မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ နွေ အပြောင်းအရွှေ့ ကာလ အတွင်း ဒေါ့မွန် အသင်း မှ ညာ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို ကို အရ ခေါ်ယူ နိုင်ဖို့ အတွက် ပထမ ဦးစားပေး ပစ်မှတ် အဖြစ် ထားရှိ ခဲ့တယ် ဆိုတဲ့ သတင်း တွေဟာ အရမ်းကို ကျယ်လောင်ခဲ့ ပါတယ် ။

ဒါပေမယ့် လက်တွေ့ မှာတော့ နှစ်ဖက် အသင်း အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေ အဆင်မပြေ ဖြစ်ခဲ့ ရတဲ့ အတွက် ယူနိုက်တက် တို့ဟာ ဒေါ့မွန် စတားကို မခေါ်ယူ နိုင်ခဲ့တာပဲ ဖြစ်ခဲ့ရ ပါတယ် ။ ဒေါ့မွန် အသင်း ဖက်မှ သူတို့ ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် 108 သန်း အထိ သတ်မှတ်ခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် တို့ဟာ ကစားသမား ဖြစ်သူ အတွက် အများဆုံး ပေါင် သန်း 80 ခန့်သာ သုံးစွဲ လိုနေခဲ့ ပါတယ် ။ ဒါ့ကြောင့် ဒေါ့မွန် အသင်းက ကမ်းလှမ်းမှု တွေကို လက်မခံခဲ့ပဲ သူတို့ရဲ့ ကစားသမား တွေကို ခေါ်ယူလိုပါက သြဂုတ်လ 10 ရက်နေ့ နောက်ဆုံး ထားပြီး ကမ်းလှမ်းဖို့ ပြိုင်ဖက် အသင်း တွေကို သတိပေး ခဲ့ပါ သေးတယ် ။

ဒါပေမယ့် သြဂုတ်လ 10 ရက်နေ့ အထိ ယူနိုက်တက် အသင်း ဖက်မှ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး နဲ့ တရားဝင် ကမ်းလှမ်းခြင်း မရှိ ခဲ့တာကြောင့် ဒေါ့မွန် အသင်းရဲ့ အကြီးအကဲ တစ်ဦး ဖြစ်သူ မာ့ခ် ဇော့စ် က ဆန်ချိုဟာ နောက် ရာသီ အသင်း မှာပဲ ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း ၊ ဒါဟာ အသင်း ဖက်မှ နောက်ဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန် သွားခဲ့ ပါသေးတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ ကစားသမားဟောင်း သုံးဦး ဖြစ်ကြတဲ့ ဟားဂရေ့ဗ် ၊ ပေါလ် စခိုးလ် နဲ့ ဗန်ပါစီ တို့က ဒေါ့မွန် အသင်းဟာ သပ်သပ် ဈေးကိုင် နေတာ ဖြစ်ကြောင်း ပြောဆို ခဲ့ကြပါ သေးတယ် ။ အခုတော့ ယူနိုက်တက် အသင်း ရဲ့ ဗဟို နောက်ခံလူဟောင်း ရီယို ဖာဒီနန် က အသင်းဟောင်း အနေ နဲ့ ဆန်ချို ကို အရ ခေါ်ယူဖို့ တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် ဆန်ချိုဟာ စပါယ်ရှယ် ကစားသမား ကောင်း တစ်ဦး ဖြစ်ကြောင်း ၊ သူတို့ အချိန် တုန်းက အသင်းမှာ ကစားသမား ကောင်းတွေ များစွာ ရှိခဲ့ ကြကြောင်း ၊ အသင်းမှာ ကစားသမား ကောင်းတွေ များပြားခြင်း က အသင်းသား တွေကို ပိုမို တိုးတက် ကောင်းမွန် စေနိုင်ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူ ( ဂျေဒန် ဆန်ချို ) ဟာ အံ့ဖွယ် ကစားသမားကောင်း တစ်ဦး ပါပဲ ။ အကယ်လို့ သူသာ ယူနိုက်တက် အသင်းကို ရောက်ရှိ လာနိုင်မယ် ဆိုရင် အရည်အသွေးကောင်း တွေကို ဒီ အစုအဖွဲ့ထဲ ထည့်ပေါင်း ပေးနိုင် ပါလိမ့်မယ် ။ ဒီအတွက် သံသယ ဖြစ်နေဖို့ မလိုအပ် ပါဘူး ”

” လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပွဲထွက် ကစားသမား 11 ယောက် အပေါ် အကျိုး သက်ရောက်မှု ( ဖိအားတွေ ) ပေးစွမ်း နိုင်မယ့် ကစားသမားမျိုး တွေကို လိုအပ် နေပါတယ် ။ ဂျေဒန် ဆန်ချိုဟာ အဲ့တာကို လုပ်ဆောင် ပေးနိုင်မယ့် ကစားသမား အမျိုးအစား ပါပဲ ”

” လွန်ခဲ့တဲ့ နှစ်တွေ တုန်းက အောင်မြင်မှု တွေကို ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကြည့်ရှု လိုက်မယ် ဆိုရင် ပွဲထွက် ကစားခွင့် တစ် နေရာ ရရှိ နိုင်ရေး အတွက် နေရာ တိုင်းမှာ တိုက်ပွဲ ဝင်နေခဲ့ ကြတဲ့ ကစားသမားတွေ ရှိနေ ခဲ့တယ် ဆိုတာ မြင်တွေ့ ရပါ လိမ့်မယ် ”

” အကယ်လို့ ခင်ဗျား ဟာ ကစားသမား တစ်ယောက် ကို ထုတ်ပြီး လူစားလဲ ကစား စေမယ် ၊ နောက်ထပ် တစ်ဦးကို ထည့်သွင်း ကစား စေမယ် ဆိုရင်တောင် အရည်အသွေးပိုင်း အရ ၊ စွမ်းဆောင်ရည်ပိုင်း အရ ထူးထူးခြားခြား ပြောင်းလဲ သွားခြင်း မရှိဘူး ဆိုတာကို တွေ့မြင် ခဲ့ရပါ လိမ့်မယ် ” လို့ ဖာဒီနန် က ဥပမာပေး တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar