ဒီတစ်ပါတ် မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး အသင်း နဲ့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း တို့ဟာ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်ရဲ့ ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ရင်ဆိုင် ကစားခဲ့ ကြပြီး မန်ချက်စတာသား တွေဟာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့ကြ ပါတယ် ။

မန်စီးတီး အသင်းဟာ ပထမ အကျော့ တုန်းကလည်း 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိ ခဲ့တဲ့ အတွက် ဒီပွဲ အပြီး မှာတော့ နှစ်ကျော့ပေါင်း 4 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ နောက် တစ်ဆင့် ကို တက်ရောက် သွားနိုင် ခဲ့ကြ ပါတယ် ။ ဒီပွဲ မှာတော့ မန်စီးတီး အသင်း အတွက် သွင်းဂိုး တွေကို စတာလင်း ၊ ဂျီးဆပ် တို့က သွင်းယူ ပေးခဲ့ ကြပြီး ရီးယဲ မက်ဒရစ် အတွက် သွင်းဂိုး ကို ဘန်ဇီးမား က သွင်းယူ ပေးခဲ့ ပါတယ် ။

အဆိုပါ နိုင်ပွဲကြောင့် မန်စီးတီး တို့ဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဆင့် ကို တက်ရောက် သွားနိုင် ခဲ့ကြ ပါတယ် ။ ဒီပွဲ အပြီး မှာတော့ မန်စီးတီး အသင်း ရဲ့ နည်းပြ ဖြစ်သူ ပက် ဂွာဒီယိုလာ နဲ့ ရီးယဲ မက်ဒရစ် နည်းပြ ဇနက်ဒင်း ဇီဒန်း တို့ဟာ ကွင်းအပြင် မှာ အတော်လေး စကားပြော ဖြစ်ခဲ့ ကြပါ သေးတယ် ။

ဒါ့ကြောင့် ကမ္ဘာ့ အကောင်းဆုံး နည်းပြ နှစ်ဦး ဘာတွေ ကို ဆွေးနွေး နေခဲ့ကြ သလဲ ဆိုတာ ပရိသတ်တွေ သိချင် နေခဲ့ကြ ပါတယ် ။ အခုတော့ ဂွာဒီယိုလာ က သူနဲ့ ဇီဒန်း တို့ဟာ ဘာတွေ ပြောဆို ခဲ့ကြ သလဲ ဆိုတာ တွေကို သတင်းစာ ရှင်းလင်းပွဲ မှာ ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ လာလီဂါ ဆု ဖလား ရယူနိုင် ခဲ့တဲ့ ဇီဒန်း ကို ချီးကျူး ဂုဏ်ပြု စကား ပြောဆို နေခဲ့တာပါ ။ အမှတ်ပေး ဖလား ကို ဆွတ်ခူး နိုင်ရေး ဆိုတာက အရမ်းကို ခက်ခဲ ပါတယ် ဆိုတဲ့ အကြောင်း ကျွန်တော် မကြာခန ပြောခဲ့ဖူး ပါတယ် ။ ဒါကို ရရှိ နိုင်ဖို့ ကျွန်တော် တို့ အချိန် 11 လလောက် ပေးရတယ် လေ ”

” ပြီးတော့ ကျွန်တော်တို့ တွေက မိသားစု အကြောင်းတွေ ကိုလည်း ပြောဆို ဖြစ်ခဲ့ကြ ပါသေးတယ် ။ ကျွန်တော် သူ့ကို အကောင်းဆုံး ဖြစ်နိုင် ပါစေ လို့ ဆုမွန်ကောင်း တောင်းပေးခဲ့ ပါတယ် ။ ကစားသမား ဘဝ တုန်းက သူဟာ ကျွန်တော့် ရဲ့ Idol တစ်ဦး ပဲလေ ”

” ကျွန်တော်ဟာ သူ့ကို လက်ရွေးစင် ကစားသမား ဘဝမှာ ပြိုင်ဖက် အဖြစ် ရင်ဆိုင် ခဲ့ဖူးပါ သေးတယ် ။ ကျွန်တော် အတော်လေး ခံစား ခဲ့ရ ပါတယ် ။ သူဟာ ကမ္ဘာ့ အခမ်းနားဆုံး ကစားသမားတွေ ထဲက တစ်ဦး ပါပဲ ။ ပြီးတော့ လူသား တစ်ဦး အဖြစ်လည်း သူဟာ စံ နမူနာ ယူထိုက်သူ ပါပဲ ”

” သူဟာ ကျွန်တော် တို့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝ ကို ဖြတ်သန်း နေတဲ့ ပုံစံ တွေကို ကျွန်တော် နှစ်သက်လှ ပါတယ် ” လို့ ဂွာဒီယိုလာ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။ အဆိုပါ နိုင်ပွဲ အပြီး မှာတော့ မန်စီးတီး အသင်းဟာ ကွာတား ဖိုင်နယ် အဆင့် ပွဲစဉ် အဖြစ် လိုင်ယွန် အသင်း နဲ့ ရင်ဆိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

လိုင်ယွန် အသင်းဟာ 16 သင်း ရှုံးထွက် အဆင့် ပထမ အကျော့ မှာ ဂျူဗင်တပ် အသင်း ကို 1 – 0 နဲ့ အနိုင် ရရှိ ခဲ့ပြီး ဒုတိယ အကျော့ မှာတော့ 2 – 1 နဲ့ ရှုံးနိမ့် ထားခဲ့ ပါတယ် ။ ဒါ့ပေမယ့် နှစ်ကျော့ပေါင်း 2 – 2 ဆိုတဲ့ ရလဒ် ၊ အဝေးကွင်း သွင်းဂိုးနဲ့ အတူ နောက် တစ်ဆင့် တက်ရောက် နိုင်ခဲ့ တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar