အေတီကို ဟာ လက်ရှိမှာပဲ စပိန် တိုက်စစ်မှုး နှစ်ဦး ဖြစ်တဲ့ မိုရာတာ နဲ့ ကော်စတာ တို့ကို ပိုင်ဆိုင်ထားသော်လဲ ၊ နောက်ထပ် လက်ရွေးစင် တိုက်စစ်မှုး တစ်ဦး ဖြစ်သူ ရိုဒရီဂို ကို ဗလင်စီယာ အသင်းကနေ ထပ်မံ ခေါ်ယူဦးမှာ ဖြစ်ပါတယ်။

ဒီညနေပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပြောင်းရွှေ့ကြေး ယူရို သန်း 60 နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်တယ်လို့ သိရပြီး ၊ ရှေ့တစ်ပတ် ထဲမှာ တရားဝင် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

ရိုဒရီဂို ရဲ့ အေးဂျင့် ဖြစ်သူ မန်ဒက်ဟာ ဗလင်စီယာ ပိုင်ရှင် ပီတာလင်း နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့်လဲ အပြောင်းအရွှေ့မှာ အလျှင်အမြန် ပြီးမြှောက်ဖို့ အထောက်အပံ့ ဖြစ်လာဖွယ် ရှိပါတယ်။

အစောပိုင်းမှာတော့ ရိုဒရီဂို ကို ခေါ်ယူဖို့ အတွက် ဘာစီလိုနာ ကလဲ စိတ်ဝင်စားခဲ့ပြီး ၊ အဲဗာတန် ၊ နာပိုလီ တို့ကလဲ ချဉ်းကပ်မှု အချို့ ရှိခဲ့ပေမယ့် ၊ အေတီကိုကသာ အသာစီး ရရှိသွားတာ ဖြစ်ပါတယ်။

ဂျူဗီ နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အဓိက တိုက်စစ်မှုး ကော်စတာဟာ ဒဏ်ရာရရှိသွားတာကြောင့် ၊ နည်းပြ ဆီမြွန်နီက ရိုဒရီဂို ကို ခေါ်ယူဖို့ အရှိန်မြှင့်တင်လာခဲ့တာ ဖြစ်ကာ ၊ ရာသီ အဖွင့်ပွဲစဉ်မှာတွေ ကတည်းက စတင် ကစားခွင့် ပေးလာဖွယ် ရှိနေပါတယ်။

ရိုဒရီဂို ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဗလင်စီယာ အသင်းကို ချန်ပီယံလိဂ် ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ၊ သူကိုယ်တိုင်လဲ 16 ဂိုး သွင်းကာ 4 ကြိမ် အထိ ဂိုးဖန်တီးမှု ပြုလုပ် နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုပါဒယ်ရေး ဖလား ဗိုလ်လုပွဲမှာလဲ အသင်အတွက် အဆုံးအဖြတ် အနိုင်ဂိုးကို ဘာစီလိုနာ အသင်းဘက်ကို သွင်းယူ ပေးခဲ့ပြန်ပါတယ်။

ရိုဒရီဂို ရဲ့ မွေးရပ်ဟာ ဘရာဇီး ဖြစ်သော်လဲ စပိန် အသင်းအတွက်သာ ကိုယ်စားပြု ကစားပေးလျှက် ရှိနေတာ ဖြစ်ပါတယ်။ (ကော်စတာ နဲ့ အတူတူ) စပိန် လက်ရွေးစင် အသင်းအတွက်တော့ စုစုပေါင်း 17 ပွဲ ပါဝင် ကစားပေးထားပြီး 5 ဂိုး သွင်းယူ ထားပြီးပြီ ဖြစ်ပါတယ်။

တကယ်တော့ ရိုဒရီဂိုဟာ ရီးရဲ မက်ဒရစ် လူငယ် စီမံကိန်း ကနေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပြီး ၊ အရံအသင်းတွေမှာသာ ကစားခွင့် ရရှိခဲ့ကာ စီနီယာ ပွဲထွက် ကစားခွင့် လုံးဝ မရရှိခဲ့ပါဘူး။

အေတီကို ကတော့ ဒီရာသီမှာ ဂိုဒင် ၊ ဟာနန်ဒက် ၊ ဟွမ်ဖရန် ၊ ဖီလစ်ပီ လူးဝစ် ၊ ရိုဒရီ ၊ ဂရစ်ဇ်မန်း တို့ကို ဆုံးရှုံးထားခဲ့ရတာကြောင့် ပေါ်တူဂီ ကြယ်ပွင့်လေး ဖြစ်တဲ့ ဂျိုအာအို ဖီးလစ် အပါအ၀င် ကစားသမား တော်တော်များများကို ပြန်လည် အားဖြည့်ထားခဲ့ပါတယ်။

ရိုဒရီဂို ကို ခေါ်ယူနိုင်ဖို့ သေချာခဲ့ပါကာ လက်ရှိ တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ ကလီနစ် ၊ ကွင်းလယ် တိုက်စစ် ကစားသမား ကော်ရီရာ တို့ကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။