လီဗာပူး စတား မုိဟာမက္ ဆာလား က လက္ေရြးစင္ အသင္း အတြက္ လာေရာက္ ကစား တဲ့ အခါ သူ႕အေပၚ အေႏွာက္ အယွက္ ျဖစ္ေစမယ့္ အရာေတြ လုပ္ေဆာင္မွဳ ကုိ ရပ္တန္႕ သြား၇န္ ေတာင္းဆုိ သြားခဲ့ ပါတယ္ ။ ဆာလား နဲ႕ အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ရဲ႕ ဆက္ဆံေရး ဟာ ျပီးခဲ့တဲ့ လေတြ အတြင္း တင္းမာမွဳ ေတြ ရွိေန ခဲ့ျပီး အသက္ ၂၆ ႏွစ္ အရြယ္ လီဗာပူး တုိက္စစ္မွဳး က အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ဟာ သူ႕ရဲ႕ ပံုရိမ္ မူပိုင္ခြင့္ နဲ႕ ပက္သက္တဲ့ ေစာဒက တက္မွဳေတြ ကုိ လ်စ္လ်ဴရွဳ ထားခဲ့တယ္လို႕ စြပ္စြဲ ခဲ့ပါတယ္။

ဒါ့အျပင္ လက္ေရြးစင္ အသင္း နဲ႕ လာေရာက္ ပူးေပါင္းတဲ့ အခါ မွာ ဆာလား ရဲ႕ လံုျခံဳေရး နဲ႕ ပက္သက္ျပီး စုိးရိမ္မွဳ ေတြ ရွိေနကာ လီဗာပူး တုိက္စစ္မွဳး ရဲ႕ ေရွ႕ေန ျဖစ္သူ ကေတာ့ သာမန္ထက္ ပိုတဲ့ ေတာင္းဆုိမွဳေတြ ပါ၀င္တဲ့ စာေတြကုိ ထုတ္ျပန္ ေၾကျငာ ခဲ့ပါတယ္။ အကယ္လို႕မ်ား ဆာလား ရဲ႕ ေတာင္းဆုိမွဳ ေတြကုိ ေဘာလံုး အဖြဲ႕ခ်ဳပ္ က လုိက္ေလ်ာမွဳ မရွိ ခဲ့ပါက ေရွ႕ေန ျဖစ္သူ အစ္ဆာက သူ႕ အမွဳသည္ဟာ လက္ေရြးစင္ အသင္း အတြက္ ကစား ေပးမွာ မဟုတ္ေၾကာင္း အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ ဥကၠ႒ ျဖစ္သူ ဟန္နီ ေအဘုိ ရီဒါ နဲ႕ က်န္ ဘုတ္အဖြဲ႕၀င္ ေတြကို ျခိမ္းေျခာက္ လိုက္ပါတယ္ ။

The Sun ရဲ႕ ေဖာ္ျပခ်က္ အရ ကေတာ့ အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ အေနနဲ႕ international duty ေတြ အတြက္ ဆာလား ကုိ ေလယာဥ္ နဲ႕ လာေရာက္ ေခၚေဆာင္ရန္ နဲ႕ international duty ကာလ တစ္ေလွ်ာက္လံုး လံုျခံဳေရး ၂ ေယာက္ ထားရွိ ေပးရန္ စတဲ့ ထူးျခားတဲ့ အခ်က္ေတြ ပါ၀င္ ပါတယ္။ ဒါ့အျပင္ အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ အေနနဲ႕ ဆားလား ေနထုိင္ရာ ဟုိတယ္ ပတ္၀န္းက်င္ မွာ ပရိတ္သတ္ေတြ လာေရာက္ စုရံုး ေနမွဳကို တားဆီး ေပးရန္ ၊ ဖုန္းေခၚဆုိ မွဳေတြ ပိတ္ေပးရန္ နဲ႕ ပရုိမုိးရွင္း ပြဲေတြ မွာ သူ႕ကို အတင္း အက်ပ္ မတက္ခုိင္း ရန္ စတာေတြ လည္း ပါ၀င္ ပါတယ္။

အစ္ဆာ ထုတ္ျပန္ ခဲ့တဲ့ စာတစ္ေစာင္ မွာ ဆုိရင္လည္း အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ ရဲ႕ ဆာလား အေပၚ အျပဳအမူ ဟာ ‘က်က္သေရ မရွိတဲ့ အျပင္ စက္ဆုတ္ ရြံရွာ စရာ ေကာင္းတယ္’ ဆုိတဲ့ ျပင္းျပင္းထန္ထန္ ေျပာဆုိမွဳ လည္း ပါ၀င္ ေနပါတယ္။

ယခု တစ္ပတ္ အေစာပုိင္း မွာ တုန္းက ဆာလား က “ကၽြန္ေတာ္တုိ႕ အီဂ်စ္ ေဘာလံုး အဖြဲ႕ခ်ဳပ္ ထံ complaint letters ေတြ ေပးပို႕ ခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ နဲ႕ ကၽြန္ေတာ့္ ေရွ႕ေန ရဲ႕ စာေတြကုိ သူတုိ႕က လ်စ္လ်ဴ ရွဳခဲ့ ၾကပါတယ္။ ဘာေၾကာင့္ ဒီလို လုပ္သလဲ ဆုိတာ ကၽြန္ေတာ္ လည္း မသိ ပါဘူး။ ကၽြန္ေတာ္တုိ႕ရဲ႕ စာေတြကို ဖတ္ဖို႕ သူတုိ႕မွာ အခ်ိန္ မရွိ လို႕လား ? ႏုိင္ငံ့ လက္ေရြးစင္ ကစားသမား ေတြရဲ႕ ျပသနာ ေတြကုိ ေျဖရွင္းဖို႕ ၾကိဳးစား ေပးရမွာ ဟာ ဘယ္ေဘာလံုး အဖြဲ႕ခ်ဳပ္ မဆို လုပ္ေပး ရမယ့္ တာ၀န္ ပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ နားလည္ ထားတဲ့ အရာ နဲ႕ အခု ဆန္႕က်င္ဘက္ ျဖစ္ေန ပါတယ္။” လို႕ ဆုိသြား ပါတယ္။

အီဂ်စ္ ဟာ လာမည့္ စက္တင္ဘာလ ၈ ရက္ေန႕ မွာ ႏုိင္ဂ်ာ အသင္း နဲ႕ ကစား သြားရဖို႕ ရွိေနျပီး အဆုိပါ ပြဲမွာ ဆာလား ပါ မပါ ဆုိတာ ကေတာ့ ေသခ်ာ ေရရာျခင္း မရွိ ေသးပါဘူး။ လီဗာပူး အသင္း ဟာ 2018 – 19 ေဘာလံုး ရာသီမွာ ပရီးမီးယားလိဂ္ ၃ ပြဲ ကစား ၃ ပြဲ စလံုး အႏုိင္ ရရွိ ထားခဲ့ျပီး ျပီးခဲ့တဲ့ ရာသီက လိဂ္ ရဲ႕ ဂိုးသြင္းဘုရင္ ျဖစ္ခဲ့တဲ့ ဆာလား ကေတာ့ ၀က္ဟမ္း ဘရုိက္တန္ တုိ႕နဲ႕ ပြဲေတြ မွာ ၁ ဂုိးစီ သြင္းယူ ထားပါတယ္။

Unicode

ဆက်ဆံရေး တင်းမာနေတဲ့ အီဂျစ် ဘောလုံးအဖွဲ့ချုပ်ထံ သာမန်ထက် ထူးခြားတဲ့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ လီဗာပူး တိုက်စစ်မှုး မိုဟာမက်ဆာလား
==============================================
လီဗာပူး စတား မိုဟာမက် ဆာလား က လက်ရွေးစင် အသင်း အတွက် လာရောက် ကစား တဲ့ အခါ သူ့အပေါ် အနှောက် အယှက် ဖြစ်စေမယ့် အရာတွေ လုပ်ဆောင်မှု ကို ရပ်တန့် သွားရန် တောင်းဆို သွားခဲ့ ပါတယ် ။ ဆာလား နဲ့ အီဂျစ် ဘောလုံး အဖွဲ့ချုပ်ရဲ့ ဆက်ဆံရေး ဟာ ပြီးခဲ့တဲ့ လတွေ အတွင်း တင်းမာမှု တွေ ရှိနေ ခဲ့ပြီး အသက် ၂၆ နှစ် အရွယ် လီဗာပူး တိုက်စစ်မှုး က အီဂျစ် ဘောလုံး အဖွဲ့ချုပ်ဟာ သူ့ရဲ့ ပုံရိမ် မူပိုင်ခွင့် နဲ့ ပက်သက်တဲ့ စောဒက တက်မှုတွေ ကို လျစ်လျူရှု ထားခဲ့တယ်လို့ စွပ်စွဲ ခဲ့ပါတယ်။

ဒါ့အပြင် လက်ရွေးစင် အသင်း နဲ့ လာရောက် ပူးပေါင်းတဲ့ အခါ မှာ ဆာလား ရဲ့ လုံခြုံရေး နဲ့ ပက်သက်ပြီး စိုးရိမ်မှု တွေ ရှိနေကာ လီဗာပူး တိုက်စစ်မှုး ရဲ့ ရှေ့နေ ဖြစ်သူ ကတော့ သာမန်ထက် ပိုတဲ့ တောင်းဆိုမှုတွေ ပါ၀င်တဲ့ စာတွေကို ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။ အကယ်လို့များ ဆာလား ရဲ့ တောင်းဆိုမှု တွေကို ဘောလုံး အဖွဲ့ချုပ် က လိုက်လျောမှု မရှိ ခဲ့ပါက ရှေ့နေ ဖြစ်သူ အစ်ဆာက သူ့ အမှုသည်ဟာ လက်ရွေးစင် အသင်း အတွက် ကစား ပေးမှာ မဟုတ်ကြောင်း အီဂျစ် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဟန်နီ အေဘို ရီဒါ နဲ့ ကျန် ဘုတ်အဖွဲ့ဝင် တွေကို ခြိမ်းခြောက် လိုက်ပါတယ် ။

The Sun ရဲ့ ဖော်ပြချက် အရ ကတော့ အီဂျစ် ဘောလုံး အဖွဲ့ချုပ် အနေနဲ့ international duty တွေ အတွက် ဆာလား ကို လေယာဉ် နဲ့ လာရောက် ခေါ်ဆောင်ရန် နဲ့ international duty ကာလ တစ်လျှောက်လုံး လုံခြံုရေး ၂ ယောက် ထားရှိ ပေးရန် စတဲ့ ထူးခြားတဲ့ အချက်တွေ ပါ၀င် ပါတယ်။ ဒါ့အပြင် အီဂျစ် ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ဆားလား နေထိုင်ရာ ဟိုတယ် ပတ်ဝန်းကျင် မှာ ပရိတ်သတ်တွေ လာရောက် စုရုံး နေမှုကို တားဆီး ပေးရန် ၊ ဖုန်းခေါ်ဆို မှုတွေ ပိတ်ပေးရန် နဲ့ ပရိုမိုးရှင်း ပွဲတွေ မှာ သူ့ကို အတင်း အကျပ် မတက်ခိုင်း ရန် စတာတွေ လည်း ပါ၀င် ပါတယ်။

အစ်ဆာ ထုတ်ပြန် ခဲ့တဲ့ စာတစ်စောင် မှာ ဆိုရင်လည်း အီဂျစ် ဘောလုံး အဖွဲ့ချုပ် ရဲ့ ဆာလား အပေါ် အပြုအမူ ဟာ ‘ကျက်သရေ မရှိတဲ့ အပြင် စက်ဆုတ် ရွံရှာ စရာ ကောင်းတယ်’ ဆိုတဲ့ ပြင်းပြင်းထန်ထန် ပြောဆိုမှု လည်း ပါ၀င် နေပါတယ်။

ယခု တစ်ပတ် အစောပိုင်း မှာ တုန်းက ဆာလား က “ကျွန်တော်တို့ အီဂျစ် ဘောလုံး အဖွဲ့ချုပ် ထံ complaint letters တွေ ပေးပို့ ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် နဲ့ ကျွန်တော့် ရှေ့နေ ရဲ့ စာတွေကို သူတို့က လျစ်လျူ ရှုခဲ့ ကြပါတယ်။ ဘာကြောင့် ဒီလို လုပ်သလဲ ဆိုတာ ကျွန်တော် လည်း မသိ ပါဘူး။ ကျွန်တော်တို့ရဲ့ စာတွေကို ဖတ်ဖို့ သူတို့မှာ အချိန် မရှိ လို့လား ? နိုင်ငံ့ လက်ရွေးစင် ကစားသမား တွေရဲ့ ပြသနာ တွေကို ဖြေရှင်းဖို့ ကြိုးစား ပေးရမှာ ဟာ ဘယ်ဘောလုံး အဖွဲ့ချုပ် မဆို လုပ်ပေး ရမယ့် တာဝန် ပါပဲ။ ဒါပေမယ့် ကျွန်တော် နားလည် ထားတဲ့ အရာ နဲ့ အခု ဆန့်ကျင်ဘက် ဖြစ်နေ ပါတယ်။” လို့ ဆိုသွား ပါတယ်။

အီဂျစ် ဟာ လာမည့် စက်တင်ဘာလ ၈ ရက်နေ့ မှာ နိုင်ဂျာ အသင်း နဲ့ ကစား သွားရဖို့ ရှိနေပြီး အဆိုပါ ပွဲမှာ ဆာလား ပါ မပါ ဆိုတာ ကတော့ သေချာ ရေရာခြင်း မရှိ သေးပါဘူး။ လီဗာပူး အသင်း ဟာ 2018 – 19 ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ၃ ပွဲ ကစား ၃ ပွဲ စလုံး အနိုင် ရရှိ ထားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက လိဂ် ရဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ ဆာလား ကတော့ ၀က်ဟမ်း ဘရိုက်တန် တို့နဲ့ ပွဲတွေ မှာ ၁ ဂိုးစီ သွင်းယူ ထားပါတယ်။