ဂါနာ လက်ရွေးစင် ဘောလုံး အသင်းရဲ့ နည်းပြ စီကေ အကွန်နော် က သောမက်စ် ပါတေး အနေနဲ့ အာဆင်နယ် အသင်းကို မပြောင်းဘဲ အက်သလက်တီကို မက်ဒရစ် အသင်းမှာပဲ ဆက်နေ သင့်ကြောင်း တိုက်တွန်း အကြံဉာဏ်ပေးလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူသောမက်စ် ပါတေး ကို ခေါ်ယူဖို့ ချိတ်ဆက် ခဲ့ဖူးပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူကတော့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၄၃.၅ သန်း ရှိတယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

အရပ် ၆ ပေ ရှိပြီး ခံစစ်ကို ကောင်း​ကောင်း ကာဗာပေးနိုင်တဲ့ ဂါနာ လက်ရွေးစင် ကွင်းလယ်လူ သောမက်စ် ပါတေး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်း အပြင် စီရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်း ကလည်း စိတ်ဝင်စား နေကြပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ အခြား အသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူဖို့တော့ လိုအပ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ အပြောင်းအရွှေ့မှာ ငွေကြေး အမြောက်အများ သုံးစွဲဖို့ အခက်အခဲ ရှိနေပြီး ပါတေး ကို ခေါ်ယူ ဖို့ရာ ဂွမ်ဒူဇီ ၊ လာကာဇက် ၊ တော်ရီးယား တို့ကို ရောင်းထုတ်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

သောမက်စ် ပါတေး ရဲ့နိုင်ငံ လက်ရွေးစင် နည်းပြ အကွန်နော် က Starr FM နဲ့ အင်တာဗျူးမှာ ” အရိုးသားဆုံး ပြောရရင် ကျွန်တော်ကတေ့ာ ပါတေးကို အာဆင်နယ် အသင်းဆီ မပြောင်းစေချင်ပါဘူး ။ အက်သလက်တီကိုမှာဆို သူ ချန်ပီယံလိဂ် အမြဲ ကစားခွင့် ရနေတာပါ ။ ”

” နောက်ပြီး အက်သလက်တီကို မှာက သူ့အတွက် ပွဲထွက်ခွင့် အတွက် အာမခံချက် ရှိပါတယ် ၊ အမြဲတမ်း ကစားခွင့် ရမှာပါ ။ အာဆင်နယ် မှာ ဆိုရင် ဒီလို ကစားရဖို့ မသေချာပါဘူး ၊ အာဆင်နယ် ဆီ မပြောင်းဖို့ ပြောလို့ ပရိသတ်တွေကတော့ ကျနော့်ကို သတ်ချင်နေကြမှာပါပဲ ။ ”

” အာဆင်နယ် က ပါတေး ကို ခေါ်ဖို့ငွေရေးကြေးရေး ပြဿနာ ရှိနေတယ်လို့ မြင်မိပါတယ် ။ ဒါပေမယ့် ပါတေး တောင်းသလောက် လစာကို အက်သလက်တီကို မက်ဒရစ် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပါတေး ဟာ အက်သလက်တီကို မက်ဒရစ် အသင်း အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားပြီး ၄ ဂိုးသွင်း ၁ ဂိုး ဖန်တီး ပေးထားပါတယ် ။

SPORTS MYANMAR