မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ် တုန်းက ယူရို ပါလိဂ် ကွာတား ဖိုင်နယ် အဆင့်မှာ ကိုပင်ဟေဂင် အသင်းကို ရင်ဆိုင် ကျော်ဖြတ် နိုင်ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ ဆီဗီးလား အသင်းဟာ ဝုလ်ဗ် အသင်း ကို ကျော်ဖြတ် အနိုင်ယူ နိုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် ဒီ တစ်ပါတ် တနင်္ဂနွေ နေ့မှာ ယူနိုက်တက် နဲ့ ဆီဗီးလား အသင်း တွေဟာ ယူရို ပါလိဂ် ဆီမီး ဖိုင်နယ် အဆင့် ကို ရင်ဆိုင် ကစားရ တော့မှာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ် မှ အနိုင် ရရှိတဲ့ အသင်း ကတော့ အင်တာ မီလန် ( သို့ ) ရှက်တာ ဒိုးနက်စ် အသင်း မှ အနိုင် ရရှိတဲ့ အသင်း နဲ့ ဖိုင်နယ် ကစား ရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် Vs ဆီဗီးလား အသင်း တို့ရဲ့ ဆီမီး ဖိုင်နယ် ပွဲစဉ် မတိုင်မီ သရဲနီ တို့ရဲ့ ခံစစ် ကစားသမားဟောင်း ဖြစ်သူ ဒင်းနစ် အာဝင်က အသင်းဟောင်းဟာ ဒီအဆင့်မှာ ခက်ခဲတဲ့ စမ်းသပ်မှု တွေကို ခံရဖို့ ရှိနေကြောင်း သတိပေး စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

ဒါ့အပြင် သူသာ ဆိုးလ်ရှား ရဲ့ နေရာ မှာ ဆိုရင် ဝုလ်ဗ် အသင်း နဲ့သာ ရင်ဆိုင် ချင်စိတ် များနေမှာ ဖြစ်ကြောင်း ၊ မိမိ တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ဖက် ဖြစ်တဲ့ ဝုလ်ဗ် အကြောင်း ကို ဆီဗီးလား အသင်းထက် ပိုမို သိရှိကြကြောင်း ဒင်းနစ် အာဝင်က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ဆီဗီးလားဟာ ခမ်းနားတဲ့ ပြိုင်ဖက် အသင်း တစ်သင်း ပါပဲ ။ သူတို့ တွေဟာ ဘောလုံး ပိုင်ဆိုင်မှု တွေကို အသာစီး ရယူ နိုင်ခဲ့ ကြပြီး အဆုံးသတ် မှာ ဝုလ်ဗ် အသင်း ကို ချေမှုန်း နိုင်ခဲ့ကြ ပါတယ် ။ ကျွန်တော်သာ ဆိုရင် ဝုလ်ဗ် နဲ့ ရင်ဆိုင် ကစား ရဖို့ ပိုပြီး မျှော်လင့် နေခဲ့မှာပါ ။ ကျွန်တော် တို့က သူတို့ အကြောင်းကို ပိုသိ ကြတယ်လေ ”

” ကျွန်တော် တို့ဟာ စပိန် အသင်း တွေနဲ့ ရင်ဆိုင် ကစား ခဲဲ့တဲ့ အခါ တွေမှာ အခက်အခဲ တွေကို ကြုံတွေ့ ခဲ့ရ ပါတယ် ။ အဲ့ဒီထဲ ဆီဗီးလား အသင်းလည်း ပါဝင်ခဲ့ ပါတယ် ။ ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာမှာပါ ။ သူတို့ တွေဟာ ယူနိုက်တက် တို့ကို အခက်အခဲတွေ ပေးစွမ်း နိုင်မယ့် ကစားသမား တစ်ယောက် ၊ နှစ်ယောက်လောက် ပိုင်ဆိုင် ထားကြ ပါတယ် ”

” ဒီလို ပွဲစဉ်မှာတော့ အိုလီဟာ အသင်း ရဲ့ အတောင့်တင်းဆုံး ကစားသမား စာရင်းကို ပွဲထုတ် သွားမှာပါ ။ ကျွန်တော်တို့ တွေလည်း lock down ကုန်ဆုံး သွားတဲ့ နောက်ပိုင်းမှာ ပုံစံကောင်း တွေကို ပြသ ထားနိုင် ခဲ့တယ်လေ ။ ကျွန်တော်တို့ တွေဟာ ဂိုးတွေကို အပျော် သဘော ( များစွာ ) နဲ့ သွင်းယူ နိုင်ခဲ့ကြ ပါတယ် ”

” အိုလီ ဆီမှာတော့ အသုံးပြု နေကြ ပွဲထွက် ကစားသမား 11 ယောက် ရှိနေ ပါတယ် ။ သူဟာ အဲ့တာ နဲ့ အရမ်းကြီး ခြားနားတဲ့ ပွဲထွက် ကစားသမား စာရင်းကို ထုတ်ပြန် သွားမှာတော့ မဟုတ်လောက် ပါဘူး ။ ကျွန်တော်သာ ဆိုရင် ခြားနားတဲ့ ပွဲထွက် ကစားသမား စာရင်း ထုတ်ပြန် နိုင်မှာ မဟုတ် ပါဘူး ”

” ကျွန်တော်တို့ တွေဟာ ပရီးမီးယားလိဂ် ရဲ့ နောက်ဆုံး ပွဲစဉ် 3 – 4 ပွဲ လောက်မှာ ပွဲထွက် ကစားသမား အပြောင်းအလဲ လုပ်ဆောင် နိုင်ဖို့ ကြိုးပမ်း ခဲ့ကြပါ သေးတယ် ။ ဒါပေမယ့် ကျွန်တော်တို့ တွေဟာ အရင်ထက် ပိုပြီး ကောင်းမွန် သွားတဲ့ အသင်း တစ်သင်း ကို မပိုင်ဆိုင် နိုင်ခဲ့ကြ ပါဘူး ”

” ဒါ့ကြောင့် အိုလီဟာ သုံးစွဲ နေကြ ကစားသမား စာရင်း ကိုပဲ ပွဲထုတ် လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်သာဆိုရင် သေချာပေါက် လုပ်မိမှာ ပါပဲ ” လို့ ဒင်းနစ် အာဝင် က ပြောကြား သွားခဲ့လိုက် ပါတယ် ။ ဒါကို အသင်းဖော်ဟောင်း တစ်ဦး ဖြစ်တဲ့ ဝက်စ်ဘရောင်း ကလည်း ထောက်ခံ သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ဟာ ပွဲစဉ် အတွင်း အကောင်းဆုံး ဖြစ်နိုင်ဖို့ လိုအပ်လှ ပါတယ် ။ ဆီဗီးလားဟာ နည်းစနစ်ပိုင်း အရ အရမ်းကို ကောင်းမွန် လှတဲ့ အသင်း တစ်သင်း ပါပဲ ။ အကယ်လို့ ကျွန်တော်တို့ တွေသာ အကောင်းဆုံး စွမ်းဆောင်ရည်ကို မပြသ နိုင်ခဲ့ဘူး ဆိုရင် အပြစ်ဒဏ် ခတ်ခံ ရပါ လိမ့်မယ် ”

” အကယ်လို့ ကျွန်တော်တို့ အကောင်းဆုံး ကစားသမား စာရင်း နဲ့ အကောင်းဆုံး ကစားပြ နိုင်မယ် ဆိုရင်တော့ သူတို့ တွေကို ဒုက္ခ အများကြီး ပေးနိုင်ပါ လိမ့်မယ် ။ ဒါကိုတော့ အသင်းလိုက် ကစားပုံ နဲ့ လုပ်ဆောင် ပြနိုင်ဖို့ လိုအပ် နေပါ လိမ့်မယ် ” လို့ ဝက်စ် ဘရောင်းက ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar