မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ LASK အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ရ ပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရယူ နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် တို့ဟာ နှစ်ကျော့ပေါင်း 7 – 1 ဆိုတဲ့ ရလဒ်နဲ့ ယူရို ပါလိဂ် နောက် တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် တို့ဟာ ပထမ အကျော့ တုန်းက 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရရှိ ခဲ့တဲ့ အတွက် နောက်တစ်ဆင့် တက်ဖို့ သေချာ သလောက် ရှိနေ ခဲ့တာကြောင့် ဆိုးလ်ရှားက ဒီပွဲမှာ ပွဲထွက်ခွင့် နည်းပါး ခဲ့တဲ့ ကစားသမား တွေကို ပွဲထွက် ကစားခွင့် ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်း အတွက် ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ပုံစံကောင်း ပြနိုင်ခြင်း မရှိ ခဲ့တဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ဟာလည်း ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး အသင်း အတွက် ခြေပဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် နှစ်ပွဲဆက် ဂိုးသွင်းခြင်း ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ ကစားကွက် ညံ့ခဲ့ရ သလို ကစားသမား တွေလည်း ပုံစံကောင်း မပြနိုင်ခဲ့ ပါဘူး ။ အဆိုပါ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမားဟောင်း ဖြစ်သူ ပေါလ် စခိုးလ် က ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ဖရက်ဒ် နဲ့ လင်ဂတ် တို့ကို ရောင်းထုတ် လိုက်ဖို့ အသင်းဟောင်း ကို တိုက်တွန်း သွားခဲ့ ပါတယ် ။

” ကျွန်တော် ကတော့ လင်ဂတ် အပေါ် အပြည့်အဝ မယုံကြည်သေး ပါဘူး ။ သူဟာ ပုံစံကောင်း တွေကို ပြသ နိုင်တဲ့ အခါ မှာတော့ တစ်စုံတခု လုပ်ပြ နိုင်လိမ့်မယ် လို့ ထင်ရ ပါတယ် ။ ဒါပေမယ့် အဆုံးသတ် မှာ သူဟာ အသင်း အတွက် လုံလောက်စွာ ကောင်းမွန်ခြင်း မရှိတာ သိရ ပါတယ် ”

” အကယ်လို့ ခင်ဗျားဟာ လိဂ် ဖလား တွေကို ဆွတ်ခူး ချင်တယ် ၊ ကြီးမားတဲ့ ဆုဖလား တွေကို ဆွတ်ခူး ချင်တယ် ဆိုရင် သူဟာ အသင်း ရဲ့ ပွဲထွက် ကစားသမား XI ယောက် စာရင်း ထဲ ပါဝင် နိုင်မယ့် ကစားသမားမျိုး ဟုတ်သေး ရဲ့လား ? ကျွန်တော် အတွက်တော့ မသေချာ ပါဘူး ။ သူဟာ နှစ်ပွဲဆက်တော့ ဂိုးသွင်းနိုင်ခဲ့ ပါတယ် ”

” ဒီနေ့ ပွဲစဉ်ကို ကြည့်ရှု လိုက်မယ် ဆိုရင် ဒါဟာ လင်ဂတ် အတွက် ဖရက်ဒ် နဲ့ အတူ မိနစ် 90 ပွဲချိန်ပြည့် ကစား သင့်တဲ့ ပွဲမျိုးပဲလို့ ခင်ဗျား တို့ ယုံကြည်မိမှာ ပါပဲ ။ ဒါပေမယ့် အိုလီ က သူ့ကို လူစားလဲလိုက် ကတည်းက ဒါဟာ သူ့ရဲ့ အနာဂတ် ရေရာမှု မရှိဘူး ဆိုတာ အိုလီ က ပြသ လိုက်ခြင်း လို့ ကျွန်တော် ထင်မိ ပါတယ် ”

” ကျွန်တော် ပြောတာ လုံးဝ မှားကောင်း မှားနေ ပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ အဲ့ဒီလို ခံစားချက် ကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ဒီနေ့လို ပွဲစဉ်မျိုး က ပွဲထွက် ကစားခွင့် နည်းပါးတဲ့ သူတွေ အတွက် အခွင့်အရေး ကောင်းကို အမိအရ ဖမ်းဆုပ်နိုင် သင့်တဲ့ ပွဲစဉ်မျိုး ပဲလေ ”

” ဒီည ကတော့ သူတို့ နှစ်ယောက် အတွက် ပွဲချိန် မိနစ် 90 အပြည့် ကစား ရဖို့ အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့ရ ပါတယ် ။ လင်ဂတ် ကတော့ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ အတွက် ယုံကြည်မှု တွေ တစ်စ ထက် တစ်စ မြင့်တက် လာမှာ သေချာ ပါတယ် ။ ဒါပေမယ့် လူစားလဲခံ ခဲ့ရ ပါတယ် ”

” သူဟာ ပွဲစဉ် အတွင်း ခြေစွမ်း မကောင်းခဲ့ ပါဘူး ။ ပြီးတော့ လူစား လဲခံ ခဲ့ရ ပါတယ် ။ သူဟာ နောက်ပွဲ ပွဲထွက် ကစားခွင့် ရမယ် လို့တော့ ကျွန်တော် မထင် ပါဘူး ။ ဖရက်ဒ် ကလည်း သူနဲ့ ပုံစံတူ ပါတယ် ။ ဆိုးလ်ရှား က ဒီ နှစ်ယောက် ကို ရောင်းထုတ် လိုက်ဖို့ အတွက် တွေးတော နေပါ လိမ့်မယ် ” လို့ ပေါလ် စခိုးလ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar