ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်မှာတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကိုပင်ဟေဂင် အသင်းကို ဖြတ်ကျော် နိုင်ခဲ့ သလို ဆီဗီးလား အသင်း ကလည်း ဝုလ်ဗ် အသင်း ကို ကျော်ဖြတ် နိုုင်ခဲ့တဲ့ အတွက် သူတို့ နှစ်သင်းဟာ ဒီနေ့ည ဆီမီး ဖိုင်နယ် အဆင့်မှာ တွေ့ဆုံ ရပါ တော့မယ် ။

ဒီပွဲစဉ်မှာ အနိုင် ရရှိတဲ့ အသင်း ကတော့ အင်တာ မီလန် Vs ရှက်တာ ဒိုးနက်စ် အသင်းမှ အနိုင် ရရှိတဲ့ အသင်း နဲ့ ဖိုင်နယ် ပွဲစဉ်ကို ကစား ရမှာပဲ ဖြစ်ပါတယ် ။ လက်ရှိ အနေအထား အရတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ အင်တာ မီလန် အသင်း တို့ဟာ ယူရိုပါလိဂ် ဖိုင်နယ် အဆင့်မှာ ဆုံတွေ့ ကြဖို့ ရေပန်းစား နေခဲ့ကြ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ ဆီဗီးလား အသင်း ရဲ့ နည်းပြ ဖြစ်သူ ဂျူလီယန် လိုပတ်တီဂွီ က ဒါဟာ ပြီးခဲ့တဲ့ နှစ်တွေ တုန်းက နဲ့ ယှဉ်ရင် အကောင်းဆုံး မန်ချက်စတာ ယူနိုက်တက် အသင်း တစ်သင်း ဖြစ်ကြောင်း ပြိုင်ဖက် အသင်းရဲ့ တိုးတက် လာမှုကို အသိအမှတ်ပြု ချီးကျူး သွားခဲ့လိုက် ပါတယ် ။

” လွန်ခဲ့တဲ့ နှစ် အနည်းငယ် တုန်းကနဲ့ ယှဉ်မယ် ဆိုရင် ဒါဟာ အကောင်းဆုံး မန်ချက်စတာ ယူနိုက်တက် အသင်းပဲလို့ ဆိုရပါ့မယ် ။ သူတို့တွေ ဆီမှာ ထိပ်တန်း အရည်အသွေး ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ ကစားသမား များစွာ ရှိနေ ကြပြီး အဲ့ဒီ ကစား သမား တွေက ရလဒ်ကောင်း တွေကို ရယူ ပေးနိုင် ခဲ့ကြ ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက်လို့ ပြောလိုက်တာ နဲ့ သူတို့ တွေဟာ ဘယ်သူလဲ ဆိုတာ လူတွေ သိရှိကြ ပါတယ် ။ ကလပ် အသင်း တစ်သင်း အနေ နဲ့ပဲ ဖြစ်ဖြစ် ၊ ကစားသမား ကောင်းတွေ ပိုင်ဆိုင် ထားမှု အနေအထား အရပဲ ဖြစ်ဖြစ် မန်ချက်စတာ ယူနိုက်တက်လို ခမ်းနားတဲ့ အသင်းမျိုးဟာ ကမ႓ာ ပေါ်မှာ အနည်းငယ် မျှသာ ရှိပါတယ် ”

” သူဟာ တွေဟာ အင်အား တောင့်တင်းတဲ့ ထိပ်တန်း အဆင့် အသင်း တစ်သင်း ပါပဲ ။ အခု ကျွန်တော်တို့ဟာ ယူရို ပါလိဂ် ဆီမီး ဖိုင်နယ် အဆင့် ပွဲစဉ်ကို ကစားကြ ရမှာပါ ။ ကျွန်တော်တို့ အတွက် တစ်ခုတည်းသော စိုးရိမ်စရာ ကတော့ ရည်မှန်းချက် ၊ စိတ်လှုပ်ရှားမှု တွေနဲ့ အတူ ပြိုင်ဖက် အသင်းကောင်း တစ်သင်းကို ရင်ဆိုင် အနိုင်ယူရေး ပါပဲ ” လို့ လိုပတ်တီဂွီ က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပထမဆုံး ဆုဖလားကို ရယူ ဆွတ်ခူးဖို့ ရည်မှန်းချက် ထားရှိ နေတဲ့ အတွက် ဒီအဆင့်မှာ နိုင်ပွဲ ရရှိနိုင်ဖို့ အကောင်းဆုံး ပွဲထွက် ကစားသမား စာရင်းကို အသုံးပြု သွားဖွယ် ရှိနေ ပါတယ် ။ လက်ရှိ ယူနိုက်တက် အသင်းမှာ လုခ်ရှော ၊ တွမ်ဇီဘီ နဲ့ ဖီးလ် ဂျုံးစ် တို့သာ ဒဏ်ရာ ရရှိ နေခဲ့ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ယူရိုပါလိဂ် ဖလားကို 5 ကြိမ် တိုင်တိုင် ရယူ ဆွတ်ခူး ထားနိုင်ခဲ့တဲ့ ဆီဗီးလား အသင်း ဟာလည်း နည်းပြ လိုပတ်တီဂွီရဲ့ ဦးဆောင်မှု အောက်မှာ ဒီဖလားကို နောက် တစ်ကြိမ် ရယူ ဆွတ်ခူး နိုင်ဖို့ အားခဲနေပါတယ် ။ ဆီဗီးလား အသင်းဖက် မှာတော့ ဂူဒယ်လ် နဲ့ ကော်ချီယာ တို့သာ ဒဏ်ရာ ပြသနာ ကြံုတွေ့ နေခဲ့ ပါတယ် ။ ဒါ့ကြောင့် ဆီဗီးလား ဟာလည်း ယူနိုက်တက် နည်းတူ တောင့်တင်းတဲ့ ကစားသမား စာရင်းကို အသုံးပြုခွင့် ပိုင်ဆိုင် နေတယ်လို့ ဆိုရ ပါ့မယ် ။

#Sports_Myanmar