အဲဗာတန္ အသင္း ေနာက္ခံလူေဟာင္း ယုိဘုိ ဟာ သူ႔အတြက္ ရင္ဆုိင္ရ ခက္ခဲတဲ့ တုိက္စစ္မွဴ းဟာ အာဆင္နယ္ အသင္းရဲ႕ ဂႏၲဝင္ တုိက္စစ္မွဴ း သီယာရီ အြန္နရီ မဟုတ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားလုိက္ပါတယ္ ။ အြန္နရီဟာ အာဆင္နယ္ အသင္း ရဲ႕ ဂုိးသြင္း အမ်ားဆုံး ကစားသမား တစ္ဦး ျဖစ္သလုိ ပရီးမီးယားလိဂ္မွာလည္း ျပည္ပ ကစားသမားေတြ ထဲမွာ ဂုိးသြင္း အမ်ားဆုံး ကစားသမား အျဖစ္ ရပ္တည္ေနတာပါ ။

အြန္နရီ ဟာ အာဆင္နယ္ အသင္းအတြက္ ျပိဳင္ပြဲစုံစုစုေပါင္း သြင္းဂုိး ၂၂၈ ဂုိးအထိ သြင္းယူခဲ့ျပီး ဂုိးသြင္းအမ်ားဆုံး ကစားသမား တစ္ဦး ျဖစ္ပါတယ္ ။ ပရီးမီးယားလိဂ္ မွာလည္း သြင္းဂိုး ၁၇၅ ဂုိး သြင္းယူ ခဲ့ျပီး ပရီးမီးယားလိဂ္ သမုိင္း တစ္ေလ်ွာက္ ငါးေယာက္ေျမာက္ သြင္းဂုိး အမ်ားဆုံး ကစား သမား တစ္ဦးပါ ။

အဲဗာတန္ အသင္း ေနာက္ခံလူ ယုိဘုိ က အာဆင္နယ္ ဂႏၲဝင္ တုိက္စစ္မွဴ း အြန္နရီ ထက္ ေတာ့တင္ဟမ္း အသင္း နဲ႔ လီဗာပူး အသင္း တုိက္စစ္မွဴ းေဟာင္း ေရာ္ဘီကိန္း က ပုိ ရင္ဆုိင္ရ ခက္ခဲေၾကာင္း ေျပာၾကား သြားခဲ့တာပါ ။ အဆုိပါ အုိင္ယာလန္ တုိက္စစ္မွဴ း ေရာ္ဘီကိန္း ဟာ စပါး ၊ လီဗာပူး ၊ လိဒ္ယူနုိက္တက္ ၊ အက္စတြန္ဗီလာ ၊ ဝက္စ္ဟမ္း အသင္းေတြမွာ ကစား ခဲ့ဖူး သူတစ္ဦး ျဖစ္ပါတယ္ ။

ေရာ္ဘီကိန္း ဟာ ပရီးမီးယားလိဂ္ ပြဲေပါင္း ၃၄၉ ပြဲ ကစားကာ သြင္းဂုိး ၁၂၆ ဂုိး သြင္းယူ နုိင္ခဲ့တာလည္း ျဖစ္ပါတယ္ ။ အဲဗာတန္ အသင္း ေနာက္ခံလူေဟာင္း ယုိဘုိ ဟာ ပရီးမီးယားလိဂ္ ကုိ အသက္ ၁၆ ႏွစ္ အရြယ္မွာ စတင္ ေရာက္ရွိ လာတာ ျဖစ္ျပီး ေရာ္ဘီကိန္း ရဲ႕ ေရြ႕လ်ားပုံ ေတြဟာ သီယာရီ အြန္နရီ ထက္္ ထိန္းခ်ဳပ္ရ ခက္ခဲေၾကာင္း ေျပာၾကား ခဲ့တာပါ ။

အြန္နရီ ရဲ႕ အေကာင္းဆုံး အခ်ိန္ ျဖစ္တဲ့ ၂၀၀၂ ခုနွစ္ေလာက္မွာ ယုိဘုိ ဟာ အဲဗာတန္ အသင္းကုိ မာေဆးလ္ အသင္းကေန ေရာက္ရွိလာတာ ျဖစ္ျပီး အြန္နရီ နဲ႔ မၾကာခဏ ထိပ္တုိက္ ရင္ဆုိင္ ဖူးပါတယ္ ။ ဒါေပမယ့္ လည္း ယုိဘုိ ဟာ စပါး အသင္းတုိက္စစ္မွဴ းေဟာင္း ေရာ္ဘီကိန္းကသာ သူ႔အတြက္ အခက္ခဲဆုံး တုိက္စစ္မွဴ း ျဖစ္ေၾကာင္း ေျပာၾကား ခဲ့တာပါ ။

ယုိဘုိ က ” က်ြန္ေတာ္ သူ( ေရာ္ဘီကိန္း ) နဲ႔ ပြဲအနည္းငယ္ ရင္ဆုိင္ ကစားဖူး ပါတယ္ ။ အဲ့တုန္းကေတာ့ က်ြန္ေတာ္ က အေတြ႔အၾကံဳ မရွိေသးပါဘူး ။ အဆင္သင့္ လည္း မျဖစ္ေသးပါဘူး ။ သူက အရမ္း ပါးနပ္တဲ့ ကစားသမား တစ္ဦးပါ ။ သူ႔ကုိ လူ လုိက္ကပ္ဖုိ႔ မလြယ္တဲ့ ကစားသမားပါ ။ ေနရာလြတ္ေတြ ဘယ္လုိ ရွာရမလဲ ၊ ေဘာလုံး ဘယ္လုိ ယူူရမလဲ ၊ ဘယ္လုိ ဂုိးသြင္းရမလဲ ဆုိတာ ေသခ်ာ သိပါတယ္ ။ ”

” သူက က်ြန္ေတာ္ ထိပ္တုိက္ ကစားဖူးတဲ့ တုိက္စစ္မွဴ း ေတြထဲမွာ အေတာ္ဆုံး တုိက္စစ္မွဴ း တစ္ဦးပါ ။ အြန္နရီ နဲ႔ တျခား ကစားသမား ေတြက ျမန္တယ္ အလိမ္ အေခါက္ ေကာင္းတယ္ ဆုိတာ ခင္ဗ်ားတုိ႔ သိမွာပါ ။ ဒါေပမယ့္ ေရာ္ဘီကိန္း က်ေတာ့ သူ႔စိတ္ထဲ မွာ ဘာရွိေနလဲ ဘာလုပ္မလဲ ဆိုတာ မွန္းလုိ႔ မရပါဘူး ။ က်ြန္ေတာ့္ အသင္းေဖာ္ေတြကုိလည္း ေမးၾကည့္ပါတယ္ ။ သူတု႔ိ႔ကလည္း ေရာ္ဘီကိန္းက ထိန္းခ်ဳပ္ဖုိ႔ ခက္ခဲတဲ့ ကစားသမား တစ္ဦးလုိ႔ ေျပာပါတယ္ ။ ” လုိ႔ ေျပာၾကား ခဲ့တာပါ ။

Unicode

အွန်နရီ ထက် ရင်ဆိုင်ရ ခက်ခဲတဲ့ တိုက်စစ်မှူး တစ်ဦး အကြောင်း ပြောပြလိုက်တဲ့ အဲဗာတန် နောက်ခံလူဟောင်း ယိုဘို
==========================

အဲဗာတန် အသင်း နောက်ခံလူဟောင်း ယိုဘို ဟာ သူ့အတွက် ရင်ဆိုင်ရ ခက်ခဲတဲ့ တိုက်စစ်မှူ းဟာ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူ း သီယာရီ အွန်နရီ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ် ။ အွန်နရီဟာ အာဆင်နယ် အသင်း ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား တစ်ဦး ဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း ပြည်ပ ကစားသမားတွေ ထဲမှာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်နေတာပါ ။

အွန်နရီ ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံစုစုပေါင်း သွင်းဂိုး ၂၂၈ ဂိုးအထိ သွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် မှာလည်း သွင်းဂိုး ၁၇၅ ဂိုး သွင်းယူ ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် ငါးယောက်မြောက် သွင်းဂိုး အများဆုံး ကစား သမား တစ်ဦးပါ ။

အဲဗာတန် အသင်း နောက်ခံလူ ယိုဘို က အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူ း အွန်နရီ ထက် တော့တင်ဟမ်း အသင်း နဲ့ လီဗာပူး အသင်း တိုက်စစ်မှူ းဟောင်း ရော်ဘီကိန်း က ပို ရင်ဆိုင်ရ ခက်ခဲကြောင်း ပြောကြား သွားခဲ့တာပါ ။ အဆိုပါ အိုင်ယာလန် တိုက်စစ်မှူ း ရော်ဘီကိန်း ဟာ စပါး ၊ လီဗာပူး ၊ လိဒ်ယူနိုက်တက် ၊ အက်စတွန်ဗီလာ ၊ ဝက်စ်ဟမ်း အသင်းတွေမှာ ကစား ခဲ့ဖူး သူတစ်ဦး ဖြစ်ပါတယ် ။

ရော်ဘီကိန်း ဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၄၉ ပွဲ ကစားကာ သွင်းဂိုး ၁၂၆ ဂိုး သွင်းယူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ အဲဗာတန် အသင်း နောက်ခံလူဟောင်း ယိုဘို ဟာ ပရီးမီးယားလိဂ် ကို အသက် ၁၆ နှစ် အရွယ်မှာ စတင် ရောက်ရှိ လာတာ ဖြစ်ပြီး ရော်ဘီကိန်း ရဲ့ ရွေ့လျားပုံ တွေဟာ သီယာရီ အွန်နရီ ထက်် ထိန်းချုပ်ရ ခက်ခဲကြောင်း ပြောကြား ခဲ့တာပါ ။

အွန်နရီ ရဲ့ အကောင်းဆုံး အချိန် ဖြစ်တဲ့ ၂၀၀၂ ခုနှစ်လောက်မှာ ယိုဘို ဟာ အဲဗာတန် အသင်းကို မာဆေးလ် အသင်းကနေ ရောက်ရှိလာတာ ဖြစ်ပြီး အွန်နရီ နဲ့ မကြာခဏ ထိပ်တိုက် ရင်ဆိုင် ဖူးပါတယ် ။ ဒါပေမယ့် လည်း ယိုဘို ဟာ စပါး အသင်းတိုက်စစ်မှူ းဟောင်း ရော်ဘီကိန်းကသာ သူ့အတွက် အခက်ခဲဆုံး တိုက်စစ်မှူ း ဖြစ်ကြောင်း ပြောကြား ခဲ့တာပါ ။

ယိုဘို က ” ကျွန်တော် သူ( ရော်ဘီကိန်း ) နဲ့ ပွဲအနည်းငယ် ရင်ဆိုင် ကစားဖူး ပါတယ် ။ အဲ့တုန်းကတော့ ကျွန်တော် က အတွေ့အကြုံ မရှိသေးပါဘူး ။ အဆင်သင့် လည်း မဖြစ်သေးပါဘူး ။ သူက အရမ်း ပါးနပ်တဲ့ ကစားသမား တစ်ဦးပါ ။ သူ့ကို လူ လိုက်ကပ်ဖို့ မလွယ်တဲ့ ကစားသမားပါ ။ နေရာလွတ်တွေ ဘယ်လို ရှာရမလဲ ၊ ဘောလုံး ဘယ်လို ယူူရမလဲ ၊ ဘယ်လို ဂိုးသွင်းရမလဲ ဆိုတာ သေချာ သိပါတယ် ။ ”

” သူက ကျွန်တော် ထိပ်တိုက် ကစားဖူးတဲ့ တိုက်စစ်မှူ း တွေထဲမှာ အတော်ဆုံး တိုက်စစ်မှူ း တစ်ဦးပါ ။ အွန်နရီ နဲ့ တခြား ကစားသမား တွေက မြန်တယ် အလိမ် အခေါက် ကောင်းတယ် ဆိုတာ ခင်ဗျားတို့ သိမှာပါ ။ ဒါပေမယ့် ရော်ဘီကိန်း ကျတော့ သူ့စိတ်ထဲ မှာ ဘာရှိနေလဲ ဘာလုပ်မလဲ ဆိုတာ မှန်းလို့ မရပါဘူး ။ ကျွန်တော့် အသင်းဖော်တွေကိုလည်း မေးကြည့်ပါတယ် ။ သူတို့့ကလည်း ရော်ဘီကိန်းက ထိန်းချုပ်ဖို့ ခက်ခဲတဲ့ ကစားသမား တစ်ဦးလို့ ပြောပါတယ် ။ ” လို့ ပြောကြား ခဲ့တာပါ ။