မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ယူရို ပါလိဂ် ပွဲစဉ် တုန်းက LASK အသင်း နဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် နှစ်ကျော့ပေါင်း 7 – 1 ဆိုတဲ့ ရလဒ်နဲ့ အတူ ယူနိုက်တက် တို့ဟာ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ကိုပင်ဟေဂင် အသင်းဟာ ပထမ အကျော့ တုန်းက အစ္စတန်ဘူလ် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့ပေမယ့် ဒုတိယ အကျော့မှာ 3 – 0 ဆိုတဲ့ ရလဒ် နဲ့ ပြန်လည် အနိုင်ယူ နိုင်ခဲ့တဲ့ အတွက် နှစ်ကျော့ပေါင်း 3 – 1 ဆိုတဲ့ ရလဒ် နဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပွဲစဉ် ဇယား ရေးဆွဲထား ခဲ့မှု အရ FA ဖလား ကွာတား ဖိုင်နယ် အဆင့် မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုပင်ဟေဂင် အသင်း နဲ့ ရင်ဆိုင် ကစားသွား ရမှာပဲ ဖြစ်ပါတယ် ။ အခြား တစ်ဖက် မှာတော့ ဥရောပ ပွဲစဉ် တွေကို တစ်ကျော့ပဲ ကစား ရမှာ ဖြစ်တဲ့ အတွက် သတိထား ယှဉ်ပြိုင် ကြရပါ လိမ့်မယ် ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဖရက်ဒ် က အသင်းဖော် တွေ အနေ နဲ့ တစ်ကျော့ထဲသာ ကစား ရမယ့် ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေဖို့ လိုအပ်ကြောင်း ၊ ဒီ အတွက် အမှား အယွင်း ခံလို့ ရမှာ မဟုတ်ကြောင်း သတိပေး စကား ပြောကြား ခဲ့လိုက် ပါတယ် ။

” ရှေ့ဆက်ပြီး အရေးကြီးတဲ့ ပွဲစဉ် နှစ်ပွဲ ကစား ရမှာ ဖြစ်ပြီး အနိုင် ရမှ ဖိုင်နယ် ကို တက်ရောက် နိုင်မှာပါ ။ ဒီအတွက် အကောင်းဆုံး ပြင်ဆင် ထားခဲ့ ပြီလား ဆိုတာကို သေချာအောင် လုပ်ဆောင် ရပါ လိမ့်မယ် ။ လာမယ့် ပွဲစဉ် တွေမှာ အမှားတွေ ကျူးလွန်လို့ လုံးဝ မရနိုင် ပါဘူး ”

” လိဂ် ပွဲစဉ် တွေမှာ ဆိုရင် ပြန်လည် ဖာထေးလို့ ရကောင်း ရနိုင်ပါ လိမ့်မယ် ။ တစ်ပွဲ ရှုံးပြီး နောက် တစ်ပွဲမှာ ပြန်လည် ရလဒ်ကောင်း ပိုင်ဆိုင်ဖို့ လုပ်ဆောင်ကောင်း လုပ်ဆောင် နိုင်ပါ လိမ့်မယ် ။ ဒါပေမယ့် ပြိုင်ပွဲတွေ မှာတော့ အမှား လုပ်မိ ခဲ့မယ် ဆိုရင် ပြန်လည် ဖာထေး နိုင်ဖို့ ၊ အကောင်းဆုံး ပြန်လာ နိုင်ဖို့ အတွက် ခက်ခဲ သွားပါ လိမ့်မယ် ”

” အခုတော့ ကျွန်တော်တို့ တစ်ပွဲပဲ ကစားရမှာပါ ။ ဒီအတွက် ပိုပြီး အာရုံ စူးစိုက် ရပါ လိမ့်မယ် ။ ဒါဟာ ကျွန်တော် တို့ အတွက် အရေး အကြီးဆုံး အချက် တစ်ခုပဲ လို့ ကျွန်တော် ထင်ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အားလုံး အတွက် အကြီးမားဆုံး စမ်းသပ် ခံရမှု တစ်ခု ပါပဲ ” လို့ ဖရက်ဒ် က ပြောကြား ခဲ့လိုက် ပါတယ် ။

အကယ်လို့ ယူနိုက်တက် တို့သာ ပွဲစဉ် တွေကို အနိုင် ကစားရင်း ယူရို ပါလိဂ် ဖိုင်နယ် ကို တက်ရောက် သွားနိုင်မယ် ဆိုရင် ရက်ပေါင်း 63 ရက် အတွင်း 15 ပွဲ အထိ ကစား ရတဲ့ မှတ်တမ်း တစ်ခု ပိုင်ဆိုင် သွားပါ လိမ့်မယ် ။ ဒါပေမယ့် ဖရက်ဒ် ကတော့ အခုလို ပွဲဆက် နေတဲ့ အတွက် မစိုးရိမ်မိကြောင်း ၊ အသင်းမှာ ဒါကို ရင်ဆိုင် နိုင်ဖို့ ကြံ့ခိုင်မှု အပြည့် ရှိကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော် တို့ဟာ ဇွန် ၊ ဇူလိုင် တွေမှာ ပွဲစဉ် တွေကို ဆက်တိုက် ကစားခဲ့ ရတဲ့နောက် အခုလို ပွဲစဉ် တစ်ပွဲကို ဆက်လက် ရင်ဆိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ ဒါကို ကောင်းကောင်း တုန့်ပြန် နိုင်ဖို့ လိုအပ် ပါတယ် ။ ရက်တွေ အနည်းငယ် ခြားပြီး မှ ကစား ရတယ် ဆိုတာက အကျိုးရှိ ပါတယ် ။ ဒီအတွက် ကျွန်တော်တို့ အဆင်သင့် ဖြစ်နေ ကြမှာပါ ” လို့ ဖရက်ဒ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar