မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ် တုန်းက ယူရို ပါလိဂ် ကွာတား ဖိုင်နယ် အဆင့်မှာ ကိုပင်ဟေဂင် အသင်းကို ရင်ဆိုင် ကျော်ဖြတ် နိုင်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ ဆီဗီးလား အသင်းဟာ ဝုလ်ဗ် အသင်း ကို ကျော်ဖြတ် အနိုင်ယူ နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဒီ တစ်ပါတ် တနင်္ဂနွေ နေ့မှာ ယူနိုက်တက် နဲ့ ဆီဗီးလား အသင်း တွေဟာ ယူရို ပါလိဂ် ဆီမီး ဖိုင်နယ် အဆင့် ကို ရင်ဆိုင် ကစားရ တော့မှာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ် မှ အနိုင် ရရှိတဲ့ အသင်း ကတော့ အင်တာ မီလန် ( သို့ ) ရှက်တာ ဒိုးနက်စ် အသင်း မှ အနိုင် ရရှိတဲ့ အသင်း နဲ့ ဖိုင်နယ် ကစား ရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် Vs ဆီဗီးလား အသင်း တို့ရဲ့ ဆီမီး ဖိုင်နယ် ပွဲစဉ် မတိုင်မီ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ ဒီမစ်တာ ဘာဘာတော့ဗ် က အသင်းဟောင်း အနေ နဲ့ ဆီဗီးလား အသင်း ကို သတိထား ကစား ရမှာ ဖြစ်ကြောင်း ၊ လျော့တွက်လို့ မရနိုင်ကြောင်း သတိပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဆီဗီးလား နဲ့ အင်တာ မီလန် အသင်း တွေက ယူနိုက်တက် ကို ကြီးမားတဲ့ အန္တရာယ် ဒုက္ခတွေ ပေးဆောင် ကြမယ့် အသင်း တွေ ပါပဲ ။ အင်တာ က ကျွန်တော့် ရဲ့ အသင်းဟောင်း ( လေဗာကူဆင် ) အသင်း နဲ့ တနင်္လာနေ့ မှာ ရင်ဆိုင် ခဲ့စဉ် တုန်းက အရမ်း ကို ကောင်းခဲ့ ပါတယ် ”

” ယူနိုက်တက် အနေ နဲ့ ဒီ အသင်း နှစ်သင်းလုံး ရဲ့ ကစားပုံ တွေကို တက်နိုင်သမျှ ကောင်းကောင်း သိနိုင်အောင် ကင်းထောက် နိုင်ဖို့ လိုအပ် ပါတယ် ။ အထူးသဖြင့် ဆီဗီးလား ဆိုတာ ဒီပြိုင်ပွဲ မှာ အထူး ကောင်းမွန်တဲ့ မှတ်တမ်း တွေကို ပိုင်ဆိုင် ထားတဲ့ အသင်း တစ်သင်း ပါပဲ ”

” ကျွန်တော် ထပ်ပြော ပါရစေ ၊ လက်ရှိ အချိန် မှာ ယူနိုက်တက် အတွက် အရေး အကြီးဆုံး အရာ ကတော့ လက်ကျန် ပွဲစဉ် နှစ်ပွဲ ကို အနိုင် ကစား နိုင်ရေး ပါပဲ ” လို့ ဘာဘာတော့ဗ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။ အဲ့ဒီနောက် ဆီဗီးလား အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂျူလီယန် လိုပတ်တီဂူ နဲ့ ပတ်သက်လို့ …

” ဆီဗီးလား အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂျူလီယန် လိုပတ်တီဂူ ဟာ နည်းပြ ဘဝ မှာ ကြမ်းတမ်း ခက်ခဲတဲ့ ရက်စွဲ တွေ များစွာ ပိုင်ဆိုင် ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် ဒီ ဖလား ကို အရယူ နိုင်ရေး ဆိုတာက သူ့ အတွက် အရမ်းကို ကောင်းမွန်တဲ့ အရာ ဖြစ်နေပါ လိမ့်မယ် ။ ဒါပေမယ့် ဘောလုံး ဆိုတာက အလွယ်လေး အလုပ် မဖြစ်နိုင် ပါဘူး ”

” အဲ့ဒီလိုသာ ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော်လည်း ချန်ပီယံလိဂ် ပြိုင်ပွဲ တွေမှာ ပုံပြင်ဆန်တဲ့ အဆုံးသတ် တွေကို ပိုင်ဆိုင် နိုင်ခဲ့မှာပါ ။ ကျွန်တော် ဖိုင်နယ် အဆင့်ကို သုံးကြိမ် အထိ တက်ရောက် နိုင်ခဲ့ ပေမယ့် အမြဲတမ်း လိုပဲ ကံဆိုးတဲ့ ရလဒ် တွေပဲ ပိုင်ဆိုင် ခဲ့ရ ပါတယ် ”

” ဘဝ ဆိုတာက ခက်ခဲလှ ပါတယ် ။ ဘဝ ဆိုတာ ဒီ နည်းလမ်း အတိုင်းပဲ ရှေ့ဆက် နိုင်ဖို့ ကြိုးစား ရတာလေ ။ ဥရောပ ပြိုင်ပွဲတွေ ဆိုတာက မထင်မှတ် ထားတဲ့ အချိန် တွေမှာ အသည်းခွဲ နိုင်စွမ်း ရှိတဲ့ ပြိုင်ပွဲ အမျိုးအစား တစ်ခု ပါပဲ ” လို့ ဘာဘာတော့ဗ် က အဆုံးသတ် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#SportsMyanmar