သို႔ . . . . . မစၥတာ ၀ီစေလ ဆႏုိက္ဒါ ။ ေပ်ာ္စရာေကာင္းတဲ့ အနားယူမႈ ေလး ျဖစ္ပါေစ လုိ႔ ဆုေတာင္းေပး လုိက္ ပါတယ္ ။ အုိင္ယက္စ္ ကေန စတင္ခဲ့ တဲ့ ခင္ဗ်ားရဲ႕ ေဘာလံုး ခရီးစဥ္ ဟာ ၁၇ ႏွစ္ အၾကာ မွာေတာ့ ဆံုးခန္း တုိင္သြား ခဲ့ၿပီေလ ။ ခင္ဗ်ား ရဲ႕ ကန္ခ်က္ ျပင္းျပင္းေတြ ၊ တိက် တဲ့ ေပးပို႔မႈေတြ ကို ကြ်န္ေတာ္တုိ႔ ျမင္ေတြ႕ ခြင့္ ရေတာ့ မွာ မဟုတ္ပါဘူး ။ ဒါေပမယ့္ မစၥတာ ဆႏုိက္ဒါ . . . ခင္ဗ်ား ကို ကြ်န္ေတာ္တို႔ အၿမဲ သတိရ ေနမွာပါ ။

ခင္ဗ်ား သိေတာ့ သိေန တယ္မဟုတ္လား မစၥတာ ဆႏုိက္ဒါ ။ ဒီႏွစ္ ဟာ ေဘာလံုး ၾကယ္ပြင့္ေတြ ျမက္ခင္း စိမ္း ကို ေက်ာခိုင္းတဲ့ ႏွစ္ ဆုိတာ ကိုေလ ။ အခုမွ ၾသဂုတ္ လပဲ ရွိေသး ေပမယ့္ ခင္ဗ်ား အပါ အ၀င္ ကြ်န္ေတာ္တို႔ ခ်စ္တဲ့ ေဘာလံုး သူရဲေကာင္းေတြ အနားယူ သြားခဲ့တာ ၇ ေယာက္ အထိ ေတာင္ ရွိလာခဲ့ ပီဗ်ာ ။ တစ္ခ်ိန္တုန္း က ကြ်န္ေတာ္တု႔ိ စြဲစြဲ မက္မက္ ေအာ္ဟစ္ အားေပး ခဲ့ၾကတဲ့ ေဘာလံုး စူပါ ဟီးရိုးေတြ ေပါ့ ။

 

ဒီအထဲ က ၂ ေယာက္ ကိုေတာ့ ခင္ဗ်ား ရင္းရင္းႏွီးႏွီးႀကီးကို သိေန မွာပါ ။ အာဂ်န္ ေရာ္ဘင္ နဲ႔ ေရာ္ဘင္ ဗန္ပါစီ တို႔ ကိုေလ . . . . ခင္ဗ်ား တု႔ိ ၃ ေယာက္ ရဲ႕ အစြမ္း ေတြ နဲ႔ ၂၀၁၀ ကမၻာ့ ဖလား ၿပဳိင္ပြဲမွာ နယ္သာလန္ ကို ဖုိင္နယ္ ပို႔ေပးခဲ့ တာကို ကြ်န္ေတာ္တုိ႔ အခုထိ သတိရ ေနၾကတုန္းပဲဗ် ။ ေနာက္ ၄ ႏွစ္ အၾကာမွာလည္း အုပ္စု ပြဲမွာ စပိန္ ကို ၅ ဂုိးျပတ္ အႏုိင္ယူၿပီး ေအာင္ပြဲ ခံခဲ့ၾကတဲ့ ခင္ဗ်ားတို႔ ၃ ေယာက္ ရဲ႕ ပံုရိပ္ေတြ ဟာ ကမၻာ့ ဖလား ရဲ႕ သမိုင္းမွာ အၿမဲ ထပ္ဟပ္ ေနဦးမွာပါ ။

အခု ေဘာလံုး မကန္ေတာ့ဘူး ဆုိေတာ့ ခင္ဗ်ား ဘာလုပ္ မလဲဗ် ။ ေဘာ္ဒါႀကီး ဗန္ပါစီ ကေတာ့ ေဘာလံုး အစီအစဥ္ တင္ဆက္ သံုးသပ္သူ ျဖစ္ေန ၿပီေလ ။ သူတစ္ခ်ိန္ က က်ဥ္လည္ ေအာင္ျမင္ ခဲ့တဲ့ ပရီးမီးယားလိဂ္ ကို တစ္ေခါက္ ျပန္သြားေလရဲ႕ ဗ်ာ ။ အဂၤလန္ ေျမက အေၾကာင္းေတြ ကို ေရာ္ဘင္ ၊ ဗန္ပါစီ တုိ႔နဲ႔ ဆံုတဲ့ အခါေတြ မွာ ခင္ဗ်ား ေမးျဖစ္မလားေတာ့ မသိဘူး ။ ပရီးမီးယားလိဂ္ မွာ ခင္ဗ်ား ကစားတာကို မေတြ႕ႏုိင္ေတာ့ တာ တကယ္ စိတ္မေကာင္း စရာပါပဲ ။ ဘာလုိ႔လည္း ဆုိေတာ့ အဂၤလန္ ေျမမွာ နယ္သာလန္သားေတြ ေတာက္ပခဲ့ၾကဖူးတယ္ ေလ . . .

၂၀၁၀ ကမၻာ့ဖလား တုန္းက ဗိုလ္လုပြဲ မွာ ခင္ဗ်ား တို႔ အသည္းကို ခြဲသြားခဲ့တဲ့ စပိန္ အသင္း က ကြင္းလယ္လူ ဇာဗီ ဟာနန္ဒက္ ကို ခင္ဗ်ား မွတ္မိ ဦးမလား မစၥတာ ဆႏုိက္ဒါ ။ သူလည္းပဲ ခင္ဗ်ား ေရွ႕ေလးတင္ အနားယူ သြားခဲ့တာဗ် ။ သူကေတာ့ အနားယူတဲ့ ကလပ္ မွာပဲ နည္းျပ အျဖစ္နဲ႔ ျပန္ လုပ္ကိုင္ ေနေလရဲ႕ ။ တစ္ေန႔မွာ သူခ်စ္တဲ့ ဘာစီလုိနာ ကို ျပန္မယ္ ဆိုတဲ့ ရည္မွန္းခ်က္ေတြ နဲ႔ ေပါ့ဗ်ာ ။ ခင္ဗ်ား ေရာ သူ႔လို နည္းျပ လုပ္ဖို႔ စိတ္ကူး ထားေသးလား ၊ စိတ္ကူး ထားတယ္ ဆုိရင္ေတာ့ အုိင္ယက္စ္ နဲ႔ အင္တာ မီလန္ မ်ားျဖစ္ ေနမလားဗ်ာ

ခင္ဗ်ား အစြမ္းေတြ ျပခဲ့တဲ့ ၂၀၁၀ ကို ကြ်န္ေတာ္တို႔ ေမ့မွာ မဟုတ္ပါဘူး ။ အင္တာ နဲ႔ ရခဲ့တဲ့ ေအာင္ျမင္မႈေတြ မွာ ခင္ဗ်ားရဲ႕ အခန္းက႑ က အထင္အရွား ကို ရွိေနခဲ့ တာပါ ။ ကမၻာ့ ဖလား မွာလည္း ဒီအတုိင္း ပါပဲ ။ မက္ဆီ – ရုိနယ္ဒို အားၿပဳိင္မႈ အၾကားမွာ ေရႊေဘာလံုး ကို ေဖာက္ထြက္ ရယူႏုိင္မယ္လို႔ ေတာင္ ထင္ခဲ့ၾကပါ ေသးတယ္ ။ ဒါေပမယ့္ မစၥတာ ဆႏုိက္ဒါေရ . . . ေလာကႀကီးက တစ္ခါတစ္ေလ ေတာ့ နားလည္ရခက္ပါတယ္ဗ်ာ ။

အီတလီ က ခံစစ္သမားႀကီး ဘာဇဂါလီ ကိုေတာ့ ခင္ဗ်ား ရင္းႏွီးခ်င္မွ ရင္းႏွီးမွာပါ ။ သူက ခင္ဗ်ား စီးရီးေအ မွာ ကစားခဲ့တဲ့ အခ်ိန္တုန္းက ၿပဳိင္ဘက္ ေကာင္း တစ္ေယာက္ ျဖစ္ခဲ့ မွာ ေသခ်ာ ပါတယ္ ။ အီတလီ နဲ႔ ယူဗင္တပ္ တို႔ရဲ႕ ဂႏၳ၀င္ ေက်ာက္ေဆာင္ႀကီးလည္း ေနာက္ဆံုးေတာ့ နားသြားခဲ့ ၿပီဗ် ။ အခု အီတလီ ခံစစ္ေၾကာင္း က မ်ဳိးဆက္သစ္ေတြ နဲ႔ ဖြဲ႕စည္း ေနၿပီေလ ။ မာဒီနီ – နက္စတာ ၊ ကန္နာဗာရို – မာတာရာဇီ ၊ ခ်ီယာလီနီ – ဇာဘဂါလီ – ဘုိႏူခ်ီ တို႔လို ခံစစ္ အတြဲေကာင္းေတြ ပုိင္ဆိုင္ ခဲ့ဖူးတဲ့ အီတလီ မွာ ဘယ္လုိ ခံစစ္မ်ဳိးဆက္သစ္ ေတြ ေပၚထြက္ လာမလဲ ဆုိတာ ခင္ဗ်ား သိခ်င္စိတ္ မရွိဘူးလား မစၥတာ ေရ . . .

ပီတာဆက္ခ်္ ကေတာ့ အာဂ်န္ေရာ္ဘင္ ေျပာျပဖူးတဲ့ ခ်ဲလ္ဆီး က အေၾကာင္းေတြ ထဲမွာ ပါမယ္လို႔ ကြ်န္ေတာ္ ယံုၾကည္တယ္ဗ် ။ သူက ခ်ဲလ္ဆီး ရဲ႕ စစ္မွန္တဲ့ ဂႏၳ၀င္ တစ္ေယာက္ ၊ သူရဲေကာင္း တစ္ေယာက္ ပါ ။ အာဆင္နယ္ ကို ေရာင္းထုတ္ ခဲ့တာ ေတာင္မွ စိတ္မနာခဲ့ဘဲ အနားယူသြားခ်ိန္ မွာ ခ်ဲလ္ဆီး ကို ျပန္ခဲ့တဲ့ ဆက္ခ်္ ရဲ႕ ႏွလံုးသား ဟာ အျပာေရာင္ ျဖစ္ေနမယ္ ဆုိတာ လန္ဒန္ ကို ေရာက္တဲ့ အခါ ခင္ဗ်ား ကို ေျပာျပ ၾကပါလိမ့္မယ္ မစၥတာ ဆႏုိက္ဒါေရ . . . .

တင္ကာေဟး နဲ႔ ခင္ဗ်ား ဘယ္ႏွခါ ဆံုခဲ့ဖူး သလဲ . . . ၂၀၁၄ ကမၻာ့ ဖလား လုိ႔ ထင္တာပဲဗ် ။ အုပ္စု ဒုတိယပြဲ မွာ ခင္ဗ်ားနဲ႔ သူ ဆံုခဲ့ၾကတယ္ေလ ။ ေရာဘင္ရဲ႕ ဂုိး နဲ႔ ခင္ဗ်ား တို႔ ဦးောဆာာင္ ေနခဲ့ ေပမယ့္ တစ္မိနစ္ အၾကာမွာပဲ အ၀ါေရာင္ သူရဲေကာင္းႀကီး က ေျမမက် အျပင္းကန္ခ်က္ နဲ႔ ျပန္ေခ်ပ ခဲ့တာေလ ။ သူ ေအာင္ပြဲခံ တာကို ေရာေတြ႕လုိက္ေသးလားဗ် ။ ကြင္းေထာင့္ကို ေျပးၿပီး အလံတိုင္ ကို လက္သီးေတြ ပစ္သြင္း တဲ့ စတိုင္ေလ ။ ဒါ က တင္ကာေဟး ရဲ႕ Signature ပဲဗ် ။ ဒါကို ကြ်န္ေတာ္တို႔ ဘယ္ေတာ့မွ ေမ့ႏုိင္မယ္ မထင္ ပါဘူး ။

တိုက္တိုက္ ဆုိင္ဆုိင္ ပါပဲ မစၥတာ ဆႏုိက္ဒါေရ ။ အဲ့ဒီ့ ၂၀၁၄ ပြဲတုန္းက ဂုိးသြင္းခဲ့ ၾကတဲ့ ေရာ္ဘင္ ၊ ဗန္ပါစီ နဲ႔ တင္ကာေဟး တို႔ ၃ ေယာက္စလံုး ဒီႏွစ္ထဲ မွာ နားခဲ့ၾကတယ္ေနာ္ ။ ခင္ဗ်ား နဲ႔ သိပ္မကြာ လုိက္ပါဘူး ။ ေနာက္ဆိုရင္ ခင္ဗ်ားတို႔ ကြင္းထဲမွာ ေျပးလႊား ကစားေနတာေတြ ကို ျမင္ရေတာ့မွာ မဟုတ္ပါဘူး ။

ေနာက္ ၁၀ ႏွစ္ ၊ ၁၅ ႏွစ္ ေလာက္ ၾကာတဲ့ အခါမွာေတာ့ မ်ဳိးဆက္သစ္ ေလးေတြ ဟာ YouTube က ေနၿပီး ခင္ဗ်ားတုိ႔ ကစားခဲ့တဲ့ ပြဲေတြကို ျပန္ၾကည့္ၿပီး “WoW” လို႔ ေရရြတ္ေနၾကမွာ အမွန္ ပါပဲ ။ ဒီလုိပါပဲ မစၥတာ ဆႏုိက္ဒါ ၊ လူဆိုတာ အို ၾကမယ္ ၊ နာၾကမယ္ ၊ ေသၾကမယ္ေလ ။ အခု ခင္ဗ်ား တို႔လည္း အုိလာ ၾကလုိ႔ နားခဲ့ၾကရၿပီ ၊ မၾကာခင္မွာပဲ ေနာက္ထပ္ ကြ်န္ေတာ္တို႔ရဲ႕ ေဘာလံုး သူရဲေကာင္းေတြ နားၾကရဦးမွာပါ ။

တစ္ေန႔ ၾကရင္ေတာ့ ခရစၥတီယာႏို ရိုနယ္ဒို ေရာ ၊ လီယြန္နယ္ မက္ဆီ ေရာ မရွိေတာ့တဲ့ ေဘာလံုး ကမၻာႀကီး ကို ကြ်န္ေတာ္တို႔ ျမင္ေတြ႕ ရေတာ့မယ္ မစၥတာ ဆႏုိက္ဒါေရ . . . အဲ့ဒီ အခ်ိန္ က်ရင္ ခင္ဗ်ား ဘာလုပ္ ေနမွာလဲ . . .

ျပင္းထန္တဲ့ ကန္ခ်က္ေတြ ၊ ဆူညံတဲ့ အားေပးသံေတြ ၊ တရႊီရႊီ ျမည္ေနတဲ့ ခရာသံေတြ ၊ အသင္းေဖာ္ေတြ နဲ႔ ၿပဳိင္ဘက္ေတြရဲ႕ ေအာ္ဟစ္သံေတြ ၊ ေမာဟိုက္ ေနတဲ့ ႏွလံုးသား ရဲ႕ တဒိတ္ဒိတ္ ခုန္သံေတြ ၊ တစ္ခဏေလးပဲ ျဖစ္ျဖစ္ စိတ္ကို လန္းဆန္း သြားေစ ေလာက္တဲ့ ေလႏုေအးေလး ေတြ ၊ မုိးစက္ေလးေတြ ၊ ျမက္ခင္းစိမ္းေတြ ၊ ေဘာလံုးေတြ ၊ ဆုဖလားေတြ အားလံုးရဲ႕ အေ၀းကို ခင္ဗ်ား ထြက္သြားခဲ့ ပါၿပီ ။

ဒါေပမယ့္ ကြ်န္ေတာ္တို႔ ကေတာ့ ခင္ဗ်ား ကို ဘယ္ေတာ့မွ ေမ့ႏုိင္မွာ မဟုတ္ပါဘူးဗ်ာ . . . .

SPORTS MYANMAR

Unicode

ကျွန်တော်တို့ အားလုံး ခင်ဗျားတို့ကို သတိရနေမှာပါ . . . . . .

=============================================

သို့ . . . . . မစ္စတာ ၀ီစလေ ဆနိုက်ဒါ ။ ပျော်စရာကောင်းတဲ့ အနားယူမှု လေး ဖြစ်ပါစေ လို့ ဆုတောင်းပေး လိုက် ပါတယ် ။ အိုင်ယက်စ် ကနေ စတင်ခဲ့ တဲ့ ခင်ဗျားရဲ့ ဘောလုံး ခရီးစဉ် ဟာ ၁၇ နှစ် အကြာ မှာတော့ ဆုံးခန်း တိုင်သွား ခဲ့ပြီလေ ။ ခင်ဗျား ရဲ့ ကန်ချက် ပြင်းပြင်းတွေ ၊ တိကျ တဲ့ ပေးပို့မှုတွေ ကို ကျွန်တော်တို့ မြင်တွေ့ ခွင့် ရတော့ မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် မစ္စတာ ဆနိုက်ဒါ . . . ခင်ဗျား ကို ကျွန်တော်တို့ အမြဲ သတိရ နေမှာပါ ။

ခင်ဗျား သိတော့ သိနေ တယ်မဟုတ်လား မစ္စတာ ဆနိုက်ဒါ ။ ဒီနှစ် ဟာ ဘောလုံး ကြယ်ပွင့်တွေ မြက်ခင်း စိမ်း ကို ကျောခိုင်းတဲ့ နှစ် ဆိုတာ ကိုလေ ။ အခုမှ သြဂုတ် လပဲ ရှိသေး ပေမယ့် ခင်ဗျား အပါ အဝင် ကျွန်တော်တို့ ချစ်တဲ့ ဘောလုံး သူရဲကောင်းတွေ အနားယူ သွားခဲ့တာ ရ ယောက် အထိ တောင် ရှိလာခဲ့ ပီဗျာ ။ တစ်ချိန်တုန်း က ကျွန်တော်တို့ စွဲစွဲ မက်မက် အော်ဟစ် အားပေး ခဲ့ကြတဲ့ ဘောလုံး စူပါ ဟီးရိုးတွေ ပေါ့ ။

ဒီအထဲ က ၂ ယောက် ကိုတော့ ခင်ဗျား ရင်းရင်းနှီးနှီးကြီးကို သိနေ မှာပါ ။ အာဂျန် ရော်ဘင် နဲ့ ရော်ဘင် ဗန်ပါစီ တို့ ကိုလေ . . . . ခင်ဗျား တို့ ၃ ယောက် ရဲ့ အစွမ်း တွေ နဲ့ ၂၀၁၀ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ နယ်သာလန် ကို ဖိုင်နယ် ပို့ပေးခဲ့ တာကို ကျွန်တော်တို့ အခုထိ သတိရ နေကြတုန်းပဲဗျ ။ နောက် ၄ နှစ် အကြာမှာလည်း အုပ်စု ပွဲမှာ စပိန် ကို ၅ ဂိုးပြတ် အနိုင်ယူပြီး အောင်ပွဲ ခံခဲ့ကြတဲ့ ခင်ဗျားတို့ ၃ ယောက် ရဲ့ ပုံရိပ်တွေ ဟာ ကမ္ဘာ့ ဖလား ရဲ့ သမိုင်းမှာ အမြဲ ထပ်ဟပ် နေဦးမှာပါ ။

အခု ဘောလုံး မကန်တော့ဘူး ဆိုတော့ ခင်ဗျား ဘာလုပ် မလဲဗျ ။ ဘော်ဒါကြီး ဗန်ပါစီ ကတော့ ဘောလုံး အစီအစဉ် တင်ဆက် သုံးသပ်သူ ဖြစ်နေ ပြီလေ ။ သူတစ်ချိန် က ကျဉ်လည် အောင်မြင် ခဲ့တဲ့ ပရီးမီးယားလိဂ် ကို တစ်ခေါက် ပြန်သွားလေရဲ့ ဗျာ ။ အင်္ဂလန် မြေက အကြောင်းတွေ ကို ရော်ဘင် ၊ ဗန်ပါစီ တို့နဲ့ ဆုံတဲ့ အခါတွေ မှာ ခင်ဗျား မေးဖြစ်မလားတော့ မသိဘူး ။ ပရီးမီးယားလိဂ် မှာ ခင်ဗျား ကစားတာကို မတွေ့နိုင်တော့ တာ တကယ် စိတ်မကောင်း စရာပါပဲ ။ ဘာလို့လည်း ဆိုတော့ အင်္ဂလန် မြေမှာ နယ်သာလန်သားတွေ တောက်ပခဲ့ကြဖူးတယ် လေ . . .

၂၀၁၀ ကမ္ဘာ့ဖလား တုန်းက ဗိုလ်လုပွဲ မှာ ခင်ဗျား တို့ အသည်းကို ခွဲသွားခဲ့တဲ့ စပိန် အသင်း က ကွင်းလယ်လူ ဇာဗီ ဟာနန်ဒက် ကို ခင်ဗျား မှတ်မိ ဦးမလား မစ္စတာ ဆနိုက်ဒါ ။ သူလည်းပဲ ခင်ဗျား ရှေ့လေးတင် အနားယူ သွားခဲ့တာဗျ ။ သူကတော့ အနားယူတဲ့ ကလပ် မှာပဲ နည်းပြ အဖြစ်နဲ့ ပြန် လုပ်ကိုင် နေလေရဲ့ ။ တစ်နေ့မှာ သူချစ်တဲ့ ဘာစီလိုနာ ကို ပြန်မယ် ဆိုတဲ့ ရည်မှန်းချက်တွေ နဲ့ ပေါ့ဗျာ ။ ခင်ဗျား ရော သူ့လို နည်းပြ လုပ်ဖို့ စိတ်ကူး ထားသေးလား ၊ စိတ်ကူး ထားတယ် ဆိုရင်တော့ အိုင်ယက်စ် နဲ့ အင်တာ မီလန် များဖြစ် နေမလားဗျာ

ခင်ဗျား အစွမ်းတွေ ပြခဲ့တဲ့ ၂၀၁၀ ကို ကျွန်တော်တို့ မေ့မှာ မဟုတ်ပါဘူး ။ အင်တာ နဲ့ ရခဲ့တဲ့ အောင်မြင်မှုတွေ မှာ ခင်ဗျားရဲ့ အခန်းကဏ္ဍ က အထင်အရှား ကို ရှိနေခဲ့ တာပါ ။ ကမ္ဘာ့ ဖလား မှာလည်း ဒီအတိုင်း ပါပဲ ။ မက်ဆီ – ရိုနယ်ဒို အားပြိုင်မှု အကြားမှာ ရွှေဘောလုံး ကို ဖောက်ထွက် ရယူနိုင်မယ်လို့ တောင် ထင်ခဲ့ကြပါ သေးတယ် ။ ဒါပေမယ့် မစ္စတာ ဆနိုက်ဒါရေ . . . လောကကြီးက တစ်ခါတစ်လေ တော့ နားလည်ရခက်ပါတယ်ဗျာ ။

အီတလီ က ခံစစ်သမားကြီး ဘာဇဂါလီ ကိုတော့ ခင်ဗျား ရင်းနှီးချင်မှ ရင်းနှီးမှာပါ ။ သူက ခင်ဗျား စီးရီးအေ မှာ ကစားခဲ့တဲ့ အချိန်တုန်းက ပြိုင်ဘက် ကောင်း တစ်ယောက် ဖြစ်ခဲ့ မှာ သေချာ ပါတယ် ။ အီတလီ နဲ့ ယူဗင်တပ် တို့ရဲ့ ဂန္ထဝင် ကျောက်ဆောင်ကြီးလည်း နောက်ဆုံးတော့ နားသွားခဲ့ ပြီဗျ ။ အခု အီတလီ ခံစစ်ကြောင်း က မျိုးဆက်သစ်တွေ နဲ့ ဖွဲ့စည်း နေပြီလေ ။ မာဒီနီ – နက်စတာ ၊ ကန်နာဗာရို – မာတာရာဇီ ၊ ချီယာလီနီ – ဇာဘဂါလီ – ဘိုနူချီ တို့လို ခံစစ် အတွဲကောင်းတွေ ပိုင်ဆိုင် ခဲ့ဖူးတဲ့ အီတလီ မှာ ဘယ်လို ခံစစ်မျိုးဆက်သစ် တွေ ပေါ်ထွက် လာမလဲ ဆိုတာ ခင်ဗျား သိချင်စိတ် မရှိဘူးလား မစ္စတာ ရေ . . .

ပီတာဆက်ချ် ကတော့ အာဂျန်ရော်ဘင် ပြောပြဖူးတဲ့ ချဲလ်ဆီး က အကြောင်းတွေ ထဲမှာ ပါမယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ ။ သူက ချဲလ်ဆီး ရဲ့ စစ်မှန်တဲ့ ဂန္ထဝင် တစ်ယောက် ၊ သူရဲကောင်း တစ်ယောက် ပါ ။ အာဆင်နယ် ကို ရောင်းထုတ် ခဲ့တာ တောင်မှ စိတ်မနာခဲ့ဘဲ အနားယူသွားချိန် မှာ ချဲလ်ဆီး ကို ပြန်ခဲ့တဲ့ ဆက်ချ် ရဲ့ နှလုံးသား ဟာ အပြာရောင် ဖြစ်နေမယ် ဆိုတာ လန်ဒန် ကို ရောက်တဲ့ အခါ ခင်ဗျား ကို ပြောပြ ကြပါလိမ့်မယ် မစ္စတာ ဆနိုက်ဒါရေ . . . .

တင်ကာဟေး နဲ့ ခင်ဗျား ဘယ်နှခါ ဆုံခဲ့ဖူး သလဲ . . . ၂၀၁၄ ကမ္ဘာ့ ဖလား လို့ ထင်တာပဲဗျ ။ အုပ်စု ဒုတိယပွဲ မှာ ခင်ဗျားနဲ့ သူ ဆုံခဲ့ကြတယ်လေ ။ ရောဘင်ရဲ့ ဂိုး နဲ့ ခင်ဗျား တို့ ဦးောဆာာင် နေခဲ့ ပေမယ့် တစ်မိနစ် အကြာမှာပဲ အဝါရောင် သူရဲကောင်းကြီး က မြေမကျ အပြင်းကန်ချက် နဲ့ ပြန်ချေပ ခဲ့တာလေ ။ သူ အောင်ပွဲခံ တာကို ရောတွေ့လိုက်သေးလားဗျ ။ ကွင်းထောင့်ကို ပြေးပြီး အလံတိုင် ကို လက်သီးတွေ ပစ်သွင်း တဲ့ စတိုင်လေ ။ ဒါ က တင်ကာဟေး ရဲ့ Signature ပဲဗျ ။ ဒါကို ကျွန်တော်တို့ ဘယ်တော့မှ မေ့နိုင်မယ် မထင် ပါဘူး ။

တိုက်တိုက် ဆိုင်ဆိုင် ပါပဲ မစ္စတာ ဆနိုက်ဒါရေ ။ အဲ့ဒီ့ ၂၀၁၄ ပွဲတုန်းက ဂိုးသွင်းခဲ့ ကြတဲ့ ရော်ဘင် ၊ ဗန်ပါစီ နဲ့ တင်ကာဟေး တို့ ၃ ယောက်စလုံး ဒီနှစ်ထဲ မှာ နားခဲ့ကြတယ်နော် ။ ခင်ဗျား နဲ့ သိပ်မကွာ လိုက်ပါဘူး ။ နောက်ဆိုရင် ခင်ဗျားတို့ ကွင်းထဲမှာ ပြေးလွှား ကစားနေတာတွေ ကို မြင်ရတော့မှာ မဟုတ်ပါဘူး ။

နောက် ၁၀ နှစ် ၊ ၁၅ နှစ် လောက် ကြာတဲ့ အခါမှာတော့ မျိုးဆက်သစ် လေးတွေ ဟာ YouTube က နေပြီး ခင်ဗျားတို့ ကစားခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်ပြီး “WoW” လို့ ရေရွတ်နေကြမှာ အမှန် ပါပဲ ။ ဒီလိုပါပဲ မစ္စတာ ဆနိုက်ဒါ ၊ လူဆိုတာ အို ကြမယ် ၊ နာကြမယ် ၊ သေကြမယ်လေ ။ အခု ခင်ဗျား တို့လည်း အိုလာ ကြလို့ နားခဲ့ကြရပြီ ၊ မကြာခင်မှာပဲ နောက်ထပ် ကျွန်တော်တို့ရဲ့ ဘောလုံး သူရဲကောင်းတွေ နားကြရဦးမှာပါ ။

တစ်နေ့ ကြရင်တော့ ခရစ္စတီယာနို ရိုနယ်ဒို ရော ၊ လီယွန်နယ် မက်ဆီ ရော မရှိတော့တဲ့ ဘောလုံး ကမ္ဘာကြီး ကို ကျွန်တော်တို့ မြင်တွေ့ ရတော့မယ် မစ္စတာ ဆနိုက်ဒါရေ . . . အဲ့ဒီ အချိန် ကျရင် ခင်ဗျား ဘာလုပ် နေမှာလဲ . . .

ပြင်းထန်တဲ့ ကန်ချက်တွေ ၊ ဆူညံတဲ့ အားပေးသံတွေ ၊ တရွှီရွှီ မြည်နေတဲ့ ခရာသံတွေ ၊ အသင်းဖော်တွေ နဲ့ ပြိုင်ဘက်တွေရဲ့ အော်ဟစ်သံတွေ ၊ မောဟိုက် နေတဲ့ နှလုံးသား ရဲ့ တဒိတ်ဒိတ် ခုန်သံတွေ ၊ တစ်ခဏလေးပဲ ဖြစ်ဖြစ် စိတ်ကို လန်းဆန်း သွားစေ လောက်တဲ့ လေနုအေးလေး တွေ ၊ မိုးစက်လေးတွေ ၊ မြက်ခင်းစိမ်းတွေ ၊ ဘောလုံးတွေ ၊ ဆုဖလားတွေ အားလုံးရဲ့ အဝေးကို ခင်ဗျား ထွက်သွားခဲ့ ပါပြီ ။

ဒါပေမယ့် ကျွန်တော်တို့ ကတော့ ခင်ဗျား ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူးဗျာ . . . .

SPORTS MYANMAR