မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားသမား ဖြစ်သူ ခရစ် စမောလင်း က သူဟာ ရိုးမား အသင်း နဲ့ ဘောလုံး ရာသီ တစ်ခု ကို အဆုံးသတ် နိုင်ခြင်း မရှိ ခဲ့တဲ့ အတွက် စိတ်ပျက် ဝမ်းနည်း မိကြောင်း သူ့ရဲ့ ခံစားချက် ကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

စမောလင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ တုန်းက စီးရီးအေ ထိပ်သီး ရိုးမား အသင်းဆီ အငှား သွားရောက် ကစား ခဲ့ပြီး ပုံစံ ကောင်းတွေ ပြသ နိုင်ခဲ့တဲ့ အတွက် အီတလီ ထိပ်သီ ကလပ်မှ သူ့ကို အပြီးသတ် ခေါ်ယူ နိုင်ရေး အတွက် ယူနိုက်တက် အသင်းဆီ ကမ်းလှမ်း ခဲ့ပါ သေးတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ နောက်ခံလူ အတွက် ပေါင် 18 သန်း အထိ အလို ရှိနေခဲ့ ပါတယ် ။ ဒါကို ရိုးမား အသင်း ဖက်မှ မပေးချေ လိုခဲ့တဲ့ အတွက် အဆိုပါ အပြောင်းအရွှေ့ဟာ လက်တွေ့ မှာတော့ မဖြစ်ပွား ခဲ့ရ ပါဘူး ။

အခုတော့ ရိုးမား အသင်းဟာ ယူရို ပါလိဂ် ပွဲစဉ် အဖြစ် ဆီဗီးလား အသင်းနဲ့ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ စမောလင်းဟာ ပါဝင် နိုင်မှာ မဟုတ်တော့ ပါဘူး ။ အခုတော့ စမောလင်းက တွစ်တာမှ တစ်ဆင့် ရိုမား အသင်းကို ကျေးဇူးတင် စကား ပြောကြား ခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ စတင် ခဲ့တဲ့ ဘောလုံး ရာသီကို မကုန်ဆုံး စေနိုင်ခဲ့တဲ့ အတွက် အရမ်းပဲ စိတ်ပျက်မိ ပါတယ် ။ ဒီလို အချိန်တိုလေး အတွင်းမှာ ပရိသတ် နဲ့ အသင်းရဲ့ ချစ်ခြင်း မေတ္တာကို ခံစား ခဲ့ရတာ က တစ်ကယ့်ကို စပါယ်ရှယ် ပါပဲ ။ ဒါကို ကျွန်တော် မေ့နိုင်မှာ မဟုတ်တော့ ပါဘူး ”

” ဒီအတွက် သူတို့ အားလုံး ကို ကျွန်တော် ကျေးဇူးတင် စကား ပြောလို ပါတယ် ။ ဒါ့အပြင် ဆီဗီးလားနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ဖစ်လာ နိုင်ဖို့အတွက် ကျွန်တော် ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ် ။ DAGE ROMA ” လို့ စမောလင်း က တွစ်တာ ပေါ်မှာ ရေးသား သွားခဲ့လိုက် ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ LASK အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် မတိုင်မီ စမောလင်းဟာ တန်ဖိုး ရှိတဲ့ အချိန် တွေကို ဖြတ်သန်း နိုင်ခဲ့ကြောင်း ၊ သူဟာ ကစားသမားကောင်း တစ်ဦး ဖြစ်တယ် ဆိုတာကို ရိုးမား အသင်းမှာ ကစားခွင့် ရတုန်း သက်သေ ပြနိုင် ခဲ့ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ခရစ် (စမောလင်း) က သူ့ရဲ့ ကစားသမား ဘဝဟာ ဘယ်လောက် တန်ဖိုး ရှိသလဲ ဆိုတာကို မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပြသ နိုင်ခဲ့ ပါတယ် ။ ဒီ ရာသီ ကတော့ သူ့ကို ပုံမှန် ကစားခွင့် ရစေ နိုင်ဖို့ ရိုးမားဆီ သွားရောက် စေခဲ့ရ ပါတယ် ။ သူဟာ ဘယ်လောက် ကောင်းတဲ့ ဗဟို ခံစစ် ကစားသမား တစ်ယောက်လဲ ဆိုတာကို ရိုးမားမှာ သက်သေ ပြနိုင်ခဲ့ ပါတယ် ”

” ကျွန်တော်ဟာ ဟယ်ရီ ( မက်ဂွားယား ) ၊ ဗစ် ( လင်ဒီလော့ဖ် ) နဲ့ အေဇဲလ် ( တွမ်ဇီဘီ ) တို့ကို အခွင့်အရေး တစ်ခုး ပေးချင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ရိုးမား အသင်း ကို သွားရောက် ကစားဖို့ ဆိုတာက သူ့အတွက် အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်သွား ခဲ့ရ ပါတယ် ”

” သူဟာ အဖိုးတန် ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတာကို ရောမမှာ သက်သေ ပြနိုင်ခဲ့ ပါတယ် ။ ဒီကြားထဲ ကျွန်တော်ဟာ သူနဲ့ အဆက်အသွယ် မပြတ် ထားရှိခဲ့ပါ သေးတယ် ။ ရိုးမားက သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် ကြည်နူး ဝမ်းမြောက်မိ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar