

အခုတော့ ဂစ်က အသင်းဖော်ဟောင်း ဖြစ်တဲ့ ဆိုးလ်ရှား အနေနဲ့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း ရဲ့ နည်းပြ ဖြစ်သူ ယာဂင် ကလော့ပ် ရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှု နည်းလမ်း တွေကို အတုယူ သင့်ကြောင်း ၊ အသင်းကို ကောင်းသထက် ကောင်းအောင် လုပ်ဆောင်ဖို့ အကြံပေး တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

” ဥပမာ အနေနဲ့ ပြောရရင် ယာဂင် ကလော့ပ် ဟာ လီဗာပူး အသင်း မှာ ငါးနှစ် ရှိခဲ့ပြီး နှစ်စဉ် အသင်းကို တိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ ဒီအတွက် မလိုအပ်သူ တွေကို ထုတ်ဖို့ ၊ လိုအပ်တဲ့ သူတွေကို ခေါ်ယူဖို့ အတွက် သူဟာ အချိန်ပေးခဲ့ရ ပါတယ် ။ ကစားသမား တွေကို ခေါ်ယူရုံ နဲ့တော့ အလုပ် မဖြစ် ပါဘူး ” လို့ ဂစ်က ပြောကြား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar