Chelsea

* ပြင်သစ် ကလပ် မိုနာကို အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ တီမို ဘာကာယိုကို ကို တရာသီ အငှား နဲ့ ခေါ်ယူ နိုင်ဖို့ ပြန်ပြီး ကြိုးစား နေတယ် လို့ ပြင်သစ် သတင်း L’Equipe ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။ ဘာကာယိုကို ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်း တသင်း သို့ ပြောင်းရွှေ့ လိုနေပြီး တူရကီ ကလပ် ဂါလာတာစာရေး ဟာလည်း ၄င်းကို ခေါ်ယူ နိုင်ဖို့ ကြိုးစား နေဆဲ ဖြစ်ပါတယ် ။

* တော့တင်ဟမ် အသင်း ရဲ့ ကွင်းလယ်လူ ဟောင်း ဂျာမိန်း ဂျီးနပ်စ် က သူ့ အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ကွင်းလယ်လူ ရော့စ် ဘာကလေ ရဲ့ ခြေစွမ်း အပေါ် ကြိုက်နှစ်သက် မိပြီး ဒုတိယပိုင်း မှာ သူ့ကို ဘာကြောင့် ဖရန့် လမ်းပတ် က လူစားလဲလိုက်လဲ ဆိုတာ အံ့အား သင့်မိကြောင်း BBC Match of the Day အစီအစဉ် မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* လီဗာပူး မန်နေဂျာ ဟောင်း ဂရေမီ ဆောင်းနက်စ် က ပြီးခဲ့တဲ့ ယူနိုက်တက် ၄ – ၀ ချယ်လ်ဆီး ပွဲစဉ် အပြီးမှာ ချယ်လ်ဆီး အသင်း ရဲ့ အသင်း ခေါင်းဆောင် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ရဲ့ ကစားပုံ တွေကို ဝေဖန် ပြောဆို ခဲ့ပြီး ဒုတိယပိုင်း ရဲ့ သွင်းဂိုး တွေနဲ့ ပတ်သက်ပြီး အက်ဇ်ပီလီကွီတာ မှာ တာဝန် အပြည့် ရှိနေတယ် လို့ Sky Sports မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

Chelsea

* ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား ဝီလီယံ ဟာ မနက်ဖြန် ညမှာ ကစားမယ့် လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ပွဲစဉ် မှာ ဒီရာသီ ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ပါဝင် ကစား ပေးနိုင်တယ် လို့ The Sun ရဲ့ ဖော်ပြ သုံးသပ်ချက် တခု အရ သိရပါတယ် ။ ဝီလီယံ ဟာ ဒီရာသီ ချယ်လ်ဆီး အသင်း ရဲ့ ရာသီကြို ခရီးစဉ် တွေမှာ ပါဝင် ပူးပေါင်း ခဲ့ခြင်း မရှိခဲ့သလို ၊ ကိုပါ အမေရိက ကြောင့် ချယ်လ်ဆီး အသင်း သို့ ရောက်ရှိ လာတာလည်း နောက်ကျ နေခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း နောက်ခံလူ အီမာဆင် က မန်ချက်စတာ ယူနိုက်တက် နဲ့ အဖွင့် ပွဲစဉ် မှာ ယူနိုက်တက် တို့ရဲ့ တန်ပြန် တိုက်စစ် ကို ထိန်းချုပ် ရ ခက်ခဲမှန်း သိပေမယ့် ၄င်းတို့ရဲ့ ခံစစ်ပိုင်း အာရုံစိုက်မှု နည်းပါး ခဲ့ကြောင်း ၊ သို့ပေမယ့် လည်း ပထမပိုင်း အတွင်း မှာ တိုင်၂ကြိမ် မထိ ခဲ့ပါက ၄င်းတို့ အနေနဲ့ ဂိုး ရနိုင်ကြောင်း ESPN Brazil နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ဖွင့်ဟ ပြောဆို ခဲ့ပါတယ် ။

* ဗွီတက်ဆီ အသင်း နည်းပြ လီယိုနာ့ဒ် ဆလပ်စကီး က အငှား တရာသီ ကစား နေတဲ့ ချယ်လ်ဆီး အသင်း ရဲ့ ဘယ်လ်ဂျီယမ် လူငယ် တောင်ပံ တိုက်စစ် ကစားသမား ချာလီ မူဆွန်ဒါ နဲ့ ရီးရဲလ် မက်ဒရစ် လူငယ် တောင်ပံ ကစားသမား မာတင် အိုဒီဂတ် တို့ဟာ အနာဂတ် မှာ အလားအလာ တောက်ပ နိုင်တဲ့ လူငယ် ခြေတက် တောင်ပံ ကစားသမား တွေ ဖြစ်ကြတယ် လို့ နယ်သာလန် သတင်း De Telegraaf နဲ့ အင်တာဗျူး မှာ ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။

* ခရစ်စတယ် ပဲလေ့စ် ၊ အဲဗာတန် နည်းပြဟောင်း ဆမ် အလာဒိုက်စ် က ယူနိုက်တက် ကို ၄ဂိုးပြတ် နဲ့ ရှုံးနိမ့် ခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ ခြေစွမ်း အပေါ် အပြစ်တင် ရှုံ့ချ သွားခဲ့ပြီး ချယ်လ်ဆီး အသင်း ဟာ ကစားကွက် လှပ ခဲ့သည့်တိုင် ယူနိုက်တက် ဖက်ကို အဆုံးသတ် သေချာ တဲ့ ဂိုး ကို မသွင်းနိုင်ခဲ့တာကြောင့် ဘယ်လို အလုပ်မဖြစ်ဘူး လို့ Talksports ရဲ့ အစီအစဉ် တခု မှာ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ညာနောက်ခံလူ ရိစ်ဂျိမ်းစ် က သူ့ အနေနဲ့ ဒဏ်ရာ ကနေ အပြီးသတ် ပြန်လည် ကောင်းမွန် လာပါက ချယ်လ်ဆီး အသင်း မှာ နေရာ ရဖို့ အတွက် အပြင်းအထန် တိုက်ပွဲဝင် သွားမှာ ဖြစ်ကြောင်း ၊ ယခု လက်ရှိ ချယ်လ်ဆီး အသင်း မှာတော့ အရင်ကထက် လူငယ် ကစားသမား တွေ အခွင့်အရေး ပိုရလာတဲ့ အတွက် သူလည်း ကြိုးစား သွားမှာ ဖြစ်ကြောင်း The Independent နဲ့ အင်တာဗျူး မှာ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

* လီဗာပူး အသင်း နည်းပြ ယာဂင် ကလော့ပ် က ၄င်းတို့ နဲ့ ဥရောပ စူပါဖလား မှာ ထိပ်တိုက် ရင်ဆိုင် ရမယ့် ချယ်လ်ဆီး အသင်း ဟာ အီဒင် ဟာဇတ် မရှိတော့ပေမယ့် အသွင်သစ် နဲ့ အသင်း တသင်း ဖြစ်လာကြောင်း ၊ လူငယ် ကစားသမားကောင်း တွေနဲ့ စုစည်း ထားတာကြောင့် ပြိုင်ဖက်ကောင်း တသင်း ဖြစ်တယ် လို့ UEFA တီဗွီ နဲ့ အင်တာဗျူး မှာ ဆိုခဲ့ပါတယ် ။

* ချယ်လ်ဆီး ယူ၂၃ အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဒါဘီ ယူ၂၃ အသင်း နဲ့ ပရီးမီးယားလိဂ် အရန်အသင်း ပွဲစဉ် မှာ တဂိုး ဂိုးမရှိ နဲ့ အနိုင် ရရှိ သွားခဲ့တယ် လို့ သိရပါတယ် ။ ချယ်လ်ဆီး လူငယ် အသင်း အတွက် တလုံးတည်းသော အနိုင်ဂိုး ကို လာဗီနီယာ က ၈၅ မိနစ် မှာ သွင်းယူ ပေးခဲ့ပါတယ် ။

SPORTS MYANMAR