ပရီးမီးယားလိဂ် ကစားသမားဟောင်းတဦး ဖြစ်တဲ့ ဒန်နီမာဖီလ်က လီဗာပူး အသင်းရဲ့ ညာနောက်ခံလူ အာနိုး ဟာ ယူနိုက်တက် ဂန္တဝင် ဘက်ခမ်း နောက်ပိုင်း ဖြတ်တင်ဘော အကောင်းဆုံး ကစားသမားတဦး ဖြစ်တယ်လို့ ချီးကျူး သွားခဲ့ပါတယ်။ အာနိုးဟာ အသက် ၂၀ အရွယ် သာရှိသေးပေမယ့် ယမန် နှစ်ကတည်းက လီဗာပူး စီနီယာ အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့် ရနေသူတဦးအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း နှစ် တွေအတွင်း သူ့ရဲ့ လျင်မြန်လွန်လှတဲ့ တိုးတက်ကောင်းမွန် မှုတွေကြောင့် လည်း နည်းပြကလော့ပ်ရဲ့ လီဗာပူး အသင်း မှာသာ မကပဲ ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါ နေရာ ရနေခဲ့သူ လည်းဖြစ်ပါတယ်။သူဟာ ခံစစ် ကစား သမားတဦးဖြစ်ပေမယ့် ယမန် နှစ်ပြိုင်ပွဲစုံမှာ စံချိန်တင် ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ စွမ်းဆောင် ပေးထားနိုင် ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံ လိဂ်ပြိုင်ပွဲ ရဲ့ ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ် အဖြစ် ဘာစီလိုနာနဲ့ ယှဉ်ပြိုင် ခဲ့တဲ့ ပွဲမှာလည်း သူ့ရဲ့ လျင်လျင်မြန်မြန် အကွက်မြင် မြင် ကန်တင်ပေး ပို့ မှုကြောင့် လီဗာပူး တို့ သွင်းဂိုးတဂိုး ရရှိခဲ့ပြီး ဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်လည်း သူဟာ လတ်တလော ပရီးမီးယားလိဂ် ပြိုင် ပွဲရဲ့ အကောင်းဆုံး ညာနောက်ခံ လူတဦးအဖြစ် အများက တညီတညွတ် ထဲ လက်ခံနေကြတာဖြစ်ပါတယ်။

အာနိုးဟာ အခုနှစ် ဘောလုံးရာသီ ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်း တက် နော့ဝှစ်ခ်ျနဲ့ ပွဲမှာ ပါဝင် ကစားပေးသွားခဲ့ပြီး အော်ရီဂီ ရဲ့သွင်းဂိုးကို ဖန်တီးပေး နိုင်ခဲ့ပါတယ်။သူ့ရဲ့ ကောင်းမွန်လှတဲ့ ဘောလုံးထိချက်တွေ အံ့မခန်း ဖြတ်တင်ဘောတွေကြောင့် လည်း ဘက်ခမ်း လက်သစ် တဦးအဖြစ် ဒန်နီမာဖီလ်က ရှုမြင်နေတာဖြစ်ပါတယ်။

Talk Sport နဲ့ အင်တာဗျူး မှာ ဒန်နီမာဖီလ်က – ” ဆောက်ဂိတ်ဟာ ခံစစ်ပိုင်းရဲ့ နေရာတနေရာအတွက် ရွေးချယ်ရခေါင်းခဲနေပြီး ဒါဟာတကယ်ကောင်းပါတယ်။။အင်္ဂလန် အသင်းဟာ ဥရောပရဲ့ အကောင်းဆုံး ညာနောက်ခံ လူ ၃ဦးကိုပိုင်ဆိုင်နေပြီ လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့ အင်္ဂလန် အသင်းဟာ အံ့မခန်း ကောင်းမွန်တဲ့ ညာနောက်ခံ လူ ၃ယောက်ကို ရရှိထားတာဖြစ်ပါတယ်။ သူတို့ကတော့ အာနိုး၊ ဘစ်ဆာကာ နဲ့ အာနိုးတို့ဖြစ်ပါတယ်။အတော်လေးကိုအရည်အသွေးတွေ အများကြီးရှိနေတာဖြစ်ပါတယ်။

အာနိုးရဲ့ ဘောလုံး ပေးပို့ မှု နဲ့ နည်းစနစ် ကျွမ်းကျင် မှုတွေဟာ ခံစစ်အစွန် ကစား သမား တဦး မှာ ကျွန်တော်တို့ မမြင်ရတာ အတော်လေးကြာနေပြီဖြစ်ပါတယ်။ကျွန်တော့် အတွက်တော့ အာနိုး ဟာဘက်ခမ်း နောက်ပိုင်း ဖြတ်တင်ဘောအကောင်းဆုံး ကစားသမား တဦးဖြစ်တယ်လို့ထင်ပါတယ်။

သူ့ရဲ့ ဖြတ်တင်ဘောတွေဟာ ဘက်ခမ်းလောက်ကို ကောင်းနေတာဖြစ်ပါတယ်။တည်ကန်ဘောတွေကလည်း အတူတူပဲဖြစ်ပါတယ်။သူ့ရဲ့ နည်းစနစ်ကျွမ်းကျင်မှုတွေကလည်း ခံစစ်အစွန်ကစားသမားတဦးမှာ တွေ့ရခဲ့ပါတယ်။ပုံမှန်အားဖြင့်ကွင်းလယ်လူတွေမှာပဲ ဒါမျိုး အရည်အသွေးမျိုးပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

သူဟာ အသက် ၂၀ အရွယ်ပဲရှိနေသေးပေမယ့် နောက်ဆုံး ချန်ပီယံလိဂ် ၂နှစ်ဆက် ပါဝင်ကစားခဲ့ပါတယ်။သူဟာနည်းစနစ်အတော်လေး ကောင်းမွန်သူဖြစ်ပြီး အိပ်မက်တွေထဲ မှာ ရှင်သန်နေထိုင်နေသူဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် အောက်တိုဘာလ ဖွား ကစားသမား တဦးဖြစ်တဲ့ အာနိုးဟာလီဗာပူး အသင်းအတွက် ပရီးမီးယားလိဂ် ပွဲ၅၀ ကျော်ပါဝင် ကစားပေးထားပြီးပြီဖြစ်ပြီး အင်္ဂလန် အတွက်လည်း ၆ပွဲ
ပါဝင် ကစားခွင့်ရရှိထားပါတယ်။