လီဗာပူးဟာ အိုလံပီယာကော့စ် ဘယ်နောက်ခံလူ ကို့စတပ် ဆီမီကပ်စ် ကို ပေါင် ၁၁.၇၅ သန်းနဲ့ ခေါ်ယူနိုင်ရန် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ သိရပြီး ဆေးစစ်မှုကို လာမည့် တစ်ပတ် အစောပိုင်းမှာ ပြုလုပ် သွားဖို့ မျှော်လင့် ရပါတယ်။ လီဗာပူး ဟာ အန်ဒီရောဘတ်ဆန် တစ်ဦးသာ စီနီယာ အဖြစ် ရှိနေတဲ့ ဘယ်နောက်ခံလူ နေရာ အတွက် cover လုပ်ပေးနိုင်မယ့် သူတစ်ဦးကို အစောပိုင်း ကတည်းက ရှာဖွေ နေခဲ့တာ ဖြစ်ပြီး ဆီမီကပ်စ် နဲ့ နော့ဝှစ် ဘယ်နောက်ခံလူ ဂျမဲလ်လီးဝစ် တို့ဟာ လီဗာပူးရဲ့ ထိပ်တန်း ပစ်မှတ်တွေ ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဂျမဲလ်လီးဝစ် နဲ့ ပက်သက်တဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာခဲ့ပြီး အန်ဖီး ကလပ်ရဲ့ ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းမှုကို နော့ဝှစ် ဘက်က ချက်ချင်း ဆိုသလို ပယ်ချ ပစ်ခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင်က အန်ဖီးကို ပြောင်းရွေ့ရန် စိတ်အား ထက်သန်နေပေမယ့် နော့ဝှစ်ဘက်က ပေါင် ၂၀ သန်း ပတ်ဝန်းကျင် အလို ရှိနေတာကြောင့် သဘောတူညီမှု ရဖို့ ခက်ခဲ နေခဲ့ပါတယ်။

ဒီအတွက်ကြောင့်လည်း လီဗာပူးဟာ အခြား option ဘက်ကို အာရုံ ပြောင်းသွားခဲ့ပြီး ဂရိ သတင်းဋ္ဌာန တစ်ခု ဖြစ်တဲ့ Sportime ကတော့ လီဗာပူးဟာ အသက် ၂၄ နှစ်အရွယ် ဆီမီကပ်စ် အတွက် ဒုတိယအကြိမ် ထပ်တိုး ကမ်းလှမ်းမှုကို လုပ်ထား ခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြနေပြီး ပြောင်းရွေ့ကြေး ပေါင် ၁၄.၄၅ သန်း ရှိတယ်လို့ သိရပါတယ်။ ကလပ်နဲ ကစားသမား တို့ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိ ထားခဲ့ပြီး ဖြစ်တာကြောင့် ကလပ် ၂သင်းကြား ပြောင်းရွေ့ကြေး သဘောတူညီမှု ရရှိရန် နာရီပိုင်းသာ လိုတော့တယ်လို့လည်း ဖော်ပြ ထားပါတယ်။

အခုချိန်မှာတော့ လီဗာပူးနဲ ပက်သက်ပြီး ခိုင်လုံတဲ့ သတင်း အရင်းအမြစ်တွေ ဖြစ်ကြတဲ့ ပေါလ်ဂျွက်စ် ၊ ဂျိမ်းစ်ပီယာ့ ၊ မယ်လီဆာရက်ဒီ တို့ကလည်း လီဗာပူး နဲ့ အိုလံပီယာကော့စ် တို့ဟာ ဆီမီကပ်စ် အတွက် ယူရို ၁၃ သန်း (ပေါင် ၁၁. ၇၅ သန်း) နဲ့ deal ဖြစ်သွားပြီလို့ အတည်ပြု ထားကြပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမား အတွက် ဆေးစစ်မှုကို လာမည့် တစ်ပတ် အစောပိုင်းမှာ ပြုလုပ် သွားမယ်လို့ သိရပြီး ဆီမီကပ်စ် ဟာ ပြီးခဲ့တဲ့ ရာသီက အိုလံပီယာကော့စ် အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ပါဝင် ကစားခဲ့ပြီး ၇ ဂိုး ဖန်တီး နိုင်ခဲ့ပါတယ်။

ဘန်ချီဝဲလ်ရဲ့ အနာဂတ် မရေမရာ ဖြစ်နေတာကြောင့် လက်စတာ ကလည်း ၎င်းကို စိတ်ဝင်စား နေခဲ့ပေမယ့် လီဗာပူးဟာ ဂရိ လက်ရွေးစင် အတွက် ယခုလိုပဲ လျှင်လျှင်မြန်မြန် လှုပ်ရှား ခဲ့တာ ဖြစ်ပါတယ်။ ဆီမီကပ်စ် ရဲ့ အိုလံပီယာကော့စ် ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ ဝုဖ်ကို ၁-၀ နဲ့ ရှုံးနိမ့်ကာ ၂ ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါတယ်။

ဆီမီကပ်စ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် အသင်း ၃ သင်းနဲ့ တွေ့ဆုံ ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တော့တင်ဟမ် ၊ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မှာ အာဆင်နယ် တို့နဲ့ ရင်ဆိုင် ထားခဲ့ပါတယ်။