ပေါလ်​​ပေါ့ဘာဟာ ပြီးခဲ့တဲ့ တနင်္ဂ​နွေ​နေ့က ချဲလ်​ဆီး အသင်းကို အိုးထရပ်​ဖို့ဒ်​မှာ ၄-၀ နဲ့ အနိုင်​ရရှိခဲ့တဲ့ ပွဲမှာ မားကပ်​ရပ်​ဖို့ဒ်​ ၊ ဒန်​နီရယ်​ဂျိမ်းစ်​ တို့ရဲ့ သွင်းဂိုး​တွေ အတွက်​ ဂိုးဖန်​တီးမှု ပြုလုပ်​ ​ပေးခဲ့​ပေမယ့်​လည်း ​ပေါလ်​မာဆွန်​က​တော့ မန်​ချက်​စတာယူနိုက်​တက်​ ကွင်းလယ်​လူ ရဲ့ ​ခြေစွမ်းကို ​ဝေဖန်​သွား ခဲ့ပါတယ်​။ ယူနိုက်​တက်​ ဟာ ၎င်းတို့ရဲ့ ၂၀၁၉-၂၀ ​ဘောလုံးရာသီ အဖွင့်​မှာ​တော့ Top 6 ပြိုင်​ဘက်​ ချဲလ်​ဆီးနဲ့ ပွဲကျပ်​ ကစားခဲ့ရ​ပေမယ့်​ အိမ်​ကွင်းမှာ ဂိုးပြတ်​နိုင်​ပွဲနဲ့ အတူ အဖွင့်​လှပခဲ့ ပါတယ်​။

ဒါ​ပေမယ့်​ ချဲလ်​ဆီးအသင်းဟာ ပွဲချိန်​ မိနစ်​ ​ခြောက်​ဆယ်​​လောက်​ အထိ ပွဲကို ထိန်းချုပ်​ ကစား နိုင်​ခဲ့ကာ အခွင့်​အ​ရေး ​ကောင်း​တွေ အများကြီး ရရှိခဲ့ပြီး ကံမ​ကောင်းစွာနဲ့ ဂိုးမရ ခဲ့ပါဘူး။ ဒါ့အပြင်​ ​ပေါ့ဘာ ဦး​ဆောင်​တဲ့ ယူနိုက်​တက်​ရဲ့ ကွင်းလယ်​ဟာ ဆိုရင်​လည်း ပြိုင်​ဘက်​ ကွင်းလယ်​ကို မလွှမ်းမိုး နိုင်​ခဲ့ဘဲ အိမ်​ရှင်​အသင်းဟာ တန်​ပြန်​တိုက်​စစ်​ အတွက်​သာ အဓိက ထားကစား ခဲ့ရပါတယ်​။ မာဆွန်​ က​တော့ ပွဲရဲ့ အနိုင်​ အရှုံး မသဲကွဲမီမှာ ​ပေါ့ဘာ အ​နေနဲ့ ပွဲ​အ​ပေါ် ဒီထက်​ လွှမ်းမိုးမှု ကြီးမား​အောင်​ လုပ်​နိုင်​ ခဲ့သင့်​တယ်​လို့ ဆိုသွားပါတယ်​။

Pogba

မာဆွန်​ က “ဒီပွဲပြီး​နောက်​ လူတိုင်း လူတိုင်းဟာ ​ပေါ့ဘာနဲ့ ပက်​သက်​ပြီး အလွန်​အကျွံ ချီးကျူး ​နေကြပါတယ်​။ ကျွန်​​တော်​ ဘယ်​ပွဲကို ကြည့်​ခဲ့မိသလဲ ဆိုတာ​တောင်​ မသိ​တော့ ပါဘူး။ ​ပေါ့ဘာဟာ အဆိုပါ ပွဲရဲ့ ပထမ မိနစ်​ ၆၀ ဒါမှမဟုတ်​ အဲဒီအချိန်​ မတိုင်​မီ​လေးထိ​ ​ပေါ့​ဗျာ..သူရဲ့ ပါဝင်​ ပက်​သက်​မှုကို ကျွန်​​တော်​ မှတ်​​တောင်​ မမှတ်​မိပါဘူး။ သူဟာ ပွဲကို မထိန်းချုပ်​ နိုင်​ခဲ့ပါဘူး။

သူတို့ ၂-၀ နဲ့ ဦး​ဆောင်​ သွားနိုင်​ချိန်​ မှာ​တော့ ယူနိုက်​တက်​ဟာ `Harlem Globetrotters’ လို ဖြစ်​သွား ခဲ့ပြီး အားလုံးဟာ အကွက်​​တွေ ပြ​နေကြပါတယ်​။ ချဲလ်​ဆီး က​တော့ အရှုံး​ပေး သွားပါပြီ။ ကျွန်​​တော်​က​တော့ ​ပေါ့ဘာရဲ့ ကစားပုံဟာ အရမ်းကို ​ကောင်းခဲ့တယ်​လို့ မထင်​မိ ပါဘူး။ သူဟာ ​လွဲ​ချော်​တာ​တွေ ရှိခဲ့သလို ​ဘောလုံး ဆုံးရှုံးမှု အချို့လည်း ရှိခဲ့ပါတယ်​။

ဒါ​ပေမယ့်​ ​ဒေး​ဗစ်​ပလက်​ ကျွန်​​တော့်​ကို နှစ်​​ပေါင်းများစွာ ​ပြောလာ ခဲ့သလိုပဲ လူ​တွေဟာ ​ဘောလုံး ပွဲတစ်​ပွဲရဲ့ ပထမ ၂၅ မိနစ်​​လောက်​ ကို မမှတ်​မိကြဘဲ သူတို့ဟာ အဆုံးကိုပဲ မှတ်​မိကြတယ်​ လို့ပါ။ ​ပေါ့ဘာဟာ သူ့ limit ​လောက်​ပဲ ကစား ​နေတယ်​လို့ ကျွန်​​တော်​ ထင်​ပါတယ်​။ သူ့ရဲ့ ကစားပုံကို ကြည့်​ပြီး `လုပ်​စမ်းပါ။ မင်း ဒီထက်​ အများကြီး လုပ်​ပြ နိုင်​တာပဲ။ မင်းဟာ ပွဲတစ်​ပွဲကို လွှမ်းမိုး ပစ်​နိုင်​တာပဲ´ လို့​ အမြဲ ​တွေးမိပါတယ်​။ သူဟာ ကစားသမား​ကောင်း ၊ ထိပ်​တန်း ကစားသမား ၊ ကမ္ဘာ့ဖလား ဆုရှင်​ တစ်​ဦးပါ။

ကျွန်​တော့်​အတွက်​ က​တော့ ​ပေါ့ဘာဟာ အနည်းငယ်​ လိုအပ်​ချက်​ ရှိ​နေ​သေးတာကို အမြဲ ​တွေ့​နေရပါတယ်​။ သူဟာ အမြဲတမ်း ​ပေါ့​ပေါ့ပါးပါး ၊ ​အေးတိ​အေးစက်​ ကစား​လေ့ ရှိပြီး ဘာကိုမှ ပူပင်​မှု မရှိပါဘူး။ အကယ်​၍ သူ ဒါ​တွေကို စွန့်​လွှတ်​ပြီး ကမ္ဘာ့ဖလား တုန်းက ပုံစံမျိုး ဆက်​ကစား သွားဖို့ပဲ လိုပါတယ်​။ ကျွန်​​တော်​ က​တော့ သူ့ဆီက ဒီထက်​ အများကြီး လာဖို့ ရှိ​နေ​သေးတယ်​လို့ ယူဆ ​နေပါတယ်​။ သူဟာ ကျွန်​​တော်​တို့ ကမ္ဘာ့ဖလား တုန်းက မြင်​​တွေ့ ခဲ့ရတဲ့ ​ပေါ့ဘာရဲ့ အဆင့်​နဲ့ အ​ဝေးမှာပဲ ရှိ​နေပါ​သေးတယ်​။” လို့ ဆိုလိုက်​ပါတယ်​။

SM